【 နည်းပညာ 】ကြီးမားတဲ့ မျက်နှာပြင်နဲ့ Sony စမတ်ဖုန်းသစ်

【 နည်းပညာ 】ကြီးမားတဲ့ မျက်နှာပြင်နဲ့ Sony စမတ်ဖုန်းသစ်

သင်ဟာ စမတ်ဖုန်းနဲ့ဓာတ်ပုံရိုက်ကူးရတာကို နှစ်သက်သူဆိုရင်တော့ Sony စမတ်ဖုန်းတွေ မေ့ထားလို့မရပါဘူး။

Sony ရဲ့ စမတ်ဖုန်းတွေဟာ ကင်မရာစွမ်းဆောင်ရည်မှာ အထူးကောင်းမွန်လှပြီး၊ ဂိမ်းကစားဖို့အတွက်လည်း အထူးသင့်တော်တာကို မြင်တွေ့ရပါတယ်။

Sony မှ Xperia 5 ii အမည်ရ ကြီးမားတဲ့မျက်နှာပြင်နဲ့ စမတ်ဖုန်းသစ်ကို မိတ်ဆက်လိုက်တယ်လို့ သိရပါတယ်။ Sony Xperia 5 ii မှာ ၆.၁ လက်မ အရွယ်အစားရှိ အရောင်အသွေးစိုတဲ့ OLED မျက်နှာပြင်ကို တပ်ဆင်ထားပြီး၊ 120Hz refresh rate နည်းပညာကို ထည့်သွင်းပေးထားတဲ့အတွက် ထိတွေ့အသုံးပြုရာမှာ မြန်ဆန်သွက်လက်နေမှာပါ။ Snapdragon 865 chipset နဲ့ မောင်းနှင်ပေးထားပြီး မမ်မိုရီ 8GB ထည့်သွင်းပါဝင်မှာလည်း ဖြစ်ပါတယ်။

Sony စမတ်ဖုန်းဆိုတာနဲ့ ၎င်းရဲ့ အဓိကစွမ်းဆောင်ရည်ဖြစ်တဲ့ ကင်မရာပိုင်းကို အသေးစိတ်ဖော်ပြပေးဖို့ လိုအပ်လာပါပြီ။နောက်ဘက် ကင်မရာ 12MP+12MP+12MP သုံးလုံးတပ်ဆင်ပေးထားပြီး၊ ကင်မရာအလုပ်လုပ်ပုံတွေကတော့ မတူညီပါဘူး။ အဓိက ကင်မရာ၊ Ultarwide 16mm မြင်ကွင်းကျယ်ရိုက်ကူးတဲ့ ကင်မရာနဲ့၊  Telephoto အဝေးမှအရာဝတ္ထုများရိုက်ကူးရန် ကင်မရာတွေကို ပူးတွဲထည့်သွင်းပေးထားတာဖြစ်ပါတယ်။ကင်မရာတွေရဲ့ megapixels များတိုင်း စွမ်းဆောင်ရည် ကောင်းတာ မဟုတ်တာကို Sony က ထပ်မံသက်သေပြလိုက်ပြီး၊ Xperia 5 ii ကင်မရာပိုင်းကို megapixels နည်းနည်းနဲ့ ဆော့ဝဲလ်ပိုင်းထောက်ပံ့ကာ စွမ်းဆောင်ရည်အထူးကောင်းမွန်အောင် ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ဓာတ်ပုံရိုက်ကူးရာမှာ တည်ငြိမ်အောင် OIS စနစ် ထောက်ပံ့ပေးထားပြီး၊ စမတ်ဖုန်းက လှုပ်ရှားနေရင်တောင် OIS စနစ်က ဓာတ်ပုံအဆင်ပြေစွာရိုက်ကူးနိုင်အောင် ကူညီပေးသွားမယ်လို့ သိရပါတယ်။

ဘက်ထရီပမာဏ 4,000mAh ကတော့ နည်းတယ်လို့မဆိုနိုင်ပဲ၊ 18W မြန်နှုန်းမြှင့်စနစ်ကိုလည်း ထောက်ပံ့ပေးထားပါသေးတယ်။အသံပိုင်းဆိုင်ရာမှာတော့ Xperia 5 ii မှာ Stereo Speaker ပါဝင်လာပြီဖြစ်ပြီး၊ Dolby Atoms နဲ့ 360Reality Audio စနစ်တွေလည်း ပါဝင်ပါတယ်။ယခင်ထွက်ရှိခဲ့တဲ့ Sony စမတ်ဖုန်းတွေဟာ ရေစိမ်ခံတယ်လို့ နာမည်ကြီးပြီး Xperia 5 ii ဟာလည်း IP68/IPX5 ပါဝင်တဲ့အတွက် ရေစိမ်ခံဦးမယ်လို့ ဆိုထားပါတယ်။

Sony Xperia 5 ii ဟာ အနက်၊ ခဲ၊ အပြာ၊ ပန်းရောင် ပရောင် ၄ မျိုး ထွက်ရှိမှာဖြစ်ပြီး၊ စမတ်ဖုန်းနဲ့ ဂိမ်းဆော့မယ်၊ ဗီဒီယိုတွေကြည့်မယ်၊ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ ရိုက်ကူးမယ်၊ သီချင်းတွေနားထောင်မယ်ဆိုရင်တော့ Sony Xperia 5 ii က သင့်လိုအပ်‌ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့် စမတ်ဖုန်းဖြစ်လာမှာ အသေအချာပဲဖြစ်ပါတယ်။

Damien

 

(  Zawgyi  )

 

