【 နည်းပညာ 】ဈေးနှုန်းချိုသာတဲ့ Redmi ကြိုးမဲ့နားကြပ်သစ်

【  နည်းပညာ  】ဈေးနှုန်းချိုသာတဲ့ Redmi ကြိုးမဲ့နားကြပ်သစ်

မတ်လတုန်းက တရုတ်နည်းပညာကုမ္ပဏီကြီး Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲ Redmi မှ ၁၄ ဒေါ်လာသာ ဈေးနှုန်းသတ်မှတ်ထားတဲ့ Redmi AirDots ကို မိတ်ဆက်ခဲ့ပြီး အလုံးကေသန်းနဲ့ချီ ရောင်းချခဲ့ရပါတယ်။

ထို့နောက် ဧပြီလမှာ Redmi AirDots S ကို ထပ်မံမိတ်ဆက်လာခဲ့ပြီး‌နောက် ရောင်းအားကောင်းမွန်ခဲ့တဲ့အတွက် ယခု ဇူလိုင်လ ၂၀ ရက်နေ့မှာပဲ Redmi AirDots 2 အမည်ရ AirDots မျိုးဆက်သစ် ကြိုးမဲ့နားကြပ်ကို ကြေညာခဲ့ပါတယ်။

Redmi AirDots 2 ကြိုးမဲ့နာကြပ်ကို တရုတ်နိုင်ငံမှာ ဇူလိုင် ၂၂ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး၊ စတင်ရောင်းချတဲ့ရက်မှာတော့ ၁၁ ဒေါ်လာ (မြန်မာငွေ ၁၆,၀၀၀ ကျပ်ခန့်) နဲ့ ရောင်းချပေးမယ်လို့ သိရပါတယ်။မူရင်းဈေးနှုန်းကတော့ ၁၄ ဒေါ်လာ (မြန်မာငွေ ၂၀,၀၀၀ ကျပ်ခန့်) ဖြစ်ပါတယ်။

Redmi ရဲ့ ကြိုးမဲ့နားကြပ်သစ်မှာ 7.2mm Sound Driver ထည့်သွင်းထားပြီး အကောင်းမွန်ဆုံးအသံထွက်ကို ခံစားနိုင်မှာပါ။ပြင်ပဆူညံသံတွေ ဖယ်ရှာပေးတဲ့ နည်းပညာလည်းပါဝင်လာမှာဖြစ်တဲ့အတွက် အသံထွက်ကြည်လင်ပြတ်သားစွာ စမတ်ကျကျ ဖုန်းပြောဆိုနိုင်မှာလည်း ဖြစ်ပါတယ်။ယခင် Redmi AirDots ထက် အကြီးမားဆုံး ပြောင်းလဲလာမှုကတော့ Bluetooth 5.0 ကွန်ယက်ချိတ်ဆက်မှုဖြစ်သွားပါပြီ။နားကြပ်ကို နှစ်ချက်တိတွေ့လိုက်ရင်တော့ XiaoAI ဉာဏ်ရည်တု အသံစေခိုင်းမှုကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ကြိုးမဲ့နားကြပ်သစ်ဟာ တစ်ဖက်လျှင် ၄.၁ ဂရမ်သာလေးပြီး၊ ၄ နာရီကြာ အသုံးခံမှာပါ။နားကြပ်အားသွင်းတဲ့ဘူးနဲ့ဆိုရင်တော့ ၁၂ နာရီကြာ အသုံးခံမယ်လို့ သိရပါတယ်။

ဈေးနှုန်းလည်း သက်သာရမယ်၊ နည်းပညာလည်းမြင့်ရမယ်၊ စတိုင်လည်းကျရမယ်၊ အသံထွက်လည်း ကောင်းမွန်ရမယ်ဆိုတဲ့ ကြိုးမဲ့နားကြပ်တစ်ခုကို သင်ရှာဖွေနေတယ်ဆိုရင်တော့ Redmi AirDots 2 နားကြပ်က သင့်လိုအပ်ချက်တွေကို အကောင်းမွန်ဆုံးဖြည့်ဆည်းပေးနိုင်မယ်လို့ ရည်ညွှန်းလိုက်ပါတယ်။

Damien

(  Zawgyi  )

