【 နည်းပညာ 】စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေကို ထပ်မံမိတ်ဆက်မယ့် Xiaomi

【  နည်းပညာ 】စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတွေကို ထပ်မံမိတ်ဆက်မယ့် Xiaomi

Xiaomi ဆိုတဲ့ အမည်ကိုတော့ မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲသူတွေကြားမှာ မသိတဲ့သူ မရှိလောက်တော့ပါဘူး။

အဆိုပါ တရုတ်နည်းပညာ ကုမ္ပဏီကြီး Xiaomi တရှိန်ထိုး နာမည်ကြီးလာတာကလည်း ၎င်းထုတ်လုပ်တဲ့ စမတ်ဖုန်းတွေနဲ့ အခြားသော စမတ်ပစ္စည်းတွေဟာ စွမ်းဆောင်ရည်မြင့်မားပြီး ဈေးနှုန်းချိုသာတာကြောင့် ဖြစ်ပါတယ်။

စမတ်ဖုန်းဈေးကွက်၊ စမတ်နာရီဈေးကွက်နဲ့ အခြားသော လူသုံးကုန် စမတ်ပစ္စည်းတွေ ဈေးကွက်တွေမှာပါ အလျင်အမြန် ကြီးစိုးနိုင်ခဲ့ပြီး သုံးစွဲသူတွေ ကြိုက်နှစ်သက်မယ့် ထုတ်ကုန်တွေကို ဆက်တိုက်ထုတ်လုပ် ရောင်းချနိုင်ခဲ့ပါတယ်။

ယခုလည်း Xiaomi မှ စွမ်းဆောင်ရည်မြင့် 5G ကွန်ယက်စနစ်သုံး စမတ်ဖုန်းတွေကို မိတ်ဆက်ပေးသွားမယ်လို့ ကြေညာလိုက်ပါတယ်။ Xiaomi ရဲ့ Brand Manager CiCi Wei မှ Mi 9 Pro 5G ရဲ့ မိတ်ဆက်ပိုစတာကိုပါ ထုတ်ဖော်ပြသလိုက်ပြီး၊ Mi Mix series ကိုပါ မိတ်ဆက်ပွဲမှာ အတူတူဖော်ထုတ်သွားဖွယ် ရှိပါတယ်။ Mi 9 Pro 5G ရဲ့ မိတ်ဆက်ဓာတ်ပုံမှာတော့ ကွေးညွတ်နေတဲ့ မျက်နှာပြင်ပုံစံကို မြင်တွေ့ရပြီး၊ ယခင်ထွက်ရှိထားတဲ့ Mi 9 နဲ့ မတူညီပဲ မျက်နှာပြင်ဘောင်တွေ ကွေးညွတ်ထားပြီး ပိုမိုကြီးမားလာဖွယ် ရှိပါတယ်။

အဆိုပါ Mi 9 Pro 5G နဲ့ Mi Mix series စမတ်ဖုန်းတွေကိုတော့ Snapdragon 855+ chipset နဲ့ မောင်းနှင်ပေးထားဖွယ်ရှိပြီး၊ 5G ကွန်ယက် အသုံးပြုနိုင်ဖို့အတွက် Qualcomm ရဲ့ X50 5G modem ကို တပ်ဆင်ပေးထားမှာပါ။၎င်းတို့မှာ ပါဝင်တဲ့ 4,000mAh ပမာဏရှိ ဘက်ထရီကို ကြိုးမဲ့အားသွင်းနိုင်ရန်အတွက် 30W Mi Charge Turbo ကြိုးမဲ့ မြန်နှုန်းမြှင့် အားသွင်းစနစ်သစ်ကို ထည့်သွင်းပေးထားမှာပါ။

Mi 9 Pro 5G နဲ့ Mi Mix series စမတ်ဖုန်းတွေကို စက်တင်ဘာ ၂၄ ရက်မှာ မိတ်ဆက်သွားမှာဖြစ်ပြီး၊ လာမယ့် ရက်သတ္တပတ်ကတော့ Xiaomi ချစ်သူတွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာတွေနဲ့ ပြည့်နှက်နေမှာ အသေအချာပဲ ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 Xiaomi ဆိုတဲ့ အမည္ကိုေတာ့ ျမန္မာႏိုင္ငံက စမတ္ဖုန္းသုံးစြဲသူေတြၾကားမွာ မသိတဲ့သူ မရွိေလာက္ေတာ့ပါဘူး။

