“လူ့သဘာဝ” ကို ပရိသတ်နဲ့မိတ်ဆက်ပေးတော့မယ့် တေးသံရှင် နေဝင်း (Snare)

“လူ့သဘာဝ” ကို ပရိသတ်နဲ့မိတ်ဆက်ပေးတော့မယ့် တေးသံရှင် နေဝင်း (Snare)

တေးသံရှင် နေဝင်း (Snare) ဟာ “လူ့သဘာဝ” လို့နာမည်ရတဲ့ တေးသီချင်းသစ်ကို ပရိသတ်တွေနားဆင်နိုင်ဖို့ မကြာခင်ဖြန့်ချီတော့မယ်လို့ ဆိုပါတယ်။
 
အဲ့ဒီသီချင်းကို JOOX ဆိုတဲ့ Application ကနေ လာမယ့် စက်တင်ဘာ ၁၁ ရက်မှာ ထုတ်လွှင့်ပေးသွားမှာ ဖြစ်သလို သူတစ်ခါမှမဆိုဘူးသေးတဲ့ ပုံစံလေးနဲ့ သီဆိုပြင်ဆင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ နားထောင် စေလိုတဲ့ ဆန္ဒဖြစ်ခဲ့တာကြောင့် အခုလိုပြင်ဆင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ 
 
“ဒီသီချင်းလေးနဲ့ပတ်သက်ပြီး ကိုယ့်ကိုကိုယ် အားရတယ် ကျေနပ်မိတယ်၊ ဒါကြောင့်လည်း ပရိသတ်ကို နားထောင်စေချင်တယ်၊ လူ့ဘဝဆိုတာ လောကဓံကြားမှာ ကြိုးစားရုန်းကန်ရပါတယ်၊ ဒီဟာလေးကို ပေါ်လွင်အောင် ပရိသတ်အတွက်လည်း ခွန်အားဖြစ်အောင် ပြင်ဆင်ထားတာဖြစ်ပါတယ်၊ ကျွန်တော်ကိုယ်တိုင်လည်း တကယ့်ကိုကြိုက်ခဲ့တဲ့သီချင်းပါ၊ အခုလိုအချိန်မှာက အပြင်မှာသီဆိုပြဖို့ဆိုတာက ဘယ်လိုမှ အခြေအနေမပေးဘူးလေ၊ ဒါကြောင့်လည်း အခုလို အွန်လိုင်း Application ကနေ ထုတ်လွှင့်ဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်” လို့ တေးသံရှင် နေဝင်း (Snare) က ရှင်းပြပါတယ်။
 
သူဟာ တစ်ကိုယ်တော်အခွေထုတ်ခဲ့သလို တေးသံရှင် ဖြိုးလေးနဲ့အတူ Snare အဖွဲ့အနေနဲ့ သီချင်းခွေတွေ အများကြီးကို ထုတ်လုပ်ထားခဲ့တဲ့အပြင် သရုပ်ဆောင်/တေးသံရှင် စိုင်းစိုင်းခမ်းလှိုင် ဦးဆောင်တဲ့ Frenzo Production နဲ့ ပူးပေါင်းကာ သီချင်းခွေတွေ၊ ဂီတဖျော်ဖြေပွဲတွေမှာ သီဆိုခဲ့သူလည်း ဖြစ်ပါတယ်။အဆိုပါ သီချင်းနဲ့ပတ်သက်ပြီးတော့လည်း COVER ဒီဇိုင်းကို ပုံစံဆန်းလေးနဲ့ ပုံဖော်ထားခဲ့ပါတယ်။
 