 မတ္လတုန္းက တ႐ုတ္နည္းပညာကုမၸဏီႀကီး Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲ Redmi မွ ၁၄ ေဒၚလာသာ ေဈးႏႈန္းသတ္မွတ္ထားတဲ့ Redmi AirDots ကို မိတ္ဆက္ခဲ့ၿပီး အလုံးေကသန္းနဲ႔ခ်ီ ေရာင္းခ်ခဲ့ရပါတယ္။

ထို႔ေနာက္ ဧၿပီလမွာ Redmi AirDots S ကို ထပ္မံမိတ္ဆက္လာခဲ့ၿပီး‌ေနာက္ ေရာင္းအားေကာင္းမြန္ခဲ့တဲ့အတြက္ ယခု ဇူလိုင္လ ၂၀ ရက္ေန႔မွာပဲ Redmi AirDots 2 အမည္ရ AirDots မ်ိဳးဆက္သစ္ ႀကိဳးမဲ့နားၾကပ္ကို ေၾကညာခဲ့ပါတယ္။

Redmi AirDots 2 ႀကိဳးမဲ့နာၾကပ္ကို တ႐ုတ္ႏိုင္ငံမွာ ဇူလိုင္ ၂၂ ရက္ေန႔မွာ စတင္ေရာင္းခ်သြားမွာျဖစ္ၿပီး၊ စတင္ေရာင္းခ်တဲ့ရက္မွာေတာ့ ၁၁ ေဒၚလာ (ျမန္မာေငြ ၁၆,၀၀၀ က်ပ္ခန႔္) နဲ႔ ေရာင္းခ်ေပးမယ္လို႔ သိရပါတယ္။မူရင္းေဈးႏႈန္းကေတာ့ ၁၄ ေဒၚလာ (ျမန္မာေငြ ၂၀,၀၀၀ က်ပ္ခန႔္) ျဖစ္ပါတယ္။

Redmi ရဲ႕ ႀကိဳးမဲ့နားၾကပ္သစ္မွာ 7.2mm Sound Driver ထည့္သြင္းထားၿပီး အေကာင္းမြန္ဆုံးအသံထြက္ကို ခံစားႏိုင္မွာပါ။ျပင္ပဆူညံသံေတြ ဖယ္ရွာေပးတဲ့ နည္းပညာလည္းပါဝင္လာမွာျဖစ္တဲ့အတြက္ အသံထြက္ၾကည္လင္ျပတ္သားစြာ စမတ္က်က် ဖုန္းေျပာဆိုႏိုင္မွာလည္း ျဖစ္ပါတယ္။ယခင္ Redmi AirDots ထက္ အႀကီးမားဆုံး ေျပာင္းလဲလာမႈကေတာ့ Bluetooth 5.0 ကြန္ယက္ခ်ိတ္ဆက္မႈျဖစ္သြားပါၿပီ။နားၾကပ္ကို ႏွစ္ခ်က္တိေတြ႕လိုက္ရင္ေတာ့ XiaoAI ဉာဏ္ရည္တု အသံေစခိုင္းမႈကို အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။

ႀကိဳးမဲ့နားၾကပ္သစ္ဟာ တစ္ဖက္လွ်င္ ၄.၁ ဂရမ္သာေလးၿပီး၊ ၄ နာရီၾကာ အသုံးခံမွာပါ။နားၾကပ္အားသြင္းတဲ့ဘူးနဲ႔ဆိုရင္ေတာ့ ၁၂ နာရီၾကာ အသုံးခံမယ္လို႔ သိရပါတယ္။

ေဈးႏႈန္းလည္း သက္သာရမယ္၊ နည္းပညာလည္းျမင့္ရမယ္၊ စတိုင္လည္းက်ရမယ္၊ အသံထြက္လည္း ေကာင္းမြန္ရမယ္ဆိုတဲ့ ႀကိဳးမဲ့နားၾကပ္တစ္ခုကို သင္ရွာေဖြေနတယ္ဆိုရင္ေတာ့ Redmi AirDots 2 နားၾကပ္က သင့္လိုအပ္ခ်က္ေတြကို အေကာင္းမြန္ဆုံးျဖည့္ဆည္းေပးႏိုင္မယ္လို႔ ရည္ၫႊန္းလိုက္ပါတယ္။

Damien