【 နည်းပညာ 】ကိုယ်ပူချိန်တိုင်းစနစ် ပါဝင်လာတဲ့ Fitbit ထုတ်ကုန်သစ် စမတ်နာရီများ

【 နည်းပညာ 】ကိုယ်ပူချိန်တိုင်းစနစ် ပါဝင်လာတဲ့ Fitbit ထုတ်ကုန်သစ် စမတ်နာရီများ

ကျန်းမာရေးလက်ပတ်နဲ့ စမတ်နာရီတွေ ထုတ်လုပ်တဲ့ကုမ္ပဏီ Fitbit မှ ၎င်းရဲ့ထုတ်ကုန်သစ်တွေအဖြစ် စမတ်နာရီနဲ့ စမတ်လက်ပတ် ထုတ်ကုန်သစ်သုံးမျိုးကို မိတ်ဆက်လာခဲ့ပါတယ်။

Fitbit မှ စမတ်နာရီထုတ်ကုန်သစ်တွေအဖြစ် Sense, Versa 3 ကို မိတ်ဆက်ခဲ့သလို စမတ်လက်ပတ်အဖြစ် Inspire 2 ကို မိတ်ဆက်ကြေညာလာခဲ့တာလည်း ဖြစ်ပါတယ်။

ထုတ်ကုန်သစ်များထဲမှာ နည်းပညာအသစ်တွေပါဝင်လာတဲ့ Fitbit Sense ကို ဖော်ပြပေးချင်ပါတယ်။ Fitbit Sense မှာ ဖျားနာနိုင်မှုကို တိုင်းတာပေးတဲ့စနစ်၊ စိတ်ဖိစီးမှုတိုင်းတာနိုင်တဲ့စနစ်တွေလို နည်းပညာအသစ်တွေ ပါဝင်လာခဲ့တဲ့ ကမ္ဘာ့ပထမဆုံးစမတ်နာရီ ဖြစ်လာခဲ့ပါပြီ။သွေးတွင်းရှိ အောက်ဆီဂျင်ပမာဏကို တိုင်းတာပေးမယ့်စနစ်လည်း ပါဝင်ပြီး၊ Fitbit Sense ဝတ်ဆင်ထားသူရဲ့ နှလုံးခုန်နှုန်း မှန်၊ မမှန်ကိုလည်း စောင့်ကြည့်အကဲဖြတ်ပေးမှာ ဖြစ်ပါတယ်။ Fitbit ကုမ္ပဏီဘက်မှ ၎င်းရဲ့စမတ်နာရီသစ်ကို ဝတ်ဆင်သူ ၁၀,၀၀၀ ကို စမ်းသပ်မှုပြုလုပ်ခဲ့ရာမှာ COVID-19 ကူးစက်မှုကို ၅၀ ရာခိုင်နှုန်းထိ မှန်ကန်စွာစစ်ဆေးပေးနိုင်ခဲ့ကြောင်း ဆိုပါတယ်။ဒါ့အပြင် ရောဂါကူးစက်နိုင်ခြေရှိတဲ့ ရောဂါလက္ခဏာ ၇၀ ရာခိုင်နှုန်းကို မှန်ကန်စွာစစ်ဆေးပေးနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

Fitbit Sense မှာ စပီကာနဲ့၊ မိုက်ကရိုဖုန်းလည်း ပါဝင်ပြီး Amazon Alexa နဲ့ Google Assistant တို့လို အသံစေခိုင်းမှုစနစ်တွေကို အသုံးပြုနိုင်မှာပါ။ဒါ့အပြင် မြန်နှုန်းမြှင့်အားသွင်းစနစ်လည်း ပါဝင်ပြီး၊ ၁၂ မိနစ်အားသွင်းရုံနဲ့ တစ်နေ့လုံးအသုံးပြုနိုင်မှာဖြစ်ကာ၊ အားအပြည့်ဆိုရင်တော့ တစ်နာရီနီးပါး အားသွင်းရမှာဖြစ်ပါတယ်။ရေအောက်အနက် မီတာ ၅၀ အထိ ယူဆောင်အသုံးပြုနိုင်မှာ လည်းဖြစ်ပြီး၊ ၆ ရက်အထိ အသုံးခံမယ့် ဘက်ထရီပါဝင်လာခဲ့ပါတယ်။

Fibit Sense ရဲ့ ဈေးနှုန်းကတော့ မြန်မာငွေ ၄၅၀,၀၀၀ ခန့် ကျသင့်မှာဖြစ်ပြီး၊ လာမယ့် စက်တင်ဘာ ၂၅ ရက်နေ့မှာ စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။