“ဒီသီချင်းက ပရိသတ် ကြိုက်၊ မကြိုက်တော့ မသိဘူး၊ ကျွန်တော်အကောင်းဆုံးလုပ်ထားတဲ့ သီချင်း၊ ကျွန်တော် ကိုယ်တိုင်လည်း အရမ်းကြိုက်တယ်၊ နားထောင်ကြည့်ပါနော်၊ ဒီလို Cover ပုံလေး လုပ်ထားတာကလည်း လူ့ဘဝဆိုတာ ရှုပ်ရှက်ခတ်နေတယ်လေ၊ ဒါကြောင့်ခြစ်ရာတွေထည့်ထားတာပါ၊ ပြေးလွှားနေတဲ့ ဟာလေးတွေကတော့ ကျွန်တော်တို့တွေဟာ လောကဓံထဲမှာ ပြေးလွှားနေရပါတယ်၊ ပြောရရင်ဗျာ လူတိုင်းက လောကဓံထဲမှာ ရှုပ်ရှက်ခတ်အောင် ပြေးလွှားနေရတယ်ဆိုတဲ့ သဘောလေးနဲ့ ပြင်ဆင်ထားတာပါ၊ ပရိသတ်လည်း ကြိုက်ကြမယ်လို့ ထင်ပါတယ်နော်၊ စက်တင်ဘာ ၁၁ ရက်မှာ နားထောင်ကြည့်ပေးပါဦးနော်” လို့ သူက ဆက်ပြောပါတယ်။
 
သူဟာ Rap သီချင်းတွေကို အများဆုံးသီဆိုခဲ့တဲ့ တေးသံရှင်တစ်ဦးလည်းဖြစ်သလို သူ့ကိုအားပေးဝန်းရံကြတဲ့ လူငယ်ပရိသတ်တွေလည်း အများအပြားရှိနေပြီး ဂီတလောကမှာ မှတ်တိုင်တစ်ခုသဖွယ် စိုက်ထူနိုင်သူ တစ်ဦးလည်း ဖြစ်လာခဲ့ပါတယ်။
 
မင်းခေတ်လင်း 
(ဓာတ်ပုံ - နေဝင်း)
ရန်ကုန်၊ စက်တင်ဘာ - ၈
 
( Zawgyi )
 
ေတးသံရွင္ ေနဝင္း (Snare) ဟာ “လူ႔သဘာဝ” လို႔နာမည္ရတဲ့ ေတးသီခ်င္းသစ္ကို ပရိသတ္ေတြနားဆင္ႏိုင္ဖို႔ မၾကာခင္ျဖန႔္ခ်ီေတာ့မယ္လို႔ ဆိုပါတယ္။
 
အဲ့ဒီသီခ်င္းကို JOOX ဆိုတဲ့ Application ကေန လာမယ့္ စက္တင္ဘာ ၁၁ ရက္မွာ ထုတ္လႊင့္ေပးသြားမွာ ျဖစ္သလို သူတစ္ခါမွမဆိုဘူးေသးတဲ့ ပုံစံေလးနဲ႔ သီဆိုျပင္ဆင္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြအေနနဲ႔ နားေထာင္ ေစလိုတဲ့ ဆႏၵျဖစ္ခဲ့တာေၾကာင့္ အခုလိုျပင္ဆင္ထားတာျဖစ္တယ္လို႔ သိရပါတယ္။ 
 
“ဒီသီခ်င္းေလးနဲ႔ပတ္သက္ၿပီး ကိုယ့္ကိုကိုယ္ အားရတယ္ ေက်နပ္မိတယ္၊ ဒါေၾကာင့္လည္း ပရိသတ္ကို နားေထာင္ေစခ်င္တယ္၊ လူ႔ဘဝဆိုတာ ေလာကဓံၾကားမွာ ႀကိဳးစား႐ုန္းကန္ရပါတယ္၊ ဒီဟာေလးကို ေပၚလြင္ေအာင္ ပရိသတ္အတြက္လည္း ခြန္အားျဖစ္ေအာင္ ျပင္ဆင္ထားတာျဖစ္ပါတယ္၊ ကြၽန္ေတာ္ကိုယ္တိုင္လည္း တကယ့္ကိုႀကိဳက္ခဲ့တဲ့သီခ်င္းပါ၊ အခုလိုအခ်ိန္မွာက အျပင္မွာသီဆိုျပဖို႔ဆိုတာက ဘယ္လိုမွ အေျခအေနမေပးဘူးေလ၊ ဒါေၾကာင့္လည္း အခုလို အြန္လိုင္း Application ကေန ထုတ္လႊင့္ဖို႔ ျပင္ဆင္ထားတာ ျဖစ္ပါတယ္” လို႔ ေတးသံရွင္ ေနဝင္း (Snare) က ရွင္းျပပါတယ္။
 
