【 နည်းပညာ 】စက်တင်ဘာလမှာ ပျောက်ကွယ်သွားတော့မယ့် Facebook ရဲ့ ဒီဇိုင်းသွင်ပြင်

【   နည်းပညာ  】စက်တင်ဘာလမှာ ပျောက်ကွယ်သွားတော့မယ့် Facebook ရဲ့ ဒီဇိုင်းသွင်ပြင်

ကျနော်တို့ ကွန်ပျူတာမှာ Facebook အသုံးပြုရင် မြင်တွေ့နေရတဲ့ ဒီဇိုင်းပုံစံဟောင်းကတော့ မကြာခင်မှာပဲ ပျောက်ကွယ်သွား တော့မှာပါ။

Facebook ကတော့ ဒီဇိုင်းပုံစံအသစ်ကို ပြောင်းလဲအသုံးပြုတော့မှာဖြစ်တဲ့အတွက် ဒီဇိုင်းဟောင်းကို လာမယ့် စက်တင်ဘာလမှာ ရှင်းလင်းဖယ်ထုတ်သွားမယ်လို့လည်း ဆိုပါတယ်။

ယခုလတ်တလောတော့ Facebook ဒီဇိုင်းဟောင်းကို ဆက်အသုံးပြုလို့ ရနေဦးမှာပါ။လူမှုကွန်ယက်ကုမ္ပဏီကြီး Facebook အနေနဲ့ ၎င်းရဲ့ ဒီဇိုင်းပုံစံသစ်ကို Facebook’s developer conference မှာ လွန်ခဲ့တဲ့နှစ်က ကြေညာခဲ့တာဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် မတ်လ မှာတော့ ကျယ်ကျယ်ပြန့်ပြန့် အသုံပြုနိုင်အောင် ပြုလုပ်ပေးခဲ့ပြီး၊ မူလ ဒီဇိုင်းပုံစံကိုလည်း ပြောင်းလဲအသုံးပြုနိုင်အောင် ပြုလုပ်ပေး ခဲ့ပါတယ်။ယခု လာမယ့် စက်တင်ဘာမှာတော့ Facebook မှ ၎င်းရဲ့ ဒီဇိုင်းပုံစံဟောင်းကို ဖျက်သိမ်းရန် ကြေညာလိုက်ပြီဖြစ်ပြီး၊ ဒီဇိုင်းပုံစံသစ်ကိုသာ ဆက်လက်အသုံးပြုရတော့မှာ ဖြစ်ပါတယ်။

Facebook ရဲ့ ဒီဇိုင်းပုံစံသစ်ဟာ ကြီးကြီးမားမား ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး၊ သုံးစွဲသူတွေအကြိုက် အနက်ရောင်သွင်ပြင် (dark mode) လည်း ပါဝင်လာခဲ့တာ မြင်တွေ့ရပါတယ်။

Damien

 

(  Zawgyi  )

 

 က်ေနာ္တို႔ ကြန္ပ်ဴတာမွာ Facebook အသုံးျပဳရင္ ျမင္ေတြ႕ေနရတဲ့ ဒီဇိုင္းပုံစံေဟာင္းကေတာ့ မၾကာခင္မွာပဲ ေပ်ာက္ကြယ္သြား ေတာ့မွာပါ။

Facebook ကေတာ့ ဒီဇိုင္းပုံစံအသစ္ကို ေျပာင္းလဲအသုံးျပဳေတာ့မွာျဖစ္တဲ့အတြက္ ဒီဇိုင္းေဟာင္းကို လာမယ့္ စက္တင္ဘာလမွာ ရွင္းလင္းဖယ္ထုတ္သြားမယ္လို႔လည္း ဆိုပါတယ္။

ယခုလတ္တေလာေတာ့ Facebook ဒီဇိုင္းေဟာင္းကို ဆက္အသုံးျပဳလို႔ ရေနဦးမွာပါ။လူမႈကြန္ယက္ကုမၸဏီႀကီး Facebook အေနနဲ႔ ၎ရဲ႕ ဒီဇိုင္းပုံစံသစ္ကို Facebook’s developer conference မွာ လြန္ခဲ့တဲ့ႏွစ္က ေၾကညာခဲ့တာျဖစ္ပါတယ္။ ၂၀၂၀ ခုႏွစ္ မတ္လ မွာေတာ့ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံျပဳႏိုင္ေအာင္ ျပဳလုပ္ေပးခဲ့ၿပီး၊ မူလ ဒီဇိုင္းပုံစံကိုလည္း ေျပာင္းလဲအသုံးျပဳႏိုင္ေအာင္ ျပဳလုပ္ေပး ခဲ့ပါတယ္။ယခု လာမယ့္ စက္တင္ဘာမွာေတာ့ Facebook မွ ၎ရဲ႕ ဒီဇိုင္းပုံစံေဟာင္းကို ဖ်က္သိမ္းရန္ ေၾကညာလိုက္ၿပီျဖစ္ၿပီး၊ ဒီဇိုင္းပုံစံသစ္ကိုသာ ဆက္လက္အသုံးျပဳရေတာ့မွာ ျဖစ္ပါတယ္။

Facebook ရဲ႕ ဒီဇိုင္းပုံစံသစ္ဟာ ႀကီးႀကီးမားမား ေျပာင္းလဲသြားခဲ့ၿပီျဖစ္ၿပီး၊ သုံးစြဲသူေတြအႀကိဳက္ အနက္ေရာင္သြင္ျပင္ (dark mode) လည္း ပါဝင္လာခဲ့တာ ျမင္ေတြ႕ရပါတယ္။

Damien