【 နည်းပညာ 】မတော်တဆဖော်ပြမိခဲ့တဲ့ Samsung စမတ်ဖုန်းသစ်

【  နည်းပညာ 】မတော်တဆဖော်ပြမိခဲ့တဲ့ Samsung စမတ်ဖုန်းသစ်

ကိုရီးယားနည်းပညာကုမ္ပဏီကြီး Samsung မှ ၎င်းရဲ့ကိုယ်ပိုင်ဝဘ်ဆိုက်မှာ မကြေညာရသေးတဲ့ စမတ်ဖုန်းသစ်ပုံကို မတော်တဆဖော်ပြမိခဲ့ပါတယ်။

Samsung ရဲ့ တရားဝင် ရုရှားဝဘ်ဆိုက်မှာ Galaxy Note 20 Ultra ရဲ့ ပုံကို ဖော်ပြမိခဲ့တာ လည်း ဖြစ်ပါတယ်။

Samsung ဖော်ပြမိခဲ့တဲ့ Galaxy Note 20 Ultra ပုံမှာတော့‌ ကြေးနီရောင်သန်းနေတဲ့ အသွင်သစ် အရောင်သစ် စမတ်ဖုန်းကို မြင်တွေ့ရပါတယ်။မှားယွင်းတင်မိခဲ့တဲ့ ပုံရိပ်တွေအရ နောက်ဘက် ကင်မရာသုံးလုံး တပ်ဆင်ထားတာမြင်တွေ့ရပြီး၊ ကင်မရာဘောင်တွေ ပိုထူလာတာလည်း မြင်တွေ့ရပါတယ်။

ပေါက်ကြားလာခဲ့တဲ့ Galaxy Note 20 Ultra စမတ်ဖုန်းပုံရိပ်တွေဟာ Samsung ရဲ့ Galaxy Note 8 အတွက် ရုရှားဝဘ်ဆိုက်မှာ "Discover the next generation Note" လင့်ခ်ထဲမှာ Galaxy Note 10 series စမတ်ဖုန်းတွေနဲ့အတူ မှားယွင်းတင်ထားမိခဲ့တာလည်း ဖြစ်ပါတယ်။ ထိုမှတဆင့် Ishan Agarwal ဆိုသူက Twitter မှာ ဖြန့်ဝေခဲ့ပြီး၊ ပျံ့နှံ့သွားခဲ့တာပါ။

Samsung ရဲ့ Galaxy Note 20 series ကိုတော့ ဩဂုတ်လမှာ မိတ်ဆက်သွားမယ်လို့ သိရပါ တယ်။

Damien

(  Zawgyi  )

 ကိုရီးယားနည္းပညာကုမၸဏီႀကီး Samsung မွ ၎ရဲ႕ကိုယ္ပိုင္ဝဘ္ဆိုက္မွာ မေၾကညာရေသးတဲ့ စမတ္ဖုန္းသစ္ပုံကို မေတာ္တဆေဖာ္ျပမိခဲ့ပါတယ္။

Samsung ရဲ႕ တရားဝင္ ႐ုရွားဝဘ္ဆိုက္မွာ Galaxy Note 20 Ultra ရဲ႕ ပုံကို ေဖာ္ျပမိခဲ့တာ လည္း ျဖစ္ပါတယ္။

Samsung ေဖာ္ျပမိခဲ့တဲ့ Galaxy Note 20 Ultra ပုံမွာေတာ့‌ ေၾကးနီေရာင္သန္းေနတဲ့ အသြင္သစ္ အေရာင္သစ္ စမတ္ဖုန္းကို ျမင္ေတြ႕ရပါတယ္။မွားယြင္းတင္မိခဲ့တဲ့ ပုံရိပ္ေတြအရ ေနာက္ဘက္ ကင္မရာသုံးလုံး တပ္ဆင္ထားတာျမင္ေတြ႕ ရၿပီး၊ ကင္မရာေဘာင္ေတြ ပိုထူလာတာလည္း ျမင္ေတြ႕ရပါတယ္။

ေပါက္ၾကားလာခဲ့တဲ့ Galaxy Note 20 Ultra စမတ္ဖုန္းပုံရိပ္ေတြဟာ Samsung ရဲ႕ Galaxy Note 8 အတြက္ ႐ုရွားဝဘ္ဆိုက္မွာ "Discover the next generation Note" လင့္ခ္ထဲမွာ Galaxy Note 10 series စမတ္ဖုန္းေတြနဲ႔အတူ မွားယြင္းတင္ထားမိခဲ့တာလည္း ျဖစ္ပါတယ္။ ထိုမွတဆင့္ Ishan Agarwal ဆိုသူက Twitter မွာ ျဖန႔္ေဝခဲ့ၿပီး၊ ပ်ံ႕ႏွံ႔သြားခဲ့တာပါ။

Samsung ရဲ႕ Galaxy Note 20 series ကိုေတာ့ ဩဂုတ္လမွာ မိတ္ဆက္သြားမယ္လို႔ သိရပါ တယ္။

Damien