【 နည်းပညာ 】ထုတ်ကုန်သစ်တွေကို ကြေညာလိုက်တဲ့ Google

【  နည်းပညာ  】ထုတ်ကုန်သစ်တွေကို ကြေညာလိုက်တဲ့ Google

Google ရဲ့ တန်ဖိုးသင့်စမတ်ဖုန်းကတော့ တရားဝင်ထွက်ရှိလာခဲ့ပါပြီ။

တန်ဖိုးသင့် Pixel 4a အမည်ရ စမတ်ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး၊ Pixel 4a 5G နဲ့ Pixel 5 စမတ်ဖုန်းတွေကိုပါ တစ်ပါတည်း မိတ်ဆက်သွားတာ မြင်တွေ့ရပါတယ်။

Google မှ တန်ဖိုးသင့်စမတ်ဖုန်းကို ထုတ်လုပ်မယ်လို့ သတင်းတွေထွက်ပေါ်အပြီးမှာ ၎င်းစမတ်ဖုန်းနဲ့ပတ်သက်တဲ့ ခန့်မှန်းသတင်းတွေ အမြောက်အမြားထွက်ပေါ်ခဲ့ပါတယ်။ယခုတရားဝင်မိတ်ဆက်လာချိန်မှာလည်း ခန့်မှန်းသတင်းတွေရဲ့ ဒီဇိုင်းတွေအတိုင်း ထွက်ရှိလာတာမြင်တွေ့ရပါပြီး၊ ထူးခြားတာတစ်ခုက 5G version ပါ ထွက်ရှိလာတာပါ။

Google Pixel 4a ဟာ iPhone SE 2020 ထက် ‌ပိုဈေးသက်သာပြီး ကင်မရာပိုင်းကို ဦးစားပေးထားတဲ့အတွက် လူကြိုက်များဦးမယ့်ပုံပါပဲ။ဒီဇိုင်းပိုင်းမှာလည်းဆန်းသစ်ပြီး stereo စပီကာကိုလည်း ထည့်သွင်းထားပါသေးတယ်။

လတ်တလော ‌ခေတ်စားနေတဲ့ဒီဇိုင်း ၅.၈၁ လက်မ အရွယ်အစားရှိ မျက်နှာပြင်မှာ ရှေ့ဘက် ကင်မရာကို အပေါက်ဖောက်တပ်ဆင်ထားပြီး၊ Stock Android ပါဝင်တာက မမ်မိုရီပမာဏများများမပါဝင်တာတောင် အသုံးပြုရတာ သွက်လက်မြန်ဆန်နေမှာပါ။လက်ဗွေဖတ်ကိရိယာကိုတော့ စမတ်ဖုန်းနောက်ဘက်မှာပဲ တပ်ဆင်ပေးထားပါတယ်။

Google Pixel 4a ဟာ တန်ဖိုးသင့်ဈေးကွက်အတွင်းမှာ One Plus Nord, Samsung galaxy A71 နဲ့ Apple ရဲ့ iPhone SE 2020 တို့နဲ့ အဓိကယှဉ်ပြိုင်သွားမှာဖြစ်ပြီး၊ Google ရဲ့ ကင်မရာစွမ်းရည် ဘယ်လောက်ကောင်းမလဲဆိုတာ အကဲဖြတ်နိုင်တော့မှာ ဖြစ်ပါတယ်။

Damien

 

(  Zawgyi  )

 

 Google ရဲ႕ တန္ဖိုးသင့္စမတ္ဖုန္းကေတာ့ တရားဝင္ထြက္ရွိလာခဲ့ပါၿပီ။

တန္ဖိုးသင့္ Pixel 4a အမည္ရ စမတ္ဖုန္းကို တရားဝင္မိတ္ဆက္လိုက္ၿပီျဖစ္ၿပီး၊ Pixel 4a 5G နဲ႔ Pixel 5 စမတ္ဖုန္းေတြကိုပါ တစ္ပါတည္း မိတ္ဆက္သြားတာ ျမင္ေတြ႕ရပါတယ္။

Google မွ တန္ဖိုးသင့္စမတ္ဖုန္းကို ထုတ္လုပ္မယ္လို႔ သတင္းေတြထြက္ေပၚအၿပီးမွာ ၎စမတ္ဖုန္းနဲ႔ပတ္သက္တဲ့ ခန႔္မွန္းသတင္းေတြ အေျမာက္အျမားထြက္ေပၚခဲ့ပါတယ္။ယခုတရားဝင္မိတ္ဆက္လာခ်ိန္မွာလည္း ခန႔္မွန္းသတင္းေတြရဲ႕ ဒီဇိုင္းေတြအတိုင္း ထြက္ရွိလာတာျမင္ေတြ႕ရပါၿပီး၊ ထူးျခားတာတစ္ခုက 5G version ပါ ထြက္ရွိလာတာပါ။

Google Pixel 4a ဟာ iPhone SE 2020 ထက္ ‌ပိုေဈးသက္သာၿပီး ကင္မရာပိုင္းကို ဦးစားေပးထားတဲ့အတြက္ လူႀကိဳက္မ်ားဦးမယ့္ပုံပါပဲ။ဒီဇိုင္းပိုင္းမွာလည္းဆန္းသစ္ၿပီး stereo စပီကာကိုလည္း ထည့္သြင္းထားပါေသးတယ္။

လတ္တေလာ ‌ေခတ္စားေနတဲ့ဒီဇိုင္း ၅.၈၁ လက္မ အ႐ြယ္အစားရွိ မ်က္ႏွာျပင္မွာ ေရွ႕ဘက္ ကင္မရာကို အေပါက္ေဖာက္တပ္ဆင္ထားၿပီး၊ Stock Android ပါဝင္တာက မမ္မိုရီပမာဏမ်ားမ်ားမပါဝင္တာေတာင္ အသုံးျပဳရတာ သြက္လက္ျမန္ဆန္ေနမွာပါ။လက္ေဗြဖတ္ကိရိယာကိုေတာ့ စမတ္ဖုန္းေနာက္ဘက္မွာပဲ တပ္ဆင္ေပးထားပါတယ္။

Google Pixel 4a ဟာ တန္ဖိုးသင့္ေဈးကြက္အတြင္းမွာ One Plus Nord, Samsung galaxy A71 နဲ႔ Apple ရဲ႕ iPhone SE 2020 တို႔နဲ႔ အဓိကယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး၊ Google ရဲ႕ ကင္မရာစြမ္းရည္ ဘယ္ေလာက္ေကာင္းမလဲဆိုတာ အကဲျဖတ္ႏိုင္ေတာ့မွာ ျဖစ္ပါတယ္။

Damien