သူဟာ တစ္ကိုယ္ေတာ္အေခြထုတ္ခဲ့သလို ေတးသံရွင္ ၿဖိဳးေလးနဲ႔အတူ Snare အဖြဲ႕အေနနဲ႔ သီခ်င္းေခြေတြ အမ်ားႀကီးကို ထုတ္လုပ္ထားခဲ့တဲ့အျပင္ သ႐ုပ္ေဆာင္/ေတးသံရွင္ စိုင္းစိုင္းခမ္းလႈိင္ ဦးေဆာင္တဲ့ Frenzo Production နဲ႔ ပူးေပါင္းကာ သီခ်င္းေခြေတြ၊ ဂီတေဖ်ာ္ေျဖပြဲေတြမွာ သီဆိုခဲ့သူလည္း ျဖစ္ပါတယ္။အဆိုပါ သီခ်င္းနဲ႔ပတ္သက္ၿပီးေတာ့လည္း COVER ဒီဇိုင္းကို ပုံစံဆန္းေလးနဲ႔ ပုံေဖာ္ထားခဲ့ပါတယ္။
 
“ဒီသီခ်င္းက ပရိသတ္ ႀကိဳက္၊ မႀကိဳက္ေတာ့ မသိဘူး၊ ကြၽန္ေတာ္အေကာင္းဆုံးလုပ္ထားတဲ့ သီခ်င္း၊ ကြၽန္ေတာ္ ကိုယ္တိုင္လည္း အရမ္းႀကိဳက္တယ္၊ နားေထာင္ၾကည့္ပါေနာ္၊ ဒီလို Cover ပုံေလး လုပ္ထားတာကလည္း လူ႔ဘဝဆိုတာ ရႈပ္ရွက္ခတ္ေနတယ္ေလ၊ ဒါေၾကာင့္ျခစ္ရာေတြထည့္ထားတာပါ၊ ေျပးလႊားေနတဲ့ ဟာေလးေတြကေတာ့ ကြၽန္ေတာ္တို႔ေတြဟာ ေလာကဓံထဲမွာ ေျပးလႊားေနရပါတယ္၊ ေျပာရရင္ဗ်ာ လူတိုင္းက ေလာကဓံထဲမွာ ရႈပ္ရွက္ခတ္ေအာင္ ေျပးလႊားေနရတယ္ဆိုတဲ့ သေဘာေလးနဲ႔ ျပင္ဆင္ထားတာပါ၊ ပရိသတ္လည္း ႀကိဳက္ၾကမယ္လို႔ ထင္ပါတယ္ေနာ္၊ စက္တင္ဘာ ၁၁ ရက္မွာ နားေထာင္ၾကည့္ေပးပါဦးေနာ္” လို႔ သူက ဆက္ေျပာပါတယ္။
 
သူဟာ Rap သီခ်င္းေတြကို အမ်ားဆုံးသီဆိုခဲ့တဲ့ ေတးသံရွင္တစ္ဦးလည္းျဖစ္သလို သူ႔ကိုအားေပးဝန္းရံၾကတဲ့ လူငယ္ပရိသတ္ေတြလည္း အမ်ားအျပားရွိေနၿပီး ဂီတေလာကမွာ မွတ္တိုင္တစ္ခုသဖြယ္ စိုက္ထူႏိုင္သူ တစ္ဦးလည္း ျဖစ္လာခဲ့ပါတယ္။
 
မင္းေခတ္လင္း 
(ဓာတ္ပုံ - ေနဝင္း)
ရန္ကုန္၊ စက္တင္ဘာ - ၈