【 နည်းပညာ 】ဒီဇိုင်းပိုင်းပြောင်းလဲလာမယ့် iPad Mini 6

【  နည်းပညာ  】ဒီဇိုင်းပိုင်းပြောင်းလဲလာမယ့် iPad Mini 6

Apple ကုမ္ပဏီဘက်က iPad Mini မျိုးဆက်သစ်ကို ဒီဇိုင်းဆန်းသစ်ပြီး ထုတ်လုပ်တော့မယ်လို့ သတင်းထွက်ပေါ်လျက်ရှိပါတယ်။
 
iPad Mini 6 အဖြစ် ထွက်ရှိလာမယ့် မျက်နှာပြင်ကြီးမားတဲ့ တက်ဘလက်မှာ Android တက်ဘလက်တွေကို ယှဉ်ပြိုင်သွားနိုင်ဖို့ ဒီဇိုင်းပိုင်းကို ပြောင်းလဲထုတ်လုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။
 
ယခုလေလောဆယ်မှာ အတည်မပြုနိုင်သေးတဲ့ iPad Mini 6 ရဲ့ ဓာတ်ပုံတွေဟာ အွန်လိုင်းမှာပျံ့နှံ့လျက်ရှိပြီး၊ မျက်နှာပြင်အပေါက်ဖောက် ထည့်သွင်းထားမယ့် ကင်မရာနဲ့ လက်ဗွေအာရုံခံကိရိယာတို့ ပါဝင်လာတာကို မြင်တွေ့ရပါတယ်။ယခင် iPad မျိုးဆက်‌တွေမှာ အဆိုပါနည်းပညာတွေ မပါဝင်ခဲ့ပဲ မျက်နှာပြင်ရဲ့ ဘေးဘောင်တွေဟာလည်း ကြီးမားလှပါတယ်။ယခုထွက်ပေါ်လာတဲ့ iPad Mini 6 ဓာတ်ပုံတွေအရ ဘေးဘောင်နဲ့ အောက်ခြေဘောင်‌တွေ ယခင်ထက် ပိုပါးလာတာကို မြင်တွေ့ရပြီး၊ ရှေ့ဘက် ကင်မရာကိုတော့ မျက်နှာပြင်ကို အပေါက်ဖောက် ထည့်သွင်းပေးထားပါတယ်။သတင်းတွေအရ ၉ လက်မ အရွယ်အစားရှိ မျက်နှာပြင်ကို အသုံးပြုလာဖွယ်ရှိတယ်လို့ သိရပြီး၊ iPad Pro စီးရီးတွေထက်တော့ ဈေးနှုန်းပိုသက်သာလာမှာဖြစ်ပါတယ်။
 
iPad Mini 6 ကို မတ်လအတွင်း မိတ်ဆက်သွားဖွယ်ရှိနေပြီး၊ Apple ဘက်ကလည်း ‌ဈေးနှုန်းသက်သာတဲ့ iPad တစ်မျိုးကို မိတ်ဆက်သွားဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားထားပါတယ်။
 
Damien
 
(  Zawgyi  )
 
Apple ကုမၸဏီဘက္က iPad Mini မ်ိဳးဆက္သစ္ကို ဒီဇိုင္းဆန္းသစ္ၿပီး ထုတ္လုပ္ေတာ့မယ္လို႔ သတင္းထြက္ေပၚလ်က္ရွိပါတယ္။
 
iPad Mini 6 အျဖစ္ ထြက္ရွိလာမယ့္ မ်က္ႏွာျပင္ႀကီးမားတဲ့ တက္ဘလက္မွာ Android တက္ဘလက္ေတြကို ယွဥ္ၿပိဳင္သြားႏိုင္ဖို႔ ဒီဇိုင္းပိုင္းကို ေျပာင္းလဲထုတ္လုပ္သြားမွာျဖစ္တယ္လို႔လည္း သိရပါတယ္။
 
ယခုေလေလာဆယ္မွာ အတည္မျပဳႏိုင္ေသးတဲ့ iPad Mini 6 ရဲ႕ ဓာတ္ပုံေတြဟာ အြန္လိုင္းမွာပ်ံ႕ႏွံ႔လ်က္ရွိၿပီး၊ မ်က္ႏွာျပင္အေပါက္ေဖာက္ ထည့္သြင္းထားမယ့္ ကင္မရာနဲ႔ လက္ေဗြအာ႐ုံခံကိရိယာတို႔ ပါဝင္လာတာကို ျမင္ေတြ႕ရပါတယ္။ယခင္ iPad မ်ိဳးဆက္‌ေတြမွာ အဆိုပါနည္းပညာေတြ မပါဝင္ခဲ့ပဲ မ်က္ႏွာျပင္ရဲ႕ ေဘးေဘာင္ေတြဟာလည္း ႀကီးမားလွပါတယ္။ယခုထြက္ေပၚလာတဲ့ iPad Mini 6 ဓာတ္ပုံေတြအရ ေဘးေဘာင္နဲ႔ ေအာက္ေျခေဘာင္‌ေတြ ယခင္ထက္ ပိုပါးလာတာကို ျမင္ေတြ႕ရၿပီး၊ ေရွ႕ဘက္ ကင္မရာကိုေတာ့ မ်က္ႏွာျပင္ကို အေပါက္ေဖာက္ ထည့္သြင္းေပးထားပါတယ္။သတင္းေတြအရ ၉ လက္မ အ႐ြယ္အစားရွိ မ်က္ႏွာျပင္ကို အသုံးျပဳလာဖြယ္ရွိတယ္လို႔ သိရၿပီး၊ iPad Pro စီးရီးေတြထက္ေတာ့ ေဈးႏႈန္းပိုသက္သာလာမွာျဖစ္ပါတယ္။
 
iPad Mini 6 ကို မတ္လအတြင္း မိတ္ဆက္သြားဖြယ္ရွိေနၿပီး၊ Apple ဘက္ကလည္း ‌ေဈးႏႈန္းသက္သာတဲ့ iPad တစ္မ်ိဳးကို မိတ္ဆက္သြားဖြယ္ရွိတယ္လို႔ အရိပ္အႁမြက္ေျပာၾကားထားပါတယ္။
 
Damien