 သင္ဟာ စမတ္ဖုန္းနဲ႔ဓာတ္ပုံ႐ိုက္ကူးရတာကို ႏွစ္သက္သူဆိုရင္ေတာ့ Sony စမတ္ဖုန္းေတြ ေမ့ထားလို႔မရပါဘူး။

Sony ရဲ႕ စမတ္ဖုန္းေတြဟာ ကင္မရာစြမ္းေဆာင္ရည္မွာ အထူးေကာင္းမြန္လွၿပီး၊ ဂိမ္းကစားဖို႔အတြက္လည္း အထူးသင့္ေတာ္တာကို ျမင္ေတြ႕ရပါတယ္။

Sony မွ Xperia 5 ii အမည္ရ ႀကီးမားတဲ့မ်က္ႏွာျပင္နဲ႔ စမတ္ဖုန္းသစ္ကို မိတ္ဆက္လိုက္တယ္လို႔ သိရပါတယ္။ Sony Xperia 5 ii မွာ ၆.၁ လက္မ အ႐ြယ္အစားရွိ အေရာင္အေသြးစိုတဲ့ OLED မ်က္ႏွာျပင္ကို တပ္ဆင္ထားၿပီး၊ 120Hz refresh rate နည္းပညာကို ထည့္သြင္းေပးထားတဲ့အတြက္ ထိေတြ႕အသုံးျပဳရာမွာ ျမန္ဆန္သြက္လက္ေနမွာပါ။ Snapdragon 865 chipset နဲ႔ ေမာင္းႏွင္ေပးထားၿပီး မမ္မိုရီ 8GB ထည့္သြင္းပါဝင္မွာလည္း ျဖစ္ပါတယ္။

Sony စမတ္ဖုန္းဆိုတာနဲ႔ ၎ရဲ႕ အဓိကစြမ္းေဆာင္ရည္ျဖစ္တဲ့ ကင္မရာပိုင္းကို အေသးစိတ္ေဖာ္ျပေပးဖို႔ လိုအပ္လာပါၿပီ။ေနာက္ဘက္ ကင္မရာ 12MP+12MP+12MP သုံးလုံးတပ္ဆင္ေပးထားၿပီး၊ ကင္မရာအလုပ္လုပ္ပုံေတြကေတာ့ မတူညီပါဘူး။ အဓိက ကင္မရာ၊ Ultarwide 16mm ျမင္ကြင္းက်ယ္႐ိုက္ကူးတဲ့ ကင္မရာနဲ႔၊  Telephoto အေဝးမွအရာဝတၳဳမ်ား႐ိုက္ကူးရန္ ကင္မရာေတြကို ပူးတြဲထည့္သြင္းေပးထားတာျဖစ္ပါတယ္။ကင္မရာေတြရဲ႕ megapixels မ်ားတိုင္း စြမ္းေဆာင္ရည္ ေကာင္းတာ မဟုတ္တာကို Sony က ထပ္မံသက္ေသျပလိုက္ၿပီး၊ Xperia 5 ii ကင္မရာပိုင္းကို megapixels နည္းနည္းနဲ႔ ေဆာ့ဝဲလ္ပိုင္းေထာက္ပံ့ကာ စြမ္းေဆာင္ရည္အထူးေကာင္းမြန္ေအာင္ ျပဳလုပ္ထားတာလည္း ျဖစ္ပါတယ္။ဓာတ္ပုံ႐ိုက္ကူးရာမွာ တည္ၿငိမ္ေအာင္ OIS စနစ္ ေထာက္ပံ့ေပးထားၿပီး၊ စမတ္ဖုန္းက လႈပ္ရွားေနရင္ေတာင္ OIS စနစ္က ဓာတ္ပုံအဆင္ေျပစြာ႐ိုက္ကူးႏိုင္ေအာင္ ကူညီေပးသြားမယ္လို႔ သိရပါတယ္။

ဘက္ထရီပမာဏ 4,000mAh ကေတာ့ နည္းတယ္လို႔မဆိုႏိုင္ပဲ၊ 18W ျမန္ႏႈန္းျမႇင့္စနစ္ကိုလည္း ေထာက္ပံ့ေပးထားပါေသးတယ္။အသံပိုင္းဆိုင္ရာမွာေတာ့ Xperia 5 ii မွာ Stereo Speaker ပါဝင္လာၿပီျဖစ္ၿပီး၊ Dolby Atoms နဲ႔ 360Reality Audio စနစ္ေတြလည္း ပါဝင္ပါတယ္။ယခင္ထြက္ရွိခဲ့တဲ့ Sony စမတ္ဖုန္းေတြဟာ ေရစိမ္ခံတယ္လို႔ နာမည္ႀကီးၿပီး Xperia 5 ii ဟာလည္း IP68/IPX5 ပါဝင္တဲ့အတြက္ ေရစိမ္ခံဦးမယ္လို႔ ဆိုထားပါတယ္။

Sony Xperia 5 ii ဟာ အနက္၊ ခဲ၊ အျပာ၊ ပန္းေရာင္ ပေရာင္ ၄ မ်ိဳး ထြက္ရွိမွာျဖစ္ၿပီး၊ စမတ္ဖုန္းနဲ႔ ဂိမ္းေဆာ့မယ္၊ ဗီဒီယိုေတြၾကည့္မယ္၊ ဓာတ္ပုံနဲ႔ ဗီဒီယိုေတြ ႐ိုက္ကူးမယ္၊ သီခ်င္းေတြနားေထာင္မယ္ဆိုရင္ေတာ့ Sony Xperia 5 ii က သင့္လိုအပ္‌ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္မယ့္ စမတ္ဖုန္းျဖစ္လာမွာ အေသအခ်ာပဲျဖစ္ပါတယ္။

Damien