【 နည်းပညာ 】ဈေးနှုန်းသက်သာမယ့် Mi 11 မျိုးဆက်သစ် ထွက်ရှိလာဦးမည်

【  နည်းပညာ 】ဈေးနှုန်းသက်သာမယ့် Mi 11 မျိုးဆက်သစ် ထွက်ရှိလာဦးမည်

တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi မှ Mi 11 flagship စမတ်ဖုန်းကို ၂၀၂၀ ခုနှစ် နှစ်ကုန်ပိုင်းမှာ မိတ်ဆက်ခဲ့ပါတယ်။
 
ယခု သတင်းတွေထပ်မံထွက်ပေါ်လာမှုအရ Mi 11 မျိုးဆက်သစ် စမတ်ဖုန်းတွေ အနည်းဆုံး နှစ်မျိုးလောက် ထပ်မံထွက်ရှိလာဖို့ရှိနေတယ်လို့ သိရပါတယ်။
 
သတင်းတွေအရ Mi 11 Lite နဲ့ Mi 11 Pro ဆိုပြီး စမတ်ဖုန်းနှစ်မျိုးခန့် ထပ်မံထွက်ရှိလာဖွယ်ရှိတယ်လို့ သိရပါတယ်။ Mi 11 Lite ကတော့ ဈေးနှုန်းချိုသာဖို့ရှိပြီး၊ ‌Mi 11 Pro ကတော့ အမိုက်စား စွမ်းဆောင်ရည်နဲ့ ဈေးနှုန်းမြင့်မားလာဖို့ရှိပါတယ်။
 
တရုတ်နိုင်ငံတွင်း ထွက်ပေါ်နေတဲ့ သတင်းတွေအရ Mi 11 Lite စမတ်ဖုန်းမှာ OLED မျက်နှာပြင်၊ မျက်နှာပြင်ကို အပေါက်ဖောက် ထည့်သွင်းထားတဲ့ ရှေ့ဘက် ကင်မရာ (punch hole selfie camera) နဲ့ Qualcomm SM7350 chipset တို့ ထည့်သွင်းပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။ကင်မရာပိုင်းမှာ 64MP အဓိက ကင်မရာနဲ့အတူ 5x telephoto snapper ကို အားဖြည့်တပ်ဆင်ထားဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဆိုပါတယ်။
 
Xiaomi ဘက်ကတော့ Mi 11 Lite ကို ဘယ်အချိန်မှာမိတ်ဆက်မလဲ မသိရသေးပါဘူး၊ Mi 11 Lite အမှန်တကယ်သာ ထွက်ရှိလာပြီဆိုရင်တော့ စွမ်းဆောင်ရည် အလယ်လတ်တန်းစား စမတ်ဖုန်းတွေကြားမှာ ရွေးချယ်စရာတစ်ခု ထပ်တိုးလာဖို့တော့ ရှိနေပါတယ်။
 
Damien
 
(  Zawgyi  )
 
 တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi မွ Mi 11 flagship စမတ္ဖုန္းကို ၂၀၂၀ ခုႏွစ္ ႏွစ္ကုန္ပိုင္းမွာ မိတ္ဆက္ခဲ့ပါတယ္။
 
ယခု သတင္းေတြထပ္မံထြက္ေပၚလာမႈအရ Mi 11 မ်ိဳးဆက္သစ္ စမတ္ဖုန္းေတြ အနည္းဆုံး ႏွစ္မ်ိဳးေလာက္ ထပ္မံထြက္ရွိလာဖို႔ရွိေနတယ္လို႔ သိရပါတယ္။
 
သတင္းေတြအရ Mi 11 Lite နဲ႔ Mi 11 Pro ဆိုၿပီး စမတ္ဖုန္းႏွစ္မ်ိဳးခန႔္ ထပ္မံထြက္ရွိလာဖြယ္ရွိတယ္လို႔ သိရပါတယ္။ Mi 11 Lite ကေတာ့ ေဈးႏႈန္းခ်ိဳသာဖို႔ရွိၿပီး၊ ‌Mi 11 Pro ကေတာ့ အမိုက္စား စြမ္းေဆာင္ရည္နဲ႔ ေဈးႏႈန္းျမင့္မားလာဖို႔ရွိပါတယ္။
 
တ႐ုတ္ႏိုင္ငံတြင္း ထြက္ေပၚေနတဲ့ သတင္းေတြအရ Mi 11 Lite စမတ္ဖုန္းမွာ OLED မ်က္ႏွာျပင္၊ မ်က္ႏွာျပင္ကို အေပါက္ေဖာက္ ထည့္သြင္းထားတဲ့ ေရွ႕ဘက္ ကင္မရာ (punch hole selfie camera) နဲ႔ Qualcomm SM7350 chipset တို႔ ထည့္သြင္းပါဝင္လာဖြယ္ရွိတယ္လို႔ သိရပါတယ္။ကင္မရာပိုင္းမွာ 64MP အဓိက ကင္မရာနဲ႔အတူ 5x telephoto snapper ကို အားျဖည့္တပ္ဆင္ထားဖြယ္ရွိတယ္လို႔လည္း သတင္းေတြက ဆိုပါတယ္။
 
Xiaomi ဘက္ကေတာ့ Mi 11 Lite ကို ဘယ္အခ်ိန္မွာမိတ္ဆက္မလဲ မသိရေသးပါဘူး၊ Mi 11 Lite အမွန္တကယ္သာ ထြက္ရွိလာၿပီဆိုရင္ေတာ့ စြမ္းေဆာင္ရည္ အလယ္လတ္တန္းစား စမတ္ဖုန္းေတြၾကားမွာ ေ႐ြးခ်ယ္စရာတစ္ခု ထပ္တိုးလာဖို႔ေတာ့ ရွိေနပါတယ္။
 
Damien