【 နည်းပညာ 】ငယ်ဘဝအလွမ်းပြေ ဆော့ကစားနိုင်တော့မယ့် Crash Bandicoot ဂိမ်း

【  နည်းပညာ  】ငယ်ဘဝအလွမ်းပြေ ဆော့ကစားနိုင်တော့မယ့် Crash Bandicoot ဂိမ်း

90's born (၉၀ ခုနှစ်ဖွားတွေ) အနေနဲ့ Crash Bandicoot အမည်ရ မြေခွေးလမ်းလျှောက် ဂိမ်းလေးကို မှတ်မိကြမယ်ထင်ပါတယ်။

၉၀ ခုနှစ်ဖွားတွေ တော်တော်များများ ဂိမ်းဆိုင်တွေမှာ အလုအယက်ထိုင်ဆော့ခဲ့ရတဲ့ ဂိမ်းလေး လည်းဖြစ်ပြီး Mario ဂိမ်းနဲ့အတူ နာမည်ကြီးခဲ့တဲ့ဂိမ်းလည်း ဖြစ်ပါတယ်။

ယခုတော့ ငယ်ဘဝအလွမ်းပြေ Crash Bandicoot (မြေခွေးလမ်းလျှောက်) ဂိမ်းကို စမတ်ဖုန်း တွေပေါ်မှာ ဆော့ကစားနိုင်တော့မယ်လို့ သိရပါတယ်။

ကမ္ဘာကျော် Candy Crush Saga ဂိမ်း ထုတ်လုပ်တဲ့ကုမ္ပဏီ King မှ Crash Bandicoot ဂိမ်းကို Android နဲ့ iOS နှစ်မျိုးစလုံးအတွက် ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။နဂိုမူရင်းဂိမ်းပုံစံအတိုင်းပဲ မူရင်းဇာတ်ကောင် မြေခွေးလေးနဲ့အတူ စွန့်စားပြေးလွှားကစားရမှာပါ။

အတားအဆီး အခက်အခဲတွေကို ကျော်လွှား‌တာတွေ ရန်သူတွေနဲ့တိုက်ခိုက်တာတွေ ပါဝင်မှာ ဖြစ်ပြီး၊ သူငယ်ချင်းတွေနဲ့ ချိတ်ဆက်ကစားနိုင်မယ်လို့လည်း ဂိမ်းကြော်ငြာဗီဒီယိုအတိုလေးမှာ ဆိုထားပါတယ်။ဒါ့အပြင် ကိုယ်ပိုင်ဇာတ်ကောင်းလည်း တည်ဆောက်နိုင်မှာဖြစ်သလို၊ နဂိုမူရင်း ဂိမ်းမှ ‌ဇာတ်ကောင်အတော်များများ ပြန်လည်ပါဝင်လာမယ်လို့လည်း သိရပါတယ်။

Crash Bandicoot ‌မြေခွေးလမ်းလျှောက်ဂိမ်း ထွက်ရှိမယ့်ရက်ကိုတော့ ကြေညာထားခြင်း မရှိသေးပါဘူး။ Android OS အသုံးပြုသူတွေကတော့ Google Play Store မှာ ကြိုတင်စာရင်း သွင်းနိုင်နေပြီ ဖြစ်ပါတယ်။

Damien

(  Zawgyi  )

 90's born (၉၀ ခုႏွစ္ဖြားေတြ) အေနနဲ႔ Crash Bandicoot အမည္ရ ေျမေခြးလမ္းေလွ်ာက္ ဂိမ္းေလးကို မွတ္မိၾကမယ္ထင္ပါတယ္။

၉၀ ခုႏွစ္ဖြားေတြ ေတာ္ေတာ္မ်ားမ်ား ဂိမ္းဆိုင္ေတြမွာ အလုအယက္ထိုင္ေဆာ့ခဲ့ရတဲ့ ဂိမ္းေလး လည္းျဖစ္ၿပီး Mario ဂိမ္းနဲ႔အတူ နာမည္ႀကီးခဲ့တဲ့ဂိမ္းလည္း ျဖစ္ပါတယ္။

ယခုေတာ့ ငယ္ဘဝအလြမ္းေျပ Crash Bandicoot (ေျမေခြးလမ္းေလွ်ာက္) ဂိမ္းကို စမတ္ဖုန္း ေတြေပၚမွာ ေဆာ့ကစားႏိုင္ေတာ့မယ္လို႔ သိရပါတယ္။

ကမာၻေက်ာ္ Candy Crush Saga ဂိမ္း ထုတ္လုပ္တဲ့ကုမၸဏီ King မွ Crash Bandicoot ဂိမ္းကို Android နဲ႔ iOS ႏွစ္မ်ိဳးစလုံးအတြက္ ထုတ္လုပ္ေပးမွာ ျဖစ္ပါတယ္။နဂိုမူရင္းဂိမ္းပုံစံအတိုင္းပဲ မူရင္းဇာတ္ေကာင္ ေျမေခြးေလးနဲ႔အတူ စြန႔္စားေျပးလႊားကစားရမွာပါ။

အတားအဆီး အခက္အခဲေတြကို ေက်ာ္လႊား‌တာေတြ ရန္သူေတြနဲ႔တိုက္ခိုက္တာေတြ ပါဝင္မွာ ျဖစ္ၿပီး၊ သူငယ္ခ်င္းေတြနဲ႔ ခ်ိတ္ဆက္ကစားႏိုင္မယ္လို႔လည္း ဂိမ္းေၾကာ္ျငာဗီဒီယိုအတိုေလးမွာ ဆိုထားပါတယ္။ဒါ့အျပင္ ကိုယ္ပိုင္ဇာတ္ေကာင္းလည္း တည္ေဆာက္ႏိုင္မွာျဖစ္သလို၊ နဂိုမူရင္း ဂိမ္းမွ ‌ဇာတ္ေကာင္အေတာ္မ်ားမ်ား ျပန္လည္ပါဝင္လာမယ္လို႔လည္း သိရပါတယ္။

Crash Bandicoot ‌ေျမေခြးလမ္းေလွ်ာက္ဂိမ္း ထြက္ရွိမယ့္ရက္ကိုေတာ့ ေၾကညာထားျခင္း မရွိေသးပါဘူး။ Android OS အသုံးျပဳသူေတြကေတာ့ Google Play Store မွာ ႀကိဳတင္စာရင္း သြင္းႏိုင္ေနၿပီ ျဖစ္ပါတယ္။

Damien