【 နည်းပညာ 】ကွေးညွတ်စမတ်ဖုန်းကို ဒုတိယအကြိမ် မိတ်ဆက်မယ့် Samsung

【  နည်းပညာ 】ကွေးညွတ်စမတ်ဖုန်းကို ဒုတိယအကြိမ် မိတ်ဆက်မယ့် Samsung

ကိုရီးယားစမတ်နည်းပညာ ကုမ္ပဏီကြီးကတော့ ကွေးညွတ်စမတ်ဖုန်းဈေးကွက်ကို ကြီးစိုးဖို့ လက်မလျော့ သေးပါဘူး။  ပထမအကြိမ် ဈေးကွက်မှာ မအောင်မြင်ခဲ့တဲ့  ကွေးညွတ်စမတ်ဖုန်း Galaxy Fold ကို ရောင်းချနေစဉ် အတွင်းမှာပဲ နောက်ထပ် ကွေးညွတ်စမတ်ဖုန်းတစ်လုံးကို မိတ်ဆက်တော့မယ်လို့ ကြေညာလိုက်ပါတယ်။ ဒါက  Samsung W20 5G လို့ အမည်ပေးထားတဲ့ ကွေးညွတ်စမတ်ဖုန်းသစ်ပါ။

ဒီဖုန်းကို လာမယ့် နိုဝင်ဘာ ၁၉ ရက်နေ့ တရုတ်နိုင်ငံမှာ မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ မှာ မိတ် ဆက်ခြင်းဟာ ကိုရီးယားနည်းပညာဘီလူးကြီးရဲ့ ဈေးကွက်ချဲ့ထွင်တဲ့ သဘောလည်းဖြစ်ပြီး၊ တရုတ်ရဲ့ နာမည်ကြီး စမတ်ဖုန်းကုမ္ပဏီတွေကိုလည်း ကွေးညွတ်စမတ်ဖုန်း နည်းပညာနဲ့ ဝံ့ကြွားပြ လိုက်တာလည်း ဖြစ်ပါတယ်။

ကွေးညွတ်စမတ်ဖုန်းသစ်ရဲ့ ပုံစံကတော့ ဘေးဘက်ကနေ ကွေးညွတ်ဝင်သွားတဲ့ ပုံစံဖြစ်ပြီး၊ လက်ဗွေ ကိရိယာကိုတော့ စမတ်ဖုန်းဘေးဘောင်မှာ တပ်ဆင်ထားမယ့်ပုံပါပဲ။အချို့ကတော့ W20 5G သာ Galaxy Fold ရဲ့ 5G ကွန်ယက် စမတ်ဖုန်းဖြစ်တယ်လို့ ယူဆနေကြပါတယ်။

 W20 5G ကွေးညွတ်ဖုန်းကို Samsung ရဲ့ ကိုယ်ပိုင် chip ဖြစ်တဲ့ Exynos 990 chip နဲ့ မောင်းနှင် လာဖွယ် ရှိတယ်လို့လည်း သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။ Samsung ဘက်က အပေါ်ဘက် ကနေ အောက်ဘက်ကို ဒေါင်လိုက်ကွေးညွတ်တဲ့ စမတ်ဖုန်းပုံစံကို ကြေညာပြသခဲ့ပေမယ့်လည်း ဈေးကွက်အတွက် အသင့်ဖြစ်နေပုံ မရသေးပါဘူး။

ယခုထွက်ရှိလာမယ့် Samsung W20 5G ဟာလည်း Galaxy Fold ရဲ့ အငွေ့အသက်တွေ ပါဝင် လာဦးမှာလည်း အသေအချာပဲ ဖြစ်ပါတယ်။

 Damien

(  Zawgyi  )

 ကိုရီးယားစမတ္နည္းပညာ ကုမၸဏီႀကီးကေတာ့ ေကြးၫြတ္စမတ္ဖုန္းေဈးကြက္ကို ႀကီးစိုးဖို႔ လက္မေလ်ာ့ ေသးပါဘူး။  ပထမအႀကိမ္ ေဈးကြက္မွာ မေအာင္ျမင္ခဲ့တဲ့  ေကြးၫြတ္စမတ္ဖုန္း Galaxy Fold ကို ေရာင္းခ်ေနစဥ္ အတြင္းမွာပဲ ေနာက္ထပ္ ေကြးၫြတ္စမတ္ဖုန္းတစ္လုံးကို မိတ္ဆက္ေတာ့မယ္လို႔ ေၾကညာလိုက္ပါတယ္။ ဒါက  Samsung W20 5G လို႔ အမည္ေပးထားတဲ့ ေကြးၫြတ္စမတ္ဖုန္းသစ္ပါ။

ဒီဖုန္းကို လာမယ့္ ႏိုဝင္ဘာ ၁၉ ရက္ေန႔ တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံ မွာ မိတ္ ဆက္ျခင္းဟာ ကိုရီးယားနည္းပညာဘီလူးႀကီးရဲ႕ ေဈးကြက္ခ်ဲ႕ထြင္တဲ့ သေဘာလည္းျဖစ္ၿပီး၊ တ႐ုတ္ရဲ႕ နာမည္ႀကီး စမတ္ဖုန္းကုမၸဏီေတြကိုလည္း ေကြးၫြတ္စမတ္ဖုန္း နည္းပညာနဲ႔ ဝံ့ႂကြားျပ လိုက္တာလည္း ျဖစ္ပါတယ္။

ေကြးၫြတ္စမတ္ဖုန္းသစ္ရဲ႕ ပုံစံကေတာ့ ေဘးဘက္ကေန ေကြးၫြတ္ဝင္သြားတဲ့ ပုံစံျဖစ္ၿပီး၊ လက္ေဗြ ကိရိယာကိုေတာ့ စမတ္ဖုန္းေဘးေဘာင္မွာ တပ္ဆင္ထားမယ့္ပုံပါပဲ။အခ်ိဳ႕ကေတာ့ W20 5G သာ Galaxy Fold ရဲ႕ 5G ကြန္ယက္ စမတ္ဖုန္းျဖစ္တယ္လို႔ ယူဆေနၾကပါတယ္။

 W20 5G ေကြးၫြတ္ဖုန္းကို Samsung ရဲ႕ ကိုယ္ပိုင္ chip ျဖစ္တဲ့ Exynos 990 chip နဲ႔ ေမာင္းႏွင္ လာဖြယ္ ရွိတယ္လို႔လည္း သတင္းေတြ ထြက္ေပၚလ်က္ရွိပါတယ္။ Samsung ဘက္က အေပၚဘက္ ကေန ေအာက္ဘက္ကို ေဒါင္လိုက္ေကြးၫြတ္တဲ့ စမတ္ဖုန္းပုံစံကို ေၾကညာျပသခဲ့ေပမယ့္လည္း ေဈးကြက္အတြက္ အသင့္ျဖစ္ေနပုံ မရေသးပါဘူး။

ယခုထြက္ရွိလာမယ့္ Samsung W20 5G ဟာလည္း Galaxy Fold ရဲ႕ အေငြ႕အသက္ေတြ ပါဝင္ လာဦးမွာလည္း အေသအခ်ာပဲ ျဖစ္ပါတယ္။

 Damien