【 နည်းပညာ 】စက်တင်ဘာ ၁ ရက်နေ့မှာ မိတ်ဆက်လာတော့မယ့် Samsung ရဲ့ ကွေးညွတ် ဖုန်းသစ်

【  နည်းပညာ  】စက်တင်ဘာ ၁ ရက်နေ့မှာ မိတ်ဆက်လာတော့မယ့် Samsung ရဲ့ ကွေးညွတ် ဖုန်းသစ်

ဩဂုတ်လ ၅ ရက်နေ့မှာ ကျင်းပခဲ့တဲ့ Galaxy Unpacked ပွဲတုန်းက ကွေးညွတ်ဖုန်းသစ် Galaxy Z Fold 2 အကြောင်းကို Samsung ဘက်မှ အသေးစိတ်ပြောကြားသွားခြင်း မရှိပါဘူး။

လာမယ့် စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် Unpacked livestream တိုက်ရိုက်လွှင့်တင် မိတ်ဆက်ပွဲမှာတော့ Galaxy Z Fold 2 ကို မိတ်ဆက်သွားတော့မယ်လို့ Samsung ဘက်က အတည်ပြုသွားခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

Samsung တရားဝင်ဝဘ်ဆိုဒ်မှာ တင်ထားတဲ့ ပုံတွေအရ Galaxy Fold 2 မှာ infinity O မျက်နှာပြင် ပါဝင်လာပြီဖြစ်ပြီး၊ ပုံတွေအရတော့ ကွေးညွတ်ဖုန်းသစ်မှာ ကင်မရာငါးလုံးထိ ပါဝင်လာမှာဖြစ်ပါတယ်။ယခင် ပထမမျိုးဆက် Galaxy Fold လိုပဲ အတွင်းဘက် ကွေးညွတ်ခေါက်သိမ်းတဲ့ ပုစံပဲဖြစ်ပြီး၊ အရောင်အသွေးပိုင်းမှာတော့ ပိုမိုလှပလာတာ မြင်တွေ့ရပါတယ်။ 5G ကွန်ယက်ချိတ်ဆက်မှု ပါဝင်လာပြီဖြစ်ပြီး၊ ကွေးညွတ်ထားချိန် ၆.၂ လက်မ အရွယ်အစားရှိမှာဖြစ်ပြီး၊ ကွေးညွတ်မထားချိန် ဆိုရင်တော့ ၇.၆ လက်မရှိမှာဖြစ်ပါတယ်။အရောင်ပိုင်းမှာတော့ အမည်းရောင်နဲ့ ရွှေရောင်ဆိုပြီး အရောင်နှစ်မျိုး ထွက်ရှိလာနိုင်ပါတယ်။

Samsung ကွေးညွတ်ဖုန်းသစ် Galaxy Fold 2 ရဲ့ အသေးစိတ်အချက်အလက်တွေတော့ သိရှိရခြင်း မရှိသေးပါဘူး။စက်တင်ဘာလ ၁ ရက်နေ့မှာ Unpacked livestream ပွဲကိုတော့ Samsung တရားဝင်ဝဘ်ဆိုဒ်တွေမှာ တိုက်ရိုက်တင်ဆက် သွားမယ်လို့ သိရပါတယ်။

Damien

 

(  Zawgyi  )

 

 ဩဂုတ္လ ၅ ရက္ေန႔မွာ က်င္းပခဲ့တဲ့ Galaxy Unpacked ပြဲတုန္းက ေကြးၫြတ္ဖုန္းသစ္ Galaxy Z Fold 2 အေၾကာင္းကို Samsung ဘက္မွ အေသးစိတ္ေျပာၾကားသြားျခင္း မရွိပါဘူး။

လာမယ့္ စက္တင္ဘာ ၁ ရက္ေန႔မွာ ျပဳလုပ္မယ့္ Unpacked livestream တိုက္႐ိုက္လႊင့္တင္ မိတ္ဆက္ပြဲမွာေတာ့ Galaxy Z Fold 2 ကို မိတ္ဆက္သြားေတာ့မယ္လို႔ Samsung ဘက္က အတည္ျပဳသြားခဲ့ၿပီးျဖစ္တယ္လို႔ သိရပါတယ္။

Samsung တရားဝင္ဝဘ္ဆိုဒ္မွာ တင္ထားတဲ့ ပုံေတြအရ Galaxy Fold 2 မွာ infinity O မ်က္ႏွာျပင္ ပါဝင္လာၿပီျဖစ္ၿပီး၊ ပုံေတြအရေတာ့ ေကြးၫြတ္ဖုန္းသစ္မွာ ကင္မရာငါးလုံးထိ ပါဝင္လာမွာျဖစ္ပါတယ္။ယခင္ ပထမမ်ိဳးဆက္ Galaxy Fold လိုပဲ အတြင္းဘက္ ေကြးၫြတ္ေခါက္သိမ္းတဲ့ ပုစံပဲျဖစ္ၿပီး၊ အေရာင္အေသြးပိုင္းမွာေတာ့ ပိုမိုလွပလာတာ ျမင္ေတြ႕ရပါတယ္။ 5G ကြန္ယက္ခ်ိတ္ဆက္မႈ ပါဝင္လာၿပီျဖစ္ၿပီး၊ ေကြးၫြတ္ထားခ်ိန္ ၆.၂ လက္မ အ႐ြယ္အစားရွိမွာျဖစ္ၿပီး၊ ေကြးၫြတ္မထားခ်ိန္ ဆိုရင္ေတာ့ ၇.၆ လက္မရွိမွာျဖစ္ပါတယ္။အေရာင္ပိုင္းမွာေတာ့ အမည္းေရာင္နဲ႔ ေ႐ႊေရာင္ဆိုၿပီး အေရာင္ႏွစ္မ်ိဳး ထြက္ရွိလာႏိုင္ပါတယ္။

Samsung ေကြးၫြတ္ဖုန္းသစ္ Galaxy Fold 2 ရဲ႕ အေသးစိတ္အခ်က္အလက္ေတြေတာ့ သိရွိရျခင္း မရွိေသးပါဘူး။စက္တင္ဘာလ ၁ ရက္ေန႔မွာ Unpacked livestream ပြဲကိုေတာ့ Samsung တရားဝင္ဝဘ္ဆိုဒ္ေတြမွာ တိုက္႐ိုက္တင္ဆက္ သြားမယ္လို႔ သိရပါတယ္။

Damien