၂၀၂၁ ခုနှစ်အတွက် ပြက္ခဒိန်တွေရိုက်ကူးနေရတဲ့ သရုပ်ဆောင် အောင်ရဲလင်း

၂၀၂၁ ခုနှစ်အတွက် ပြက္ခဒိန်တွေရိုက်ကူးနေရတဲ့ သရုပ်ဆောင် အောင်ရဲလင်း

သရုပ်ဆောင် အောင်ရဲလင်းဟာ အခုလို COVID ကာလထဲ လာမယ့် ၂၀၂၁ ခုနှစ်အတွက် ပြက္ခဒိန်တွေ ရိုက်ကူးနေရတယ်လို့ သိရပါတယ်။

“အခုကာလကတော့ ဘာလုပ်ရမလဲဗျာ၊ ရိုက်ကူးရေးတွေကလည်း နားထားတယ်လေ၊ လောလောဆယ်တော့ ဒီရက်ပိုင်းထဲ ပြက္ခဒိန်လေးတွေ ရိုက်နေရတယ်၊ ကြော်ငြာလေးတွေလည်း ပြောထားတာတော့ရှိတယ်၊ Home Stay နေရင်း ပျင်းတောင်မှ ပျင်းလာတယ်” လို့ သူက ဆိုပါတယ်။

ဒီကနေ့ (ဇွန်လ ၁၉ ရက်) ဟာ သူ့ရဲ့မွေးနေ့လည်းဖြစ်သလို မွေးနေ့အထိမ်းအမှတ် အလှူဒါနပြုတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

သူဟာ အနုပညာလောကထဲ စတင်ဝင်ရောက်ချိန်မှာ ဗီဒီယိုတွေခေတ်စားချိန်လည်းဖြစ်သလို မြန်မာဗီဒီယိုဇာတ်ကားတွေနဲ့အတူ အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ခဲ့ပြီး ယခုအထိလည်း အားပေးသူတွေအခိုင်အမာနဲ့ ရပ်တည်နေသူတစ်ဦးဖြစ်ပါတယ်။လက်ရှိမှာလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေထဲ အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခွင့်ရနေသူလည်း ဖြစ်ပါတယ်။

“ကျွန်တော်က ကိုယ်လုပ်ချင်တဲ့ဇာတ်ရုပ်ကို အဓိကထားရွေးချယ်ဖြစ်တာကြောင့်လည်း တစ်ခါတလေတော့ ပရိသတ်နဲ့အဆက်အသွယ်ပြတ်တာမျိုးတော့ ရှိနိုင်ပါတယ်၊ ဒါပေမဲ့ ထွက်လာတဲ့ဇာတ်ကားက အနုပညာ Quarlity ပိုင်းကို ကျွန်တော့ဘက်က ပြောစရမလိုအောင် ပြင်ဆင်ထားတာကြောင့် ဖြစ်ပါတယ်” လို့ သူကရှင်းပြပါတယ်။

လာမယ့် ၂၀၂၁ အတွက် ပြက္ခဒိန်ရိုက်ကူးရာမှာ သရုပ်ဆောင် ရွှေမှုံရတီ၊ ပိုင်ဖြိုးသုတို့နဲ့ အတူတွဲဖက် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

COVID အလွန်မှာတော့ ရိုက်ကူးရေးတွေလုပ်ဆောင်တဲ့အခါ သရုပ်ဆောင်ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ အရည်အသွေးမျိုးဖြစ်လာမယ်လို့လည်း ယုံကြည်ထားသူဖြစ်သလို သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကို အခုလိုကာလထဲ ပြန်လည်သုံးသပ်ကြည့်ရှုတာတွေလုပ်ဆောင်ခဲ့ပြီး ပိုကောင်းအောင်ပြင်ဆင်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် - ၂၀

( Zawgyi )

