【 နည်းပညာ 】ကမ္ဘာ့ကင်မရာအကောင်းဆုံး စမတ်ဖုန်းဖြစ်လာခဲ့တဲ့ Huawei P40 series

【 နည်းပညာ 】ကမ္ဘာ့ကင်မရာအကောင်းဆုံး စမတ်ဖုန်းဖြစ်လာခဲ့တဲ့ Huawei P40 series

Huawei မှ နောက်ဆုံးမိတ်ဆက်လိုက်တဲ့ P40 series စမတ်ဖုန်းတွေကတော့ နာမည်ကျော် DXOMARK ကင်မရာအကဲဖြတ်ဝက်ဘ်ဆိုက်မှာ ထိပ်ဆုံးနေရာကိုရယူလိုက်ပြီ ဖြစ်ပါတယ်။

ဂျာမဏီအခြေစိုက် ကင်မရာနှင့်ဆက်စပ်ပစ္စည်းတွေ ထုတ်လုပ်တဲ့ Leica ကုမ္ပဏီနဲ့ ပူးပေါင်း ထားတဲ့ တရုတ်နည်းပညာကုမ္ပဏီကြီး Huawei အတွက်တော့ ဒီလိုထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ တာဟာ အထူးအဆန်းတော့ မဟုတ်ခဲ့ပါဘူး။

Huawei မှ ထုတ်လုပ်တဲ့ P series နဲ့ Mate series စမတ်ဖုန်းတွေဟာ ကင်မရာ စွမ်းဆောင်ရည် ပိုင်းမှာ အထူးကောင်းမွန်လှပါတယ်။ယခုနောက်ဆုံးမိတ်ဆက်လိုက်တဲ့ P40 series စမတ်ဖုန်း တွေရဲ့ ကင်မရာပိုင်းဟာလည်း ယခင်ထွက်ရှိပြီး P30 series နဲ့ Mate 30 စမတ်ဖုန်းတွေအပေါ်မှာ အခြေခံထားပေမယ့် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်အောင် အဆင့်မြှင့်တင်ထားတာကို မြင်တွေ့ ရပါတယ်။

Huawei P40 series ရဲ့ အမြင့်ဆုံးစမတ်ဖုန်း P40 Pro+ ရဲ့ ကင်မရာပိုင်းကို ကြည့်မယ်ဆိုရင် စမတ်ဖုန်းရဲ့ နောက်ကျောဘက် လေး‌ထောင့်အကွက်ထဲမှာ ကင်မရာ ၅ လုံးကို တပ်ဆင်ပေး ထားတာကို မြင်တွေ့ရပါတယ်။အဓိက ကင်မရာအနေနဲ့ 50MP (wide) ကို တပ်ဆင်ပေးထားပြီး Samsung S20 series အဓိက ကင်မရာထက် ကင်မရာအာရုံခံကိရိယာ ပိုကြီးမားပါတယ်။

Huawei P30 series မှာ အသုံးပြုခဲ့တဲ့ Periscope 8MP (telephoto) ကို P40 Pro+ ဆီကို ဆက်လက်ယူဆောင်လာခဲ့ပြီး၊ 8MP (telephoto) တစ်လုံးကို ပူးတွဲတပ်ဆင်ထားတာ မြင်တွေ့ ရပါတယ်။မြင်ကွင်းကျယ် ရိုက်ကူးနိုင်ဖို့အတွက်ကိုတော့ 40MP (ultrawide) ကို ထည့်သွင်းပေး ထားပြီး၊ TOF 3D (depth) ကိုလည်း အားဖြည့်တပ်ဆင်ပေးထားပါသေးတယ်။ရှေ့ဘက် အဓိက ကင်မရာကတော့ 32MP ဖြစ်ပြီး၊ 4K 60fps ဗီဒီယိုတွေ ရိုက်ကူးနိုင်မယ် ဆိုထားပါတယ်။

Huawei P40 Pro+ ဟာ 4K 60fps အရည်အသွေးရှိ ဗီဒီယိုတွေ ရိုက်ကူးနိုင်မှာဖြစ်ပြီး၊ Super Steady ဗီဒီယိုနည်းပညာက တည်ငြိမ်ပြတ်သားတဲ့ဗီဒီယိုတွေကို ထုတ်လုပ်ပေးမှာပါ။ 40MP (ultrawide)  ကင်မရာကလည်း HDR မြင်ကွင်းကျယ်ဗီဒီယိုတွေ ရိုက်ကူးနိုင်အောင် ကူညီ ထောက်ပံ့ပေးမှာလည်း ဖြစ်ပါတယ်။ဒါ့အပြင် 4K Time Lapse အမြန်ဗီဒီယိုတွေလည်း ရိုက်ကူးနိုင်မယ် သိရပါတယ်။

စမတ်ဖုန်းနဲ့ ကင်မရာရိုက်ကူးတတ်သူတွေအတွက် Huawei P40 series ဟာ ရွေးချယ်သင့်တဲ့ စမတ်ဖုန်းတွေပဲဖြစ်ပြီး၊ ဧပြီလ ၇ ရက်နေ့မှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

Damien

(  Zawgyi  )

