【 နည်းပညာ 】ကြီးမားတဲ့ဘက်ထရီ မြန်နှုန်းမြှင့်အားသွင်းစနစ်တို့နဲ့ ထွက်ပေါ်လာမယ့် Black Shark 3 5G

 【  နည်းပညာ 】ကြီးမားတဲ့ဘက်ထရီ မြန်နှုန်းမြှင့်အားသွင်းစနစ်တို့နဲ့ ထွက်ပေါ်လာမယ့် Black Shark 3 5G

၂၀၂၀ ခုနှစ် နှစ်စပိုင်းမှာပဲ တရုတ်နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Xiaomi ဟာ ၎င်းရဲ့ စမတ်ဖုန်း သစ်တွေကို ဆက်တိုက်ဆိုသလို မိတ်ဆက်နေခဲ့တာ မြင်တွေ့ရပါတယ်။

ယခုလည်း Xiaomi ရဲ့ ဂိမ်းအသားပေးစမတ်ဖုန်း Black Shark အမှတ်တံဆိပ်မှ တတိ‌ယမြောက် မျိုးဆက် Black Shark 3 5G ရဲ့ သတင်း‌တွေကတော့ ထွက်ပေါ်လာနေပြန်ပြီ ဖြစ်ပါတယ်။

ဖေ‌ဖော်ဝါရီ ၂၁ ရက်နေ့က Black Shark ရဲ့ Brand Manager မှ တရုတ်လူမှုကွန်ယက် Weibo ပေါ်မှာ အားသွင်းမြန်နှုန်းနဲ့ ဘက်ထရီပမာဏတွေကို မဲပေးရွေးချယ်နိုင်ဖို့ post တင်ခဲ့တာ မြင်တွေ့ ခဲ့ရပြီး၊ 65W မြန်နှုန်းမြှင့်အားသွင်းစနစ်၊ ကြီးမားတဲ့ 5,000mAh ဘက်ထရီတို့ကို အသုံးပြု သွားမယ်လို့ အတည်ပြုလိုက်ပါတယ်။

Black Shark 3 5G ဟာ ဂိမ်းအသားပေး စမတ်ဖုန်းဖြစ်တာနဲ့အညီ နောက်ဆုံးထွက် Snapdragon 865 chipset နဲ့ မောင်းနှင်ပေးထားမှာဖြစ်ပြီး၊ မျက်နှာပြင်ကို ထိတွေ့ အသုံးပြုရာ မှာ မြန်ဆန်သွက်လက်နေဖို့အတွက် 120 Hz refresh rate အဆင့်ရှိ မျက်နှာပြင်လည်း တပ်ဆင် ပေးထား ဖွယ် ရှိနေပါတယ်။ဘက်ထရီပမာဏနဲ့ မြန်နှုန်းမြှင့် အားသွင်းစနစ်တွေကို  အတည်ပြု ပေးခဲ့ပေမယ့် မမ်မိုရီပမာဏကတော့ အတည်မပြုသေးပဲ အမြင့်ဆုံး 16GB အထိ ပါ၀င်လာ နိုင်ချေ ရှိတယ်လို့ သိရပါတယ်။

ဘက်ထရီပမာဏတွေ ပိုကြီးမားလာတာနဲ့အမျှ ပိုမိုမြန်ဆန်တဲ့ အားသွင်းစနစ်ကို တွဲဖက် အသုံးပြု နိုင်ဖို့ Black Shark အနေနဲ့ ကြိုးစားခဲ့ရဖွယ်ရှိပြီး၊ ကြီးမားတဲ့ ဘက်ထရီရဲ့ အပူချိန်ကို ထိန်းညှိနိုင် ဖို့ အပူလျှော့ချတဲ့ နည်းပညာကိုလည်း အသုံးပြုထားမယ်လို့လည်း သတင်းတွေ ထွက်ပေါ် လျက်ရှိပါတယ်။

Black Shark 3 5G ကို ဖေဖော်ဝါရီ လကုန်ပိုင်းမှာ မိတ်ဆက်သွားဖွယ်ရှိပြီး၊ လတ်‌တလော ဖြစ်ပွား နေတဲ့ Covid-19 ဗိုင်းရပ်စ် ရောဂါပိုးကြောင့် အွန်လိုင်းမှသာ မိတ်ဆက်သွားဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

Damien

(  Zawgyi  )

 ၂၀၂၀ ခုႏွစ္ ႏွစ္စပိုင္းမွာပဲ တ႐ုတ္နည္းပညာကုမၸဏီႀကီးျဖစ္တဲ့ Xiaomi ဟာ ၎ရဲ႕ စမတ္ဖုန္း သစ္ေတြကို ဆက္တိုက္ဆိုသလို မိတ္ဆက္ေနခဲ့တာ ျမင္ေတြ႕ရပါတယ္။

ယခုလည္း Xiaomi ရဲ႕ ဂိမ္းအသားေပးစမတ္ဖုန္း Black Shark အမွတ္တံဆိပ္မွ တတိ‌ယေျမာက္ မ်ိဳးဆက္ Black Shark 3 5G ရဲ႕ သတင္း‌ေတြကေတာ့ ထြက္ေပၚလာေနျပန္ၿပီ ျဖစ္ပါတယ္။

ေဖ‌ေဖာ္ဝါရီ ၂၁ ရက္ေန႔က Black Shark ရဲ႕ Brand Manager မွ တ႐ုတ္လူမႈကြန္ယက္ Weibo ေပၚမွာ အားသြင္းျမန္ႏႈန္းနဲ႔ ဘက္ထရီပမာဏေတြကို မဲေပးေ႐ြးခ်ယ္ႏိုင္ဖို႔ post တင္ခဲ့တာ ျမင္ေတြ႕ ခဲ့ရၿပီး၊ 65W ျမန္ႏႈန္းျမႇင့္အားသြင္းစနစ္၊ ႀကီးမားတဲ့ 5,000mAh ဘက္ထရီတို႔ကို အသုံးျပဳ သြားမယ္လို႔ အတည္ျပဳလိုက္ပါတယ္။

Black Shark 3 5G ဟာ ဂိမ္းအသားေပး စမတ္ဖုန္းျဖစ္တာနဲ႔အညီ ေနာက္ဆုံးထြက္ Snapdragon 865 chipset နဲ႔ ေမာင္းႏွင္ေပးထားမွာျဖစ္ၿပီး၊ မ်က္ႏွာျပင္ကို ထိေတြ႕ အသုံးျပဳရာ မွာ ျမန္ဆန္သြက္လက္ေနဖို႔အတြက္ 120 Hz refresh rate အဆင့္ရွိ မ်က္ႏွာျပင္လည္း တပ္ဆင္ ေပးထား ဖြယ္ ရွိေနပါတယ္။ဘက္ထရီပမာဏနဲ႔ ျမန္ႏႈန္းျမႇင့္ အားသြင္းစနစ္ေတြကို  အတည္ျပဳ ေပးခဲ့ေပမယ့္ မမ္မိုရီပမာဏကေတာ့ အတည္မျပဳေသးပဲ အျမင့္ဆုံး 16GB အထိ ပါ၀င္လာ ႏိုင္ေခ် ရွိတယ္လို႔ သိရပါတယ္။

ဘက္ထရီပမာဏေတြ ပိုႀကီးမားလာတာနဲ႔အမွ် ပိုမိုျမန္ဆန္တဲ့ အားသြင္းစနစ္ကို တြဲဖက္ အသုံးျပဳ ႏိုင္ဖို႔ Black Shark အေနနဲ႔ ႀကိဳးစားခဲ့ရဖြယ္ရွိၿပီး၊ ႀကီးမားတဲ့ ဘက္ထရီရဲ႕ အပူခ်ိန္ကို ထိန္းညႇိႏိုင္ ဖို႔ အပူေလွ်ာ့ခ်တဲ့ နည္းပညာကိုလည္း အသုံးျပဳထားမယ္လို႔လည္း သတင္းေတြ ထြက္ေပၚ လ်က္ရွိပါတယ္။

Black Shark 3 5G ကို ေဖေဖာ္ဝါရီ လကုန္ပိုင္းမွာ မိတ္ဆက္သြားဖြယ္ရွိၿပီး၊ လတ္‌တေလာ ျဖစ္ပြား ေနတဲ့ Covid-19 ဗိုင္းရပ္စ္ ေရာဂါပိုးေၾကာင့္ အြန္လိုင္းမွသာ မိတ္ဆက္သြားဖြယ္ ရွိတယ္လို႔လည္း သိရပါတယ္။

Damien