【 နည်းပညာ 】ဈေးနှုန်းကျဆင်းလာတဲ့ ဂိမ်းအသားပေး စမတ်ဖုန်း

【   နည်းပညာ  】ဈေးနှုန်းကျဆင်းလာတဲ့ ဂိမ်းအသားပေး စမတ်ဖုန်း

Razer Phone 2 ဂိမ်းအသားပေး စမတ်ဖုန်းဟာ ထွက်ရှိခဲ့တာတော့ တစ်နှစ်ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ယခုလက်ရှိမှာတော့ Amazon US စတိုးမှာတော့ Razer Phone 2 ကို ‌‌ဈေးနှုန်းလျှော့ပြီး ရောင်းချပေးနေပါပြီ။

ဈေးလျှော့ပြီး ရောင်းချလာတဲ့ Razer Phone 2 ရဲ့ specs ဟာ နိမ့်ကျလွန်းနေတာတော့ မဟုတ်ပါဘူး။ 120Hz အရည်အသွေးမြင့် မျက်နှာပြင်ရယ်၊ Snapdragon 845 chipset တွေကြောင့် နည်းပညာမြင့် ဖုန်းတစ်လုံး ဖြစ်နေဆဲပါ။မမ်မိုရီပမာဏအနေနဲ့ 8GB ပါဝင်ပြီး၊ သိမ်းဆည်းနိုင်မှုအနေနဲ့ 64GB အပြင် 1TB (1000GB) SD card ကိုပါ ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ဂိမ်းအသားပေး စမတ်ဖုန်းဖြစ်တာနဲ့အညီ ဘက်ထရီပမာဏ 4,000mAh ထည့်သွင်းပေးထားပါတယ်။အသံပိုင်းဆိုင်ရာအနေနဲ့ ကြည်လင်ပြတ်သားတဲ့ Dolby Atmos stereo speakers ကို တပ်ဆင်ပေးထားပြီး၊ လက်ဗွေကိုတော့ ဘေးဘက်မှာ ထည့်သွင်းပေးထားပါတယ်။

Razer Phone 2 ဂိမ်းအသားပေး စမတ်ဖုန်းကို ဒေါ်လာ ၃၀၀ (မြန်မာငွေ ၄၆၀,၀၀၀ ခန့်) နဲ့ ဈေးလျှာ့ရောင်းပေးနေပါပြီ။ နည်းပညာပိုင်း ရော စွမ်းဆောင်ရည်ပိုင်းပါ မနိမ့်ကျသေးတဲ့ Razer Phone 2 ဟာ ဈေးသက်သက်သာသာနဲ့ ရရှိနိုင်မယ့် ဂိမ်းအသားပေး စမတ်ဖုန်းပဲ ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 Razer Phone 2 ဂိမ္းအသားေပး စမတ္ဖုန္းဟာ ထြက္ရွိခဲ့တာေတာ့ တစ္ႏွစ္ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။

ယခုလက္ရွိမွာေတာ့ Amazon US စတိုးမွာေတာ့ Razer Phone 2 ကို ‌‌ေဈးႏႈန္းေလွ်ာ့ၿပီး ေရာင္းခ်ေပးေနပါၿပီ။

ေဈးေလွ်ာ့ၿပီး ေရာင္းခ်လာတဲ့ Razer Phone 2 ရဲ႕ specs ဟာ နိမ့္က်လြန္းေနတာေတာ့ မဟုတ္ပါဘူး။ 120Hz အရည္အေသြးျမင့္ မ်က္ႏွာျပင္ရယ္၊ Snapdragon 845 chipset ေတြေၾကာင့္ နည္းပညာျမင့္ ဖုန္းတစ္လုံး ျဖစ္ေနဆဲပါ။မမ္မိုရီပမာဏအေနနဲ႔ 8GB ပါဝင္ၿပီး၊ သိမ္းဆည္းႏိုင္မႈအေနနဲ႔ 64GB အျပင္ 1TB (1000GB) SD card ကိုပါ ထည့္သြင္းအသုံးျပဳႏိုင္မွာ ျဖစ္ပါတယ္။ဂိမ္းအသားေပး စမတ္ဖုန္းျဖစ္တာနဲ႔အညီ ဘက္ထရီပမာဏ 4,000mAh ထည့္သြင္းေပးထားပါတယ္။အသံပိုင္းဆိုင္ရာအေနနဲ႔ ၾကည္လင္ျပတ္သားတဲ့ Dolby Atmos stereo speakers ကို တပ္ဆင္ေပးထားၿပီး၊ လက္ေဗြကိုေတာ့ ေဘးဘက္မွာ ထည့္သြင္းေပးထားပါတယ္။

Razer Phone 2 ဂိမ္းအသားေပး စမတ္ဖုန္းကို ေဒၚလာ ၃၀၀ (ျမန္မာေငြ ၄၆၀,၀၀၀ ခန႔္) နဲ႔ ေဈးလွ်ာ့ေရာင္းေပးေနပါၿပီ။ နည္းပညာပိုင္း ေရာ စြမ္းေဆာင္ရည္ပိုင္းပါ မနိမ့္က်ေသးတဲ့ Razer Phone 2 ဟာ ေဈးသက္သက္သာသာနဲ႔ ရရွိႏိုင္မယ့္ ဂိမ္းအသားေပး စမတ္ဖုန္းပဲ ျဖစ္ပါတယ္။

Damien