 Huawei မွ ေနာက္ဆုံးမိတ္ဆက္လိုက္တဲ့ P40 series စမတ္ဖုန္းေတြကေတာ့ နာမည္ေက်ာ္ DXOMARK ကင္မရာအကဲျဖတ္ဝက္ဘ္ဆိုက္မွာ ထိပ္ဆုံးေနရာကိုရယူလိုက္ၿပီ ျဖစ္ပါတယ္။

ဂ်ာမဏီအေျခစိုက္ ကင္မရာႏွင့္ဆက္စပ္ပစၥည္းေတြ ထုတ္လုပ္တဲ့ Leica ကုမၸဏီနဲ႔ ပူးေပါင္း ထားတဲ့ တ႐ုတ္နည္းပညာကုမၸဏီႀကီး Huawei အတြက္ေတာ့ ဒီလိုထိပ္ဆုံးမွာ ရပ္တည္ႏိုင္ခဲ့ တာဟာ အထူးအဆန္းေတာ့ မဟုတ္ခဲ့ပါဘူး။

Huawei မွ ထုတ္လုပ္တဲ့ P series နဲ႔ Mate series စမတ္ဖုန္းေတြဟာ ကင္မရာ စြမ္းေဆာင္ရည္ ပိုင္းမွာ အထူးေကာင္းမြန္လွပါတယ္။ယခုေနာက္ဆုံးမိတ္ဆက္လိုက္တဲ့ P40 series စမတ္ဖုန္း ေတြရဲ႕ ကင္မရာပိုင္းဟာလည္း ယခင္ထြက္ရွိၿပီး P30 series နဲ႔ Mate 30 စမတ္ဖုန္းေတြအေပၚမွာ အေျခခံထားေပမယ့္ စြမ္းေဆာင္ရည္ ပိုမိုေကာင္းမြန္ေအာင္ အဆင့္ျမႇင့္တင္ထားတာကို ျမင္ေတြ႕ ရပါတယ္။

Huawei P40 series ရဲ႕ အျမင့္ဆုံးစမတ္ဖုန္း P40 Pro+ ရဲ႕ ကင္မရာပိုင္းကို ၾကည့္မယ္ဆိုရင္ စမတ္ဖုန္းရဲ႕ ေနာက္ေက်ာဘက္ ေလး‌ေထာင့္အကြက္ထဲမွာ ကင္မရာ ၅ လုံးကို တပ္ဆင္ေပး ထားတာကို ျမင္ေတြ႕ရပါတယ္။အဓိက ကင္မရာအေနနဲ႔ 50MP (wide) ကို တပ္ဆင္ေပးထားၿပီး Samsung S20 series အဓိက ကင္မရာထက္ ကင္မရာအာ႐ုံခံကိရိယာ ပိုႀကီးမားပါတယ္။

Huawei P30 series မွာ အသုံးျပဳခဲ့တဲ့ Periscope 8MP (telephoto) ကို P40 Pro+ ဆီကို ဆက္လက္ယူေဆာင္လာခဲ့ၿပီး၊ 8MP (telephoto) တစ္လုံးကို ပူးတြဲတပ္ဆင္ထားတာ ျမင္ေတြ႕ ရပါတယ္။ျမင္ကြင္းက်ယ္ ႐ိုက္ကူးႏိုင္ဖို႔အတြက္ကိုေတာ့ 40MP (ultrawide) ကို ထည့္သြင္းေပး ထားၿပီး၊ TOF 3D (depth) ကိုလည္း အားျဖည့္တပ္ဆင္ေပးထားပါေသးတယ္။ေရွ႕ဘက္ အဓိက ကင္မရာကေတာ့ 32MP ျဖစ္ၿပီး၊ 4K 60fps ဗီဒီယိုေတြ ႐ိုက္ကူးႏိုင္မယ္ ဆိုထားပါတယ္။

Huawei P40 Pro+ ဟာ 4K 60fps အရည္အေသြးရွိ ဗီဒီယိုေတြ ႐ိုက္ကူးႏိုင္မွာျဖစ္ၿပီး၊ Super Steady ဗီဒီယိုနည္းပညာက တည္ၿငိမ္ျပတ္သားတဲ့ဗီဒီယိုေတြကို ထုတ္လုပ္ေပးမွာပါ။ 40MP (ultrawide)  ကင္မရာကလည္း HDR ျမင္ကြင္းက်ယ္ဗီဒီယိုေတြ ႐ိုက္ကူးႏိုင္ေအာင္ ကူညီ ေထာက္ပံ့ေပးမွာလည္း ျဖစ္ပါတယ္။ဒါ့အျပင္ 4K Time Lapse အျမန္ဗီဒီယိုေတြလည္း ႐ိုက္ကူးႏိုင္မယ္ သိရပါတယ္။

စမတ္ဖုန္းနဲ႔ ကင္မရာ႐ိုက္ကူးတတ္သူေတြအတြက္ Huawei P40 series ဟာ ေ႐ြးခ်ယ္သင့္တဲ့ စမတ္ဖုန္းေတြပဲျဖစ္ၿပီး၊ ဧၿပီလ ၇ ရက္ေန႔မွာ စတင္ေရာင္းခ်ေပးသြားမယ္လို႔ သိရပါတယ္။

Damien