【 နည်းပညာ 】စမတ်ဖုန်းလွတ်ကျတတ်သူတွေအတွက် LG K42

【 နည်းပညာ 】စမတ်ဖုန်းလွတ်ကျတတ်သူတွေအတွက် LG K42

ကိုရီးယားနည်းပညာကုမ္ပဏီကြီး LG ကတော့ စမတ်ဖုန်းဈေးကွက်မှာ အရှုံးပေါ်နေတယ်ဆိုပေမယ့် စမတ်ဖုန်းသစ်တွေကိုတော့ ဆက်လက်မိတ်ဆက်နေတာကို မြင်တွေ့ရပါတယ်။
 
ယခုလည်း လွတ်ကျတာ၊ ထိခိုက်မိတာတွေကို ခံနိုင်မယ့် အကြမ်းခံစမတ်ဖုန်းတစ်လုံးကို မိတ်ဆက်လိုက်တယ်လို့လည်း သိရပါတယ်။
 
LG K42 လို့ အမည်ရတဲ့ LG ရဲ့ စမတ်ဖုန်းသစ်ဟာ စွမ်းဆောင်ရည်ပိုင်းအရတော့ သာမန်စမတ်ဖုန်းတစ်လုံးထက်မပိုပါဘူး။ဒါပေမယ့် ထူးခြားချက်ရှိပြီး၊ ၎င်းစမတ်ဖုန်းဟာ စစ်တပ်အဆင့်ကို အကြမ်းခံနိုင်မယ်လို့ LG က ဆိုထားပါတယ်။ဒီစမတ်ဖုန်းဟာ ခနခန ဖုန်းလွတ်ကျတတ်သူတွေအတွက်တော့ အကြိုက်တွေ့စရာ စမတ်ဖုန်းလည်းဖြစ်လာမှာ သေချာပါတယ်။ဒါ့အပြင် ဈေးနှုန်းကိုလည်း $150 သာ သတ်မှတ်ထားတဲ့အတွက် ဈေးနှုန်းချိုသာတယ်လို့ ဆိုရမှာဖြစ်ပြီး၊ LG ဘက်ကလည်း LG K42 စမတ်ဖုန်း နှစ်နှစ်အတွင်း မှန်ကွဲခဲ့ရင် ပြန်လဲပေးမယ်လို့လည်း အာမခံထားပါသေးတယ်။
 
LG K42 ရဲ့ စွမ်းဆောင်ရည် အပြည့်အစုံကတော့ ၆.၆ လက်မ အရွယ်အစားရှိတဲ့ 720x1600 resolution အဆင့် မျက်နှာပြင်ကို တပ်ဆင်အသုံးပြုပေးထားပြီး၊ မမ်မိုရီ 3GB နဲ့ သိမ်းဆည်းနိုင်မှု 64GB ပါဝင်မှာဖြစ်ပါတယ်။ MediaTek ရဲ့ Helio P22 chipset နဲ့ မောင်းနှင်ပေးထားတာဖြစ်ပြီး၊ microSD ကဒ်ကို ထပ်စိုက်တာ သိမ်းဆည်းနိုင်မှုကို ထပ်မံတိုးမြှင့်နိုင်ပါသေးတယ်။
 
ကင်မရာပိုင်းမှာတော့ ရှေ့၊ နောက် ကင်မရာစုစုပေါင်း ၅ လုံးပါဝင်ပြီး၊ နောက်ဘက် ကင်မရာ ၄ လုံးကတော့ 13MP အဓိက ကင်မရာ၊ မြင်ကွင်းကျယ် 5MP ultrawide, အနီးကပ် 2MP macro နဲ့ ရုပ်ထွက်တိကျဖို့ 2MP depth တို့ဖြစ်ပြီး၊ ရှေ့ဘက် ကင်မရာကတော့ 8MP ဖြစ်ပါတယ်။
 
ဘက်ထရီ 4,000 mAh ကတော့ နည်းတယ်လို့ မဆိုနိုင်ပါဘူး။လူမှုကွန်ယက်သုံးတာ၊ သီချင်းနားထောင်တာ၊ မေးလ်စစ်တာတွေလောက် အသုံးပြုမယ်ဆိုရင် မေ့လောက်အောင်ကို အသုံးပြုနိုင်ပါတယ်။လက်ဗွေဖတ်ကိရိယာကိုတော့ စမတ်ဖုန်းဘေးဘောင်မှာ တပ်ဆင်ထားပြီး၊ အကြမ်းခံအဆင့် MIL-STD 810G စစ်တပ်အဆင့် ထောက်ခံချက် ရရှိထားပါတယ်။
 
တစ်ခုသတိပေးလိုတာက LG K42 ဟာ ဂိမ်းကစားဖို့မဟုတ်ပါဘူး၊ သူ့ရဲ့ စွမ်းဆောင်ရည်ဟာ သာမန်ပါပဲ။အကယ်လို့ သင်ဟာ ဂိမ်းအသားပေးမယ်ဆိုရင် LG K42 ကို မရွေးသင့်ပဲ၊ အကြမ်းခံပြီး သာမန်စွမ်းဆောင်ရည်နဲ့ စမတ်ဖုန်းဆိုရင်တော့ LG K42 ကိုသာ ရဲရဲကြီးရွေးချယ်လိုက်ဖို့ အကြံပြုလိုက်ပါတယ်။
 
Damien 
 
(  Zawgyi  )
 
