၀င်ငွေမရှိတဲ့ လူတန်းစားဘဝရောက်နေတယ်ဆိုတဲ့ သရုပ်ဆောင် အေးအေးခိုင်

၀င်ငွေမရှိတဲ့ လူတန်းစားဘဝရောက်နေတယ်ဆိုတဲ့ သရုပ်ဆောင် အေးအေးခိုင်

မြန်မာဇာတ်ကားတွေ အများအပြားထဲ ပါဝင်သရုပ်ဆောင်ခဲ့ရသော ဝါရင့်ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် အေးအေးခိုင်ဟာ အခုဆိုရင် ဝင်ငွေမရှိတဲ့လူတန်းစားဘဝကို ရောက်နေတယ်လို့ ပြောပါတယ်။
 
“အစ်မကြီး ဒီလိုအခက်အခဲဖြစ်နေတဲ့အချိန်မှာ မောင်နှမတွေက ကူညီတယ်၊ အစ်မရဲ့ အစ်မပေ့ါ၊ သူက အစ်မကြီး အမိအရာလိုဖြစ်နေတော့ အစ်မတို့ သားအမိကို စောင့်ရှောက်ထားတယ်၊ ကိုယ့်အတွက်က အခုအချိန်မှာ ဝင်ငွေမရှိပေမယ့် ခက်ခက်ခဲခဲကြီး မကျော်ဖြတ်ရဘူး၊ ကိုယ့်အလုပ် ကိုယ်လုပ်ချင်တာပဲရှိတာလေ၊ စားဝတ်နေရေးအတွက်ကမပူရဘူး၊ အစ်မရဲ့ အမျိုးသားဆုံးကတည်းက အစ်မရဲ့ အစ်မက သူတို့ကျွေးမယ်၊ ဒီအလုပ်တွေကို မလုပ်နဲ့တော့လို့ ပြောတယ်၊ ကိုယ်ကလည်း အနုပညာအလုပ်ကို ငယ်ငယ်လေးကတည်းကလုပ်ခဲ့တာ၊ ဝါသနာလည်းအရမ်းပါတော့ ဘယ်လိုလုပ်စွန့်လွှတ်နိုင်မှာလဲ၊ မဟုတ်ဘူးလား၊ အခုအချိန်မှာ ဝင်ငွေမရှိတဲ့ လူတန်းစားတွေဖြစ်နေတယ်၊ အစ်မတို့က ဝန်ထမ်းမဟုတ်ဘူးလေ၊ ကားရိုက်ရှိရင် ဝင်ငွေရှိတယ်၊ ကားရိုက်မရှိရင် ဝင်ငွေမရှိဘူး၊ ဗီဒီယိုတွေပျက်သွားတော့ အဲ့ဒီတုန်းကလည်း တော်တော်လေးအခက်အခဲဖြစ်တယ်၊ အခက်အခဲဖြစ်တယ်ဆိုပေမယ့် ခုနပြောသလို စားဖို့တော့မပူရဘူးပေါ့၊ ကိုယ့်အလုပ်ကလေး မလုပ်ရလို့ ဝင်ငွေမရဘူးလေ၊ ဝင်ငွေမရှိတဲ့ လူတန်းစားဘဝကို ရောက်နေတာပေါ့” လို့ သူမကရှင်းပြပါတယ်။
 
ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင်တွေကိုလည်း အခုလိုကာလမှာ ရုပ်ရှင်အစည်းအရုံးက လှူဒါန်းတာတွေကို လုပ်ဆောင်နေတာကြောင့် ကျေနပ်မိကြောင်း၊ အဝတ်အထည်တွေသာ ပေါများနေတာတွေရှိပေမယ့် ဝင်ငွေမရှိတဲ့အတွက် စိတ်ပျက်မိကြောင်း၊ ယခုတစ်ဖန် COVID 19 က တစ်ကျော့ပြန်ဖြစ်လာတဲ့အတွက် ဇာတ်ကားတွေပြန်လည်ရိုက်ခွင့်ပြုတဲ့ အခြေအနေတွေကနေ အခက်အခဲဖြစ်လာနိုင်ကြောင်း သိရပါတယ်။ 
 
“အခုက မောင်လေးရယ် ဘယ်လိုပြောရမလဲ ဇာတ်ကားပြန်ရိုက်လို့ရပြီဆိုပြီး ဝမ်