【 နည်းပညာ 】စမတ်ဖုန်းသစ် ထပ်မံမိတ်ဆက်သွားမယ့် HTC

【  နည်းပညာ  】စမတ်ဖုန်းသစ် ထပ်မံမိတ်ဆက်သွားမယ့် HTC

မြန်မာနိုင်ငံက စမတ်ဖုန်းသုံးစွဲသူတွေကြားထဲ ‌လူကြိုက်များ‌ရေပန်းစားခဲ့ပြီးနောက်  စမတ်ဖုန်း ဈေးကွက်ထဲမှာ ငြိမ်သက်နေခဲ့တဲ့ HTC ကုမ္ပဏီကတော့ စမတ်ဖုန်းသစ်တွေကို ဆက်လက် ထုတ်လုပ် သွားဦးမယ့်ပုံပါပဲ။

ကျနော်တို့အနေနဲ့လည်း HTC ရဲ့ စမတ်ဖုန်းသစ်တွေကို မမြင်တွေ့ရတာ အချိန်ကာလကြာမြင့် နေပါ ပြီ။ဒါပေမယ့် HTC ရဲ့ ထိုင်ဝမ်ဝဘ်ဆိုက်မှာတော့ ဇွန် ၁၆ ရက်နေ့ ရက်စွဲနဲ့အတူ စမတ်ဖုန်းဓာတ်ပုံကို ထိပ်ဆုံးခေါင်းစည်းဓာတ်ပုံအဖြစ် တင်ထားတာ မြင်တွေ့ရပြီးနောက်မှာ HTC ရဲ့ စမတ်ဖုန်းသစ်ကတော့ မကြာမီမြင်တွေ့ရတော့မှာ အသေအချာပါပဲ။

HTC မိတ်ဆက်သွားမယ့် စမတ်ဖုန်းသစ်ဟာ နာမည်ကြီးခဲ့တဲ့ Desire series အဖြစ် ထွက်ပေါ်လာ ဖွယ်ရှိပြီး၊ Desire 20 Pro လို့ အမည်ပေးထားဖွယ်ရှိကြောင်း သိရပါတယ်။ HTC ရဲ့ ဝဘ်ဆိုက်မှာ တင်ထား တဲ့ ဓာတ်ပုံအရ စမတ်ဖုန်းရဲ့ မျက်နှာပြင်ဘယ်ဘက်ထောင့်မှာ ရှေ့ဘက် ကင်မရာကို အပေါက်ဖောက်ထည့်သွင်းထားမှာဖြစ်ပြီး၊ နောက်ဘက် ကင်မရာတွေကိုတော့ စမတ်ဖုန်းနောက်ဘက် ဘယ်ဘက်မှာပဲ ဒေါင်လိုက်တပ်ဆင်ထားတာကို မြင်တွေ့ရပါတယ်။ HTC ရဲ့ ပထမဆုံး punch-hole  ကင်မရာပါဝင်တဲ့ စမတ်ဖုန်းလည်းဖြစ်ပြီး၊ ကင်မရာစွမ်းဆောင်ရည်ကိုတော့ တိတိကျကျ မသိရှိ ရသေးပါဘူး။ဒါပေမယ့် နောက်ဘက် ကင်မရာလေးလုံးအထိ တပ်ဆင်ပေးထားမယ်လို့တော့ သတင်းတွေထွက်ပေါ်နေပါတယ်။

စိတ်မကောင်းစရာ သတင်းကတော့ Desire 20 Pro စမတ်ဖုန်းသစ်ဟာ စွမ်းဆောင်ရည်မြင့်မားတဲ့ flagship စမတ်ဖုန်းအဖြစ် ထွက်ရှိလာမှာမဟုတ်ပါဘူး။၎င်းမှာ Snapdragon 660 သို့မဟုတ် 665 SoC နဲ့ မောင်းနှင်ပေးထားဖွယ်ရှိပြီး၊ အလယ်လတ်တန်း စွမ်းဆောင်ရည်နဲ့သာ ပွဲထွက်လာဖွယ်ရှိပါတယ်။

အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ ၆.၅ လက်မ အရွယ်အစား FHD+ LCD မျက်နှာပြင်ကို တပ်ဆင်ပေးထားပြီး၊ မမ်မိုရီ 6GB ပါဝင်လာဖွယ်ရှိတယ်လို့လည်း သိရပါတယ်။

Damien

(  Zawgyi  )