 ကိုရီးယားနည္းပညာကုမၸဏီႀကီး LG ကေတာ့ စမတ္ဖုန္းေဈးကြက္မွာ အရႈံးေပၚေနတယ္ဆိုေပမယ့္ စမတ္ဖုန္းသစ္ေတြကိုေတာ့ ဆက္လက္မိတ္ဆက္ေနတာကို ျမင္ေတြ႕ရပါတယ္။
 
ယခုလည္း လြတ္က်တာ၊ ထိခိုက္မိတာေတြကို ခံႏိုင္မယ့္ အၾကမ္းခံစမတ္ဖုန္းတစ္လုံးကို မိတ္ဆက္လိုက္တယ္လို႔လည္း သိရပါတယ္။
 
LG K42 လို႔ အမည္ရတဲ့ LG ရဲ႕ စမတ္ဖုန္းသစ္ဟာ စြမ္းေဆာင္ရည္ပိုင္းအရေတာ့ သာမန္စမတ္ဖုန္းတစ္လုံးထက္မပိုပါဘူး။ဒါေပမယ့္ ထူးျခားခ်က္ရွိၿပီး၊ ၎စမတ္ဖုန္းဟာ စစ္တပ္အဆင့္ကို အၾကမ္းခံႏိုင္မယ္လို႔ LG က ဆိုထားပါတယ္။ဒီစမတ္ဖုန္းဟာ ခနခန ဖုန္းလြတ္က်တတ္သူေတြအတြက္ေတာ့ အႀကိဳက္ေတြ႕စရာ စမတ္ဖုန္းလည္းျဖစ္လာမွာ ေသခ်ာပါတယ္။ဒါ့အျပင္ ေဈးႏႈန္းကိုလည္း $150 သာ သတ္မွတ္ထားတဲ့အတြက္ ေဈးႏႈန္းခ်ိဳသာတယ္လို႔ ဆိုရမွာျဖစ္ၿပီး၊ LG ဘက္ကလည္း LG K42 စမတ္ဖုန္း ႏွစ္ႏွစ္အတြင္း မွန္ကြဲခဲ့ရင္ ျပန္လဲေပးမယ္လို႔လည္း အာမခံထားပါေသးတယ္။
 
LG K42 ရဲ႕ စြမ္းေဆာင္ရည္ အျပည့္အစုံကေတာ့ ၆.၆ လက္မ အ႐ြယ္အစားရွိတဲ့ 720x1600 resolution အဆင့္ မ်က္ႏွာျပင္ကို တပ္ဆင္အသုံးျပဳေပးထားၿပီး၊ မမ္မိုရီ 3GB နဲ႔ သိမ္းဆည္းႏိုင္မႈ 64GB ပါဝင္မွာျဖစ္ပါတယ္။ MediaTek ရဲ႕ Helio P22 chipset နဲ႔ ေမာင္းႏွင္ေပးထားတာျဖစ္ၿပီး၊ microSD ကဒ္ကို ထပ္စိုက္တာ သိမ္းဆည္းႏိုင္မႈကို ထပ္မံတိုးျမႇင့္ႏိုင္ပါေသးတယ္။
 
ကင္မရာပိုင္းမွာေတာ့ ေရွ႕၊ ေနာက္ ကင္မရာစုစုေပါင္း ၅ လုံးပါဝင္ၿပီး၊ ေနာက္ဘက္ ကင္မရာ ၄ လုံးကေတာ့ 13MP အဓိက ကင္မရာ၊ ျမင္ကြင္းက်ယ္ 5MP ultrawide, အနီးကပ္ 2MP macro နဲ႔ ႐ုပ္ထြက္တိက်ဖို႔ 2MP depth တို႔ျဖစ္ၿပီး၊ ေရွ႕ဘက္ ကင္မရာကေတာ့ 8MP ျဖစ္ပါတယ္။
 
ဘက္ထရီ 4,000 mAh ကေတာ့ နည္းတယ္လို႔ မဆိုႏိုင္ပါဘူး။လူမႈကြန္ယက္သုံးတာ၊ သီခ်င္းနားေထာင္တာ၊ ေမးလ္စစ္တာေတြေလာက္ အသုံးျပဳမယ္ဆိုရင္ ေမ့ေလာက္ေအာင္ကို အသုံးျပဳႏိုင္ပါတယ္။လက္ေဗြဖတ္ကိရိယာကိုေတာ့ စမတ္ဖုန္းေဘးေဘာင္မွာ တပ္ဆင္ထားၿပီး၊ အၾကမ္းခံအဆင့္ MIL-STD 810G စစ္တပ္အဆင့္ ေထာက္ခံခ်က္ ရရွိထားပါတယ္။
 
တစ္ခုသတိေပးလိုတာက LG K42 ဟာ ဂိမ္းကစားဖို႔မဟုတ္ပါဘူး၊ သူ႔ရဲ႕ စြမ္းေဆာင္ရည္ဟာ သာမန္ပါပဲ။အကယ္လို႔ သင္ဟာ ဂိမ္းအသားေပးမယ္ဆိုရင္ LG K42 ကို မေ႐ြးသင့္ပဲ၊ အၾကမ္းခံၿပီး သာမန္စြမ္းေဆာင္ရည္နဲ႔ စမတ္ဖုန္းဆိုရင္ေတာ့ LG K42 ကိုသာ ရဲရဲႀကီးေ႐ြးခ်ယ္လိုက္ဖို႔ အႀကံျပဳလိုက္ပါတယ္။
 
Damien