【 နည်းပညာ 】ပိုပြည့်စုံလာတဲ့ PES 2020 mobile ဂိမ်း

【  နည်းပညာ  】ပိုပြည့်စုံလာတဲ့  PES 2020 mobile ဂိမ်း

Opinion Leaders ပရိတ်သတ်တွေအနေနဲ့ Stay at Home နေကြရတာကို ပျင်းရိငြီးငွေ့နေကြပြီလို့ ထင်ပါတယ်။

ယခုလို Stay at Home ကာလမှာ ပျင်းရိမှုတွေ ပြေပျောက်စေဖို့အတွက်ရော ဘောလုံးချစ်ပရိတ်သတ်တွေအတွက်ရော လွယ်လင့်တကူဆော့ကစားနိုင်မယ့် စမတ်ဖုန်းဂိမ်းလေးတစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။

မိတ်ဆက်ပေးမယ့် စမတ်ဖုန်းဂိမ်းလေးကတော့ ကမ္ဘာကျော်ဘောလုံးဂိမ်းဖြစ်တဲ့ PES (Pro Evolution Soccer) ပဲ ဖြစ်ပါတယ်။ယခုအခါမှာ စမတ်ဖုန်း‌အတွက်တော့ PES 2020 version အထိ ထွက်ရှိပြီးလည်း ဖြစ်ပါတယ်။ အွန်လိုင်းဂိမ်းတစ်ခု လည်းဖြစ်ပြီး၊ မိမိရဲ့ သူငယ်ချင်းတွေနဲ့လည်း ချိတ်ဆက်ကစားနိုင်ပါသေးတယ်။

ဂိမ်းကစားတဲ့အပိုင်းကို ပြောရမယ်ဆိုရင် ရုပ်ထွက်အပိုင်းကို သေချာဂရုစိုက်ထားတာကို မြင်တွေ့ရပါတယ်။ဂိမ်းထဲက ဘောလုံးသမားတွေရဲ့ ရုပ်ထွက်ဟာလည်း အပြင်လောကနဲ့တူညီပြီး ကစားရတာလည်း ဘောလုံးပွဲတစ်ပွဲကို ကန်နေရသလို စိတ်လှုပ်ရှားမှုရစေပါတယ်။ကွန်ပျူတာဂိမ်းတွေနဲ့ မတူတဲ့အချက်က မိုဘိုင်းဂိမ်းဟာ ကစားတွေကို မဲနှိုက်တာ၊ လေလံဆွဲတာတွေကို မိမိကိုယ်တိုင်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ဒါ့အပြင် PES ကုမ္ပဏီကလည်း လက်ဆောင်ပေးလေ့ရှိပြီး နာမည်ကြီး ကစားသမားတွေကို FIFA mobile ဂိမ်းထက် လွယ်လင့်တကူရရှိနိုင်တာကလည်း PES 2020 ကို ဆော့ကစားသူများလာစေတာဖြစ်ပါတယ်။ PES 2020 ဂိမ်းတွင် myClub Coins တွေကိုလည်း ဝယ်ယူနိုင်ပြီး GP တွေ myClub Coins တွေနဲ့ ကစားသမားတွေကို မဲနှိုက်ရမှာဖြစ်ပါတယ်။

PES 2020 ဘောလုံးဂိမ်းမှာ ဘောလုံးချစ်ပရိတ်သတ်တွေ အကြိုက်တွေ့စေတဲ့ အချက်ကတော့ ရော်နယ်လ်ဒင်ဟို၊ ဒေးဗစ်ဘက်ခမ်း၊ ရောဘတ်ပီရက်စ်၊ မာရာဒိုနာတို့လို အနားယူသွားခဲ့တဲ့ ဘောလုံးသမားကြီးတွေကိုလဲ မဲနှိုက်အသုံးပြုနိုင်မှာပါပဲ။ဒီလို သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေနဲ့ လက်ရှိ မက်ဆီ၊ ရော်နယ်လ်ဒို၊ နေမာ၊ ဟာဇက်တို့လို ယနေ့ခေတ် အကောင်းဆုံးကစားတွေကို အတူစုဖွဲ့ပြီး ကိုယ်ပိုင်အသင်းတည်ထောင်ပြီး ကစားနိုင်ပါသေးတယ်။

PES 2020 mobile ဂိမ်းကို Play Store နဲ့ APKPure တို့မှာ download ရယူ ကစားနိုင်မှာဖြစ်ပြီး၊ မိမိကြိုက်နှစ်သက်တဲ့ ဘောလုံးကစားသမားတွေနဲ့ Stay at Home ကာလမှာ အတူဆော့ကစားနိုင်အောင် မိတ်ဆက်ပေးလိုက်ပါတယ်။

Damien

 

(  Zawgyi  )

 

 Opinion Leaders ပရိတ္သတ္ေတြအေနနဲ႔ Stay at Home ေနၾကရတာကို ပ်င္းရိၿငီးေငြ႕ေနၾကၿပီလို႔ ထင္ပါတယ္။