 ျမန္မာႏိုင္ငံက စမတ္ဖုန္းသုံးစြဲသူေတြၾကားထဲ ‌လူႀကိဳက္မ်ား‌ေရပန္းစားခဲ့ၿပီးေနာက္  စမတ္ဖုန္း ေဈးကြက္ထဲမွာ ၿငိမ္သက္ေနခဲ့တဲ့ HTC ကုမၸဏီကေတာ့ စမတ္ဖုန္းသစ္ေတြကို ဆက္လက္ ထုတ္လုပ္ သြားဦးမယ့္ပုံပါပဲ။

က်ေနာ္တို႔အေနနဲ႔လည္း HTC ရဲ႕ စမတ္ဖုန္းသစ္ေတြကို မျမင္ေတြ႕ရတာ အခ်ိန္ကာလၾကာျမင့္ ေနပါ ၿပီ။ဒါေပမယ့္ HTC ရဲ႕ ထိုင္ဝမ္ဝဘ္ဆိုက္မွာေတာ့ ဇြန္ ၁၆ ရက္ေန႔ ရက္စြဲနဲ႔အတူ စမတ္ဖုန္းဓာတ္ပုံကို ထိပ္ဆုံးေခါင္းစည္းဓာတ္ပုံအျဖစ္ တင္ထားတာ ျမင္ေတြ႕ရၿပီးေနာက္မွာ HTC ရဲ႕ စမတ္ဖုန္းသစ္ကေတာ့ မၾကာမီျမင္ေတြ႕ရေတာ့မွာ အေသအခ်ာပါပဲ။

HTC မိတ္ဆက္သြားမယ့္ စမတ္ဖုန္းသစ္ဟာ နာမည္ႀကီးခဲ့တဲ့ Desire series အျဖစ္ ထြက္ေပၚလာ ဖြယ္ရွိၿပီး၊ Desire 20 Pro လို႔ အမည္ေပးထားဖြယ္ရွိေၾကာင္း သိရပါတယ္။ HTC ရဲ႕ ဝဘ္ဆိုက္မွာ တင္ထား တဲ့ ဓာတ္ပုံအရ စမတ္ဖုန္းရဲ႕ မ်က္ႏွာျပင္ဘယ္ဘက္ေထာင့္မွာ ေရွ႕ဘက္ ကင္မရာကို အေပါက္ေဖာက္ထည့္သြင္းထားမွာျဖစ္ၿပီး၊ ေနာက္ဘက္ ကင္မရာေတြကိုေတာ့ စမတ္ဖုန္းေနာက္ဘက္ ဘယ္ဘက္မွာပဲ ေဒါင္လိုက္တပ္ဆင္ထားတာကို ျမင္ေတြ႕ရပါတယ္။ HTC ရဲ႕ ပထမဆုံး punch-hole  ကင္မရာပါဝင္တဲ့ စမတ္ဖုန္းလည္းျဖစ္ၿပီး၊ ကင္မရာစြမ္းေဆာင္ရည္ကိုေတာ့ တိတိက်က် မသိရွိ ရေသးပါဘူး။ဒါေပမယ့္ ေနာက္ဘက္ ကင္မရာေလးလုံးအထိ တပ္ဆင္ေပးထားမယ္လို႔ေတာ့ သတင္းေတြထြက္ေပၚေနပါတယ္။

စိတ္မေကာင္းစရာ သတင္းကေတာ့ Desire 20 Pro စမတ္ဖုန္းသစ္ဟာ စြမ္းေဆာင္ရည္ျမင့္မားတဲ့ flagship စမတ္ဖုန္းအျဖစ္ ထြက္ရွိလာမွာမဟုတ္ပါဘူး။၎မွာ Snapdragon 660 သို႔မဟုတ္ 665 SoC နဲ႔ ေမာင္းႏွင္ေပးထားဖြယ္ရွိၿပီး၊ အလယ္လတ္တန္း စြမ္းေဆာင္ရည္နဲ႔သာ ပြဲထြက္လာဖြယ္ရွိပါတယ္။

အတည္မျပဳႏိုင္ေသးတဲ့ သတင္းေတြအရ ၆.၅ လက္မ အ႐ြယ္အစား FHD+ LCD မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားၿပီး၊ မမ္မိုရီ 6GB ပါဝင္လာဖြယ္ရွိတယ္လို႔လည္း သိရပါတယ္။

Damien