【 နည်းပညာ 】စမတ်နာရီကြောင့် ကိုဗက် ကြုံပေမယ့် အခြေအနေကောင်းနေတဲ့ Apple

【  နည်းပညာ  】စမတ်နာရီကြောင့် ကိုဗက် ကြုံပေမယ့်  အခြေအနေကောင်းနေတဲ့ Apple

iPhone, iPad တွေ ထုတ်လုပ်တဲ့ ကုမ္ပဏီကြီး Apple ကတော့ ကမ္ဘာ့စမတ်နာရီဈေးကွက်ကို ဆက်လက်လွှမ်းမိုးထားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပြန့်ပွါးမှုကြောင့် စမတ်နာရီရောင်းအားတွေ ကျဆင်းနေပေမယ့် လည်း Apple ထုတ်ကုန် Apple Watch တွေကတော့ ယခုထိရောင်းအားကောင်းနေဆဲဆိုပါတယ်။

Counterpoint Research က ဖော်ပြတဲ့ အချက်အလက်တွေအရ Apple ကုမ္ပဏီဟာ ၂၀၂၀ ခုနှစ် ကမ္ဘာ့စမတ်နာရီရောင်းအားရဲ့ ထက်ဝက်ကျော်ကို လွှမ်းမိုးထားနိုင်ခဲ့ကြောင်း သိရပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း Apple Watch တွေ ရောင်းအား အထူးကောင်းမွန်ခဲ့ရာမှာ နောက်ဆုံးထွက် Apple Watch Series 5 ကတော့ ရောင်းအားအကောင်းဆုံး စမတ်နာရီဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လဲ Apple အနေနဲ့ ၂၀၂၀ ခုနှစ် ပထမနှစ်ဝက်မှာ ကမ္ဘာ့စမတ်နာရီရောင်းအားရဲ့ ၅၁.၄ ရာခိုင်နှုန်း အထိ လွှမ်းမိုးထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Apple နောက်မှာ Garmin နဲ့ Huawei အမှတ်တံဆိပ် စမတ်နာရီတွေက ဒုတိယနဲ့ တတိယ ရောင်းအားအကောင်းဆုံးနေရာမှာ ရပ်တည်နေတယ်ဆိုပါတယ်။

Apple ရဲ့ရောင်းအားက တစ်နှစ်ထက် တစ်နှစ် ၂၀ ရာခိုင်နှုန်း တိုးလာလျက်ရှိပြီး၊ လာမယ့် နှစ်တွေမှာလည်း ဒီထက်ရောင်းအားတွေတက်လာဦးမယ်လို့ ခန့်မှန်းထားပါတယ်။

Damien 

 

(  Zawgyi  )

 

 iPhone, iPad ေတြ ထုတ္လုပ္တဲ့ ကုမၸဏီႀကီး Apple ကေတာ့ ကမာၻ႔စမတ္နာရီေဈးကြက္ကို ဆက္လက္လႊမ္းမိုးထားခဲ့ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ေရာဂါျပန႔္ပြါးမႈေၾကာင့္ စမတ္နာရီေရာင္းအားေတြ က်ဆင္းေနေပမယ့္ လည္း Apple ထုတ္ကုန္ Apple Watch ေတြကေတာ့ ယခုထိေရာင္းအားေကာင္းေနဆဲဆိုပါတယ္။

Counterpoint Research က ေဖာ္ျပတဲ့ အခ်က္အလက္ေတြအရ Apple ကုမၸဏီဟာ ၂၀၂၀ ခုႏွစ္ ကမာၻ႔စမတ္နာရီေရာင္းအားရဲ႕ ထက္ဝက္ေက်ာ္ကို လႊမ္းမိုးထားႏိုင္ခဲ့ေၾကာင္း သိရပါတယ္။ ၂၀၂၀ ခုႏွစ္အတြင္း Apple Watch ေတြ ေရာင္းအား အထူးေကာင္းမြန္ခဲ့ရာမွာ ေနာက္ဆုံးထြက္ Apple Watch Series 5 ကေတာ့ ေရာင္းအားအေကာင္းဆုံး စမတ္နာရီျဖစ္ခဲ့ပါတယ္။ ဒါေၾကာင့္ လဲ Apple အေနနဲ႔ ၂၀၂၀ ခုႏွစ္ ပထမႏွစ္ဝက္မွာ ကမာၻ႔စမတ္နာရီေရာင္းအားရဲ႕ ၅၁.၄ ရာခိုင္ႏႈန္း အထိ လႊမ္းမိုးထားႏိုင္ခဲ့တာလည္း ျဖစ္ပါတယ္။

Apple ေနာက္မွာ Garmin နဲ႔ Huawei အမွတ္တံဆိပ္ စမတ္နာရီေတြက ဒုတိယနဲ႔ တတိယ ေရာင္းအားအေကာင္းဆုံးေနရာမွာ ရပ္တည္ေနတယ္ဆိုပါတယ္။

Apple ရဲ႕ေရာင္းအားက တစ္ႏွစ္ထက္ တစ္ႏွစ္ ၂၀ ရာခိုင္ႏႈန္း တိုးလာလ်က္ရွိၿပီး၊ လာမယ့္ ႏွစ္ေတြမွာလည္း ဒီထက္ေရာင္းအားေတြတက္လာဦးမယ္လို႔ ခန႔္မွန္းထားပါတယ္။

Damien