ယခုလို Stay at Home ကာလမွာ ပ်င္းရိမႈေတြ ေျပေပ်ာက္ေစဖို႔အတြက္ေရာ ေဘာလုံးခ်စ္ပရိတ္သတ္ေတြအတြက္ေရာ လြယ္လင့္တကူေဆာ့ကစားႏိုင္မယ့္ စမတ္ဖုန္းဂိမ္းေလးတစ္ခုကို မိတ္ဆက္ေပးခ်င္ပါတယ္။

မိတ္ဆက္ေပးမယ့္ စမတ္ဖုန္းဂိမ္းေလးကေတာ့ ကမာၻေက်ာ္ေဘာလုံးဂိမ္းျဖစ္တဲ့ PES (Pro Evolution Soccer) ပဲ ျဖစ္ပါတယ္။ယခုအခါမွာ စမတ္ဖုန္း‌အတြက္ေတာ့ PES 2020 version အထိ ထြက္ရွိၿပီးလည္း ျဖစ္ပါတယ္။ အြန္လိုင္းဂိမ္းတစ္ခု လည္းျဖစ္ၿပီး၊ မိမိရဲ႕ သူငယ္ခ်င္းေတြနဲ႔လည္း ခ်ိတ္ဆက္ကစားႏိုင္ပါေသးတယ္။

ဂိမ္းကစားတဲ့အပိုင္းကို ေျပာရမယ္ဆိုရင္ ႐ုပ္ထြက္အပိုင္းကို ေသခ်ာဂ႐ုစိုက္ထားတာကို ျမင္ေတြ႕ရပါတယ္။ဂိမ္းထဲက ေဘာလုံးသမားေတြရဲ႕ ႐ုပ္ထြက္ဟာလည္း အျပင္ေလာကနဲ႔တူညီၿပီး ကစားရတာလည္း ေဘာလုံးပြဲတစ္ပြဲကို ကန္ေနရသလို စိတ္လႈပ္ရွားမႈရေစပါတယ္။ကြန္ပ်ဴတာဂိမ္းေတြနဲ႔ မတူတဲ့အခ်က္က မိုဘိုင္းဂိမ္းဟာ ကစားေတြကို မဲႏႈိက္တာ၊ ေလလံဆြဲတာေတြကို မိမိကိုယ္တိုင္လုပ္ေဆာင္ရမွာျဖစ္ပါတယ္။ဒါ့အျပင္ PES ကုမၸဏီကလည္း လက္ေဆာင္ေပးေလ့ရွိၿပီး နာမည္ႀကီး ကစားသမားေတြကို FIFA mobile ဂိမ္းထက္ လြယ္လင့္တကူရရွိႏိုင္တာကလည္း PES 2020 ကို ေဆာ့ကစားသူမ်ားလာေစတာျဖစ္ပါတယ္။ PES 2020 ဂိမ္းတြင္ myClub Coins ေတြကိုလည္း ဝယ္ယူႏိုင္ၿပီး GP ေတြ myClub Coins ေတြနဲ႔ ကစားသမားေတြကို မဲႏႈိက္ရမွာျဖစ္ပါတယ္။

PES 2020 ေဘာလုံးဂိမ္းမွာ ေဘာလုံးခ်စ္ပရိတ္သတ္ေတြ အႀကိဳက္ေတြ႕ေစတဲ့ အခ်က္ကေတာ့ ေရာ္နယ္လ္ဒင္ဟို၊ ေဒးဗစ္ဘက္ခမ္း၊ ေရာဘတ္ပီရက္စ္၊ မာရာဒိုနာတို႔လို အနားယူသြားခဲ့တဲ့ ေဘာလုံးသမားႀကီးေတြကိုလဲ မဲႏႈိက္အသုံးျပဳႏိုင္မွာပါပဲ။ဒီလို သမိုင္းတစ္ေလွ်ာက္ အေကာင္းဆုံးကစားသမားေတြနဲ႔ လက္ရွိ မက္ဆီ၊ ေရာ္နယ္လ္ဒို၊ ေနမာ၊ ဟာဇက္တို႔လို ယေန႔ေခတ္ အေကာင္းဆုံးကစားေတြကို အတူစုဖြဲ႕ၿပီး ကိုယ္ပိုင္အသင္းတည္ေထာင္ၿပီး ကစားႏိုင္ပါေသးတယ္။

PES 2020 mobile ဂိမ္းကို Play Store နဲ႔ APKPure တို႔မွာ download ရယူ ကစားႏိုင္မွာျဖစ္ၿပီး၊ မိမိႀကိဳက္ႏွစ္သက္တဲ့ ေဘာလုံးကစားသမားေတြနဲ႔ Stay at Home ကာလမွာ အတူေဆာ့ကစားႏိုင္ေအာင္ မိတ္ဆက္ေပးလိုက္ပါတယ္။

Damien