【 နည်းပညာ 】စိတ်လှုပ်ရှားဖွယ် အသွင်သစ်နဲ့ထွက်ပေါ်လာမယ့် Pokémon ဂိမ်းသစ်

【  နည်းပညာ  】စိတ်လှုပ်ရှားဖွယ် အသွင်သစ်နဲ့ထွက်ပေါ်လာမယ့် Pokémon ဂိမ်းသစ်

လွန်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက The Pokémkn Company ရဲ့ အကြီးအကဲ Tsunekazu Ishihara မှ ကြေညာမှုအသစ်တစ်ခုကို ပြုလုပ်ပေးခဲ့ပါတယ်။

Tsunekazu Ishihara ကြေညာခဲ့တာကတော့ အခြားမဟုတ်ပါဘူး။ကမ္ဘာတစ်ဝန်း အကြီးအကျယ်အောင်မြင်ခဲ့တဲ့ Pokémon Go ဂိမ်း ထွက်ရှိခဲ့အပြီးမှာ နောက်ထပ်ဂိမ်းသစ်တစ်ခုထွက်ရှိသွားမယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

The Pokémon Company မှ ထွက်ရှိလာမယ့် ဂိမ်းသစ်ကို Pokémon Unite လို့ အမည်ပေးထားပြီး၊ ထွက်ပေါ်လာတဲ့ ကြော်ငြာ ဗီဒီယိုတွေ အရတော့ Pokémon ချစ်သူတွေ အကြိုက်တွေ့ဦးမှာပါပဲ။

ကြော်ငြာဗီဒီယိုအရတော့ ဂိမ်းပုံစံကို လတ်တလောခေတ်စားနေတဲ့ Moba ဂိမ်း တစ်ဖက်ငါးယောက် ယှဉ်ပြိုင်တိုက်ခိုက်ရတဲ့ ဂိမ်းပုံစံ ဘက်ကို ဦးတည်ထားတာမြင်တွေ့ရပြီး၊ ဆော့ကစားသူအနေနဲ့ မိမိရဲ့ ပိုကီမွန်အကောင်လေးတွေနဲ့ တိုက်ခိုက်အနိုင်ယူရမှာ ဖြစ်ပါ တယ်။ပိုကီမွန်အကောင်လေးအနေနဲ့ ဂိမ်းစစခြင်းမှာ တစ်ဖက်ရန်သူတွေကိုတိုက်ခိုက်ကာ အဆင့်မြှင့်တင်ရမှာဖြစ်ပြီး၊ အွန်လိုင်းဂိမ်း ဖြစ်မယ်လို့ ယူဆရပါတယ်။ တစ်ဖက်ကို ငါးယောက် စုစည်းကစားရမှာဖြစ်ပြီး၊ လတ်တလောခေတ်စားနေတဲ့ Mobile Legends ဂိမ်းလိုမျိုး Moba ပုံစံဖြစ်ပါတယ်။

ဂိမ်းထဲမှာ ဘယ်လိုပိုကီမွန်အကောင်လေးတွေ ပါဝင်လာမလဲဆိုတာ သေချာမသိရသေးပေမယ့် ပိုကီမွန်အချစ်တော်တွေရဲ့အသဲစွဲ ပီကာချူးလေးကတော့ ပါဝင်လာမှာ အသေအချာပါပဲ။

Pokémon Unite ထွက်ရှိမယ့်ရက်ကိုတော့ အသေအချာမသိရသေးပဲ၊ Android, IOS နဲ့ Nintendo Switch တွေပေါ်မှာ ဆော့ကစား နိုင်မယ်လို့ သိရပါတယ်။

Damien 

(  Zawgyi   )

 လြန္ခဲ့တဲ့ ဗုဒၶဟူးေန႔တုန္းက The Pokémkn Company ရဲ႕ အႀကီးအကဲ Tsunekazu Ishihara မွ ေၾကညာမႈအသစ္တစ္ခုကို ျပဳလုပ္ေပးခဲ့ပါတယ္။

Tsunekazu Ishihara ေၾကညာခဲ့တာကေတာ့ အျခားမဟုတ္ပါဘူး။ကမာၻတစ္ဝန္း အႀကီးအက်ယ္ေအာင္ျမင္ခဲ့တဲ့ Pokémon Go ဂိမ္း ထြက္ရွိခဲ့အၿပီးမွာ ေနာက္ထပ္ဂိမ္းသစ္တစ္ခုထြက္ရွိသြားမယ္လို႔ ေၾကညာခဲ့တာျဖစ္ပါတယ္။

The Pokémon Company မွ ထြက္ရွိလာမယ့္ ဂိမ္းသစ္ကို Pokémon Unite လို႔ အမည္ေပးထားၿပီး၊ ထြက္ေပၚလာတဲ့ ေၾကာ္ျငာ ဗီဒီယိုေတြ အရေတာ့ Pokémon ခ်စ္သူေတြ အႀကိဳက္ေတြ႕ဦးမွာပါပဲ။

ေၾကာ္ျငာဗီဒီယိုအရေတာ့ ဂိမ္းပုံစံကို လတ္တေလာေခတ္စားေနတဲ့ Moba ဂိမ္း တစ္ဖက္ငါးေယာက္ ယွဥ္ၿပိဳင္တိုက္ခိုက္ရတဲ့ ဂိမ္းပုံစံ ဘက္ကို ဦးတည္ထားတာျမင္ေတြ႕ရၿပီး၊ ေဆာ့ကစားသူအေနနဲ႔ မိမိရဲ႕ ပိုကီမြန္အေကာင္ေလးေတြနဲ႔ တိုက္ခိုက္အႏိုင္ယူရမွာ ျဖစ္ပါ တယ္။ပိုကီမြန္အေကာင္ေလးအေနနဲ႔ ဂိမ္းစစျခင္းမွာ တစ္ဖက္ရန္သူေတြကိုတိုက္ခိုက္ကာ အဆင့္ျမႇင့္တင္ရမွာျဖစ္ၿပီး၊ အြန္လိုင္းဂိမ္း ျဖစ္မယ္လို႔ ယူဆရပါတယ္။ တစ္ဖက္ကို ငါးေယာက္ စုစည္းကစားရမွာျဖစ္ၿပီး၊ လတ္တေလာေခတ္စားေနတဲ့ Mobile Legends ဂိမ္းလိုမ်ိဳး Moba ပုံစံျဖစ္ပါတယ္။

ဂိမ္းထဲမွာ ဘယ္လိုပိုကီမြန္အေကာင္ေလးေတြ ပါဝင္လာမလဲဆိုတာ ေသခ်ာမသိရေသးေပမယ့္ ပိုကီမြန္အခ်စ္ေတာ္ေတြရဲ႕အသဲစြဲ ပီကာခ်ဴးေလးကေတာ့ ပါဝင္လာမွာ အေသအခ်ာပါပဲ။

Pokémon Unite ထြက္ရွိမယ့္ရက္ကိုေတာ့ အေသအခ်ာမသိရေသးပဲ၊ Android, IOS နဲ႔ Nintendo Switch ေတြေပၚမွာ ေဆာ့ကစား ႏိုင္မယ္လို႔ သိရပါတယ္။

Damien