အဆိုပါ တ႐ုတ္နည္းပညာ ကုမၸဏီႀကီး Xiaomi တရွိန္ထိုး နာမည္ႀကီးလာတာကလည္း ၎ထုတ္လုပ္တဲ့ စမတ္ဖုန္းေတြနဲ႔ အျခားေသာ စမတ္ပစၥည္းေတြဟာ စြမ္းေဆာင္ရည္ျမင့္မားၿပီး ေဈးႏႈန္းခ်ိဳသာတာေၾကာင့္ ျဖစ္ပါတယ္။

စမတ္ဖုန္းေဈးကြက္၊ စမတ္နာရီေဈးကြက္နဲ႔ အျခားေသာ လူသုံးကုန္ စမတ္ပစၥည္းေတြ ေဈးကြက္ေတြမွာပါ အလ်င္အျမန္ ႀကီးစိုးႏိုင္ခဲ့ၿပီး သုံးစြဲသူေတြ ႀကိဳက္ႏွစ္သက္မယ့္ ထုတ္ကုန္ေတြကို ဆက္တိုက္ထုတ္လုပ္ ေရာင္းခ်ႏိုင္ခဲ့ပါတယ္။

ယခုလည္း Xiaomi မွ စြမ္းေဆာင္ရည္ျမင့္ 5G ကြန္ယက္စနစ္သုံး စမတ္ဖုန္းေတြကို မိတ္ဆက္ေပးသြားမယ္လို႔ ေၾကညာလိုက္ပါတယ္။ Xiaomi ရဲ႕ Brand Manager CiCi Wei မွ Mi 9 Pro 5G ရဲ႕ မိတ္ဆက္ပိုစတာကိုပါ ထုတ္ေဖာ္ျပသလိုက္ၿပီး၊ Mi Mix series ကိုပါ မိတ္ဆက္ပြဲမွာ အတူတူေဖာ္ထုတ္သြားဖြယ္ ရွိပါတယ္။ Mi 9 Pro 5G ရဲ႕ မိတ္ဆက္ဓာတ္ပုံမွာေတာ့ ေကြးၫြတ္ေနတဲ့ မ်က္ႏွာျပင္ပုံစံကို ျမင္ေတြ႕ရၿပီး၊ ယခင္ထြက္ရွိထားတဲ့ Mi 9 နဲ႔ မတူညီပဲ မ်က္ႏွာျပင္ေဘာင္ေတြ ေကြးၫြတ္ထားၿပီး ပိုမိုႀကီးမားလာဖြယ္ ရွိပါတယ္။

အဆိုပါ Mi 9 Pro 5G နဲ႔ Mi Mix series စမတ္ဖုန္းေတြကိုေတာ့ Snapdragon 855+ chipset နဲ႔ ေမာင္းႏွင္ေပးထားဖြယ္ရွိၿပီး၊ 5G ကြန္ယက္ အသုံးျပဳႏိုင္ဖို႔အတြက္ Qualcomm ရဲ႕ X50 5G modem ကို တပ္ဆင္ေပးထားမွာပါ။၎တို႔မွာ ပါဝင္တဲ့ 4,000mAh ပမာဏရွိ ဘက္ထရီကို ႀကိဳးမဲ့အားသြင္းႏိုင္ရန္အတြက္ 30W Mi Charge Turbo ႀကိဳးမဲ့ ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္သစ္ကို ထည့္သြင္းေပးထားမွာပါ။

Mi 9 Pro 5G နဲ႔ Mi Mix series စမတ္ဖုန္းေတြကို စက္တင္ဘာ ၂၄ ရက္မွာ မိတ္ဆက္သြားမွာျဖစ္ၿပီး၊ လာမယ့္ ရက္သတၱပတ္ကေတာ့ Xiaomi ခ်စ္သူေတြအတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာေတြနဲ႔ ျပည့္ႏွက္ေနမွာ အေသအခ်ာပဲ ျဖစ္ပါတယ္။

Damien