【 နည်းပညာ 】ပို့စ်အဟောင်းတွေကို ဖြန့်ဝေပါက သတိပေးတော့မယ့် facebook

【  နည်းပညာ  】ပို့စ်အဟောင်းတွေကို ဖြန့်ဝေပါက သတိပေးတော့မယ့် facebook

ကမ္ဘာကျော် လူမှုကွန်ယက်ကုမ္ပဏီကြီး ဖေ့စ်ဘုတ်ကတော့ နည်းပညာသစ်တစ်ခုကို ထပ်တိုး ထည့်သွင်း လိုက်ပြီလို့ ကြေညာခဲ့ပါတယ်။

ဖေ့စ်ဘုတ် ထပ်တိုးလိုက်တဲ့ နည်းပညာသစ်ကတော့ သုံးစွဲသူအနေနဲ့ ပို့စ်အဟောင်းတွေဖြန့်ဝေရင် သတိပေးသွားမယ့် ပုံစံမျိုးဖြစ်ပါတယ်။

ဖေ့စ်ဘုတ်အ‌နေနဲ့ သတင်းအမှားတွေ၊ အမုန်းစကားဖြန့်ဝေတာတွေကို ပိုမိုထိန်းချုပ် သွားတော့ မယ့် ပုံစံပါပဲ။‌လတ်တလော ဖေ့စ်ဘုတ်ပေါ်မှာလည်း တချို့သော အကြောင်းအရာဟောင်းတွေ က၊ ပို့စ်အဟောင်းတွေကို ဖြန့်ဝေပြီး ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်‌နေတာကို မြင်တွေ့ ရပါတယ်။ဒီအတွက် ဖေ့စ်ဘုတ်က သတိပေးသွားမယ့် နည်းပညာသစ်ကို ထပ်တိုးထည့်သွင်း သွားတာ ဖြစ်နိုင်ပါတယ်။

အကယ်၍ သုံးစွဲသူအနေနဲ့ လွန်ခဲ့တဲ့သုံးလခန့်က ပို့စ်တစ်ခု၊ သတင်းအကြောင်းအရာတစ်ခုကို ဖြန့်ဝေတော့မယ်ဆိုရင် ဖေ့စ်ဘုတ်မှ ဒီသတင်းအကြောင်းအရာဟာ သုံးလအကြာကပါ၊ ဆက်လက်ဖြန့်ဝေမလား မဖြန့်ဝေဘူးလားဆိုပြီး သတိပေးချက်ပေးပို့လာမှာ ဖြစ်ပါတယ်။ တစ်နှစ်အကြာက အကြောင်းအရာဆိုရင်လည်း သတိပေးချက်ပေးပို့သွားမှာဖြစ်ပါတယ်။

ဒီလို အကြောင်းအရာဟောင်းတွေကို သတိပေးချက်နည်းပညာ ထည့်သွင်းတာ ဖေ့စ်ဘုတ်က ပထမဆုံးမဟုတ်ပါဘူး။ The Guardian သတင်းဌာနမှလည်း အဆိုပါနည်းပညာကို အသုံးပြု ဖူးပြီး၊ သတင်းအဟောင်းတွေကို လူမှုကွန်ယက်ပေါ် ဖြန့်ဝေမယ်ဆိုပါက သတိပေးသွားမှာ ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 ကမာၻေက်ာ္ လူမႈကြန္ယက္ကုမၸဏီႀကီး ေဖ့စ္ဘုတ္ကေတာ့ နည္းပညာသစ္တစ္ခုကို ထပ္တိုး ထည့္သြင္း လိုက္ၿပီလို႔ ေၾကညာခဲ့ပါတယ္။

ေဖ့စ္ဘုတ္ ထပ္တိုးလိုက္တဲ့ နည္းပညာသစ္ကေတာ့ သုံးစြဲသူအေနနဲ႔ ပို႔စ္အေဟာင္းေတြျ ဖန႔္ေဝရင္ သတိေပးသြားမယ့္ ပုံစံမ်ိဳးျဖစ္ပါတယ္။
 
ေဖ့စ္ဘုတ္အ‌ေနနဲ႔ သတင္းအမွားေတြ၊ အမုန္းစကားျဖန႔္ေဝတာေတြကို ပိုမိုထိန္းခ်ဳပ္ သြားေတာ့ မယ့္ ပုံစံပါပဲ။‌လတ္တေလာ ေဖ့စ္ဘုတ္ေပၚမွာလည္း တခ်ိဳ႕ေသာ အေၾကာင္းအရာေဟာင္းေတြ က၊ ပို႔စ္အေဟာင္းေတြကို ျဖန႔္ေဝၿပီး ထင္ေယာင္ထင္မွားျဖစ္ေအာင္ ျပဳလုပ္‌ေနတာကို ျမင္ေတြ႕ ရပါတယ္။ဒီအတြက္ ေဖ့စ္ဘုတ္က သတိေပးသြားမယ့္ နည္းပညာသစ္ကို ထပ္တိုးထည့္သြင္း သြားတာ ျဖစ္ႏိုင္ပါတယ္။

အကယ္၍ သုံးစြဲသူအေနနဲ႔ လြန္ခဲ့တဲ့သုံးလခန႔္က ပို႔စ္တစ္ခု၊ သတင္းအေၾကာင္းအရာတစ္ခုကို ျဖန႔္ေဝေတာ့မယ္ဆိုရင္ ေဖ့စ္ဘုတ္မွ ဒီသတင္းအေၾကာင္းအရာဟာ သုံးလအၾကာကပါ၊ ဆက္လက္ျဖန႔္ေဝမလား မျဖန႔္ေဝဘူးလားဆိုၿပီး သတိေပးခ်က္ေပးပို႔လာမွာ ျဖစ္ပါတယ္။ တစ္ႏွစ္အၾကာက အေၾကာင္းအရာဆိုရင္လည္း သတိေပးခ်က္ေပးပို႔သြားမွာျဖစ္ပါတယ္။

ဒီလို အေၾကာင္းအရာေဟာင္းေတြကို သတိေပးခ်က္နည္းပညာ ထည့္သြင္းတာ ေဖ့စ္ဘုတ္က ပထမဆုံးမဟုတ္ပါဘူး။ The Guardian သတင္းဌာနမွလည္း အဆိုပါနည္းပညာကို အသုံးျပဳ ဖူးၿပီး၊ သတင္းအေဟာင္းေတြကို လူမႈကြန္ယက္ေပၚ ျဖန႔္ေဝမယ္ဆိုပါက သတိေပးသြားမွာ ျဖစ္ပါတယ္။

Damien