သ႐ုပ္ေဆာင္ ေအာင္ရဲလင္းဟာ အခုလို COVID ကာလထဲ လာမယ့္ ၂၀၂၁ ခုႏွစ္အတြက္ ျပကၡဒိန္ေတြ ႐ိုက္ကူးေနရတယ္လို႔ သိရပါတယ္။

“အခုကာလကေတာ့ ဘာလုပ္ရမလဲဗ်ာ၊ ႐ိုက္ကူးေရးေတြကလည္း နားထားတယ္ေလ၊ ေလာေလာဆယ္ေတာ့ ဒီရက္ပိုင္းထဲ ျပကၡဒိန္ေလးေတြ ႐ိုက္ေနရတယ္၊ ေၾကာ္ျငာေလးေတြလည္း ေျပာထားတာေတာ့ရွိတယ္၊ Home Stay ေနရင္း ပ်င္းေတာင္မွ ပ်င္းလာတယ္” လို႔ သူက ဆိုပါတယ္။

ဒီကေန႔ (ဇြန္လ ၁၉ ရက္) ဟာ သူ႔ရဲ႕ေမြးေန႔လည္းျဖစ္သလို ေမြးေန႔အထိမ္းအမွတ္ အလႉဒါနျပဳတာေတြကိုလည္း လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

သူဟာ အႏုပညာေလာကထဲ စတင္ဝင္ေရာက္ခ်ိန္မွာ ဗီဒီယိုေတြေခတ္စားခ်ိန္လည္းျဖစ္သလို ျမန္မာဗီဒီယိုဇာတ္ကားေတြနဲ႔အတူ ေအာင္ျမင္တဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ခဲ့ၿပီး ယခုအထိလည္း အားေပးသူေတြအခိုင္အမာနဲ႔ ရပ္တည္ေနသူတစ္ဦးျဖစ္ပါတယ္။လက္ရွိမွာလည္း ႐ုပ္ရွင္ဇာတ္ကားႀကီးေတြထဲ အဓိကသ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခြင့္ရေနသူလည္း ျဖစ္ပါတယ္။

“ကြၽန္ေတာ္က ကိုယ္လုပ္ခ်င္တဲ့ဇာတ္႐ုပ္ကို အဓိကထားေ႐ြးခ်ယ္ျဖစ္တာေၾကာင့္လည္း တစ္ခါတေလေတာ့ ပရိသတ္နဲ႔အဆက္အသြယ္ျပတ္တာမ်ိဳးေတာ့ ရွိႏိုင္ပါတယ္၊ ဒါေပမဲ့ ထြက္လာတဲ့ဇာတ္ကားက အႏုပညာ Quarlity ပိုင္းကို ကြၽန္ေတာ့ဘက္က ေျပာစရမလိုေအာင္ ျပင္ဆင္ထားတာေၾကာင့္ ျဖစ္ပါတယ္” လို႔ သူကရွင္းျပပါတယ္။

လာမယ့္ ၂၀၂၁ အတြက္ ျပကၡဒိန္႐ိုက္ကူးရာမွာ သ႐ုပ္ေဆာင္ ေ႐ႊမႈံရတီ၊ ပိုင္ၿဖိဳးသုတို႔နဲ႔ အတူတြဲဖက္ ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

COVID အလြန္မွာေတာ့ ႐ိုက္ကူးေရးေတြလုပ္ေဆာင္တဲ့အခါ သ႐ုပ္ေဆာင္ပိုင္းမွာ ပိုမိုေကာင္းမြန္တဲ့ အရည္အေသြးမ်ိဳးျဖစ္လာမယ္လို႔လည္း ယုံၾကည္ထားသူျဖစ္သလို သ႐ုပ္ေဆာင္ခဲ့တဲ့ ဇာတ္ကားေတြကို အခုလိုကာလထဲ ျပန္လည္သုံးသပ္ၾကည့္ရႈတာေတြလုပ္ေဆာင္ခဲ့ၿပီး ပိုေကာင္းေအာင္ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ - ၂၀