Damien

 

(  Zawgyi  )

 

 က်န္းမာေရးလက္ပတ္နဲ႔ စမတ္နာရီေတြ ထုတ္လုပ္တဲ့ကုမၸဏီ Fitbit မွ ၎ရဲ႕ထုတ္ကုန္သစ္ေတြအျဖစ္ စမတ္နာရီနဲ႔ စမတ္လက္ပတ္ ထုတ္ကုန္သစ္သုံးမ်ိဳးကို မိတ္ဆက္လာခဲ့ပါတယ္။

Fitbit မွ စမတ္နာရီထုတ္ကုန္သစ္ေတြအျဖစ္ Sense, Versa 3 ကို မိတ္ဆက္ခဲ့သလို စမတ္လက္ပတ္အျဖစ္ Inspire 2 ကို မိတ္ဆက္ေၾကညာလာခဲ့တာလည္း ျဖစ္ပါတယ္။

ထုတ္ကုန္သစ္မ်ားထဲမွာ နည္းပညာအသစ္ေတြပါဝင္လာတဲ့ Fitbit Sense ကို ေဖာ္ျပေပးခ်င္ပါတယ္။ Fitbit Sense မွာ ဖ်ားနာႏိုင္မႈကို တိုင္းတာေပးတဲ့စနစ္၊ စိတ္ဖိစီးမႈတိုင္းတာႏိုင္တဲ့စနစ္ေတြလို နည္းပညာအသစ္ေတြ ပါဝင္လာခဲ့တဲ့ ကမာၻ႔ပထမဆုံးစမတ္နာရီ ျဖစ္လာခဲ့ပါၿပီ။ေသြးတြင္းရွိ ေအာက္ဆီဂ်င္ပမာဏကို တိုင္းတာေပးမယ့္စနစ္လည္း ပါဝင္ၿပီး၊ Fitbit Sense ဝတ္ဆင္ထားသူရဲ႕ ႏွလုံးခုန္ႏႈန္း မွန္၊ မမွန္ကိုလည္း ေစာင့္ၾကည့္အကဲျဖတ္ေပးမွာ ျဖစ္ပါတယ္။ Fitbit ကုမၸဏီဘက္မွ ၎ရဲ႕စမတ္နာရီသစ္ကို ဝတ္ဆင္သူ ၁၀,၀၀၀ ကို စမ္းသပ္မႈျပဳလုပ္ခဲ့ရာမွာ COVID-19 ကူးစက္မႈကို ၅၀ ရာခိုင္ႏႈန္းထိ မွန္ကန္စြာစစ္ေဆးေပးႏိုင္ခဲ့ေၾကာင္း ဆိုပါတယ္။ဒါ့အျပင္ ေရာဂါကူးစက္ႏိုင္ေျခရွိတဲ့ ေရာဂါလကၡဏာ ၇၀ ရာခိုင္ႏႈန္းကို မွန္ကန္စြာစစ္ေဆးေပးႏိုင္ခဲ့ေၾကာင္းလည္း သိရပါတယ္။

Fitbit Sense မွာ စပီကာနဲ႔၊ မိုက္က႐ိုဖုန္းလည္း ပါဝင္ၿပီး Amazon Alexa နဲ႔ Google Assistant တို႔လို အသံေစခိုင္းမႈစနစ္ေတြကို အသုံးျပဳႏိုင္မွာပါ။ဒါ့အျပင္ ျမန္ႏႈန္းျမႇင့္အားသြင္းစနစ္လည္း ပါဝင္ၿပီး၊ ၁၂ မိနစ္အားသြင္း႐ုံနဲ႔ တစ္ေန႔လုံးအသုံးျပဳႏိုင္မွာျဖစ္ကာ၊ အားအျပည့္ဆိုရင္ေတာ့ တစ္နာရီနီးပါး အားသြင္းရမွာျဖစ္ပါတယ္။ေရေအာက္အနက္ မီတာ ၅၀ အထိ ယူေဆာင္အသုံးျပဳႏိုင္မွာ လည္းျဖစ္ၿပီး၊ ၆ ရက္အထိ အသုံးခံမယ့္ ဘက္ထရီပါဝင္လာခဲ့ပါတယ္။

Fibit Sense ရဲ႕ ေဈးႏႈန္းကေတာ့ ျမန္မာေငြ ၄၅၀,၀၀၀ ခန႔္ က်သင့္မွာျဖစ္ၿပီး၊ လာမယ့္ စက္တင္ဘာ ၂၅ ရက္ေန႔မွာ စတင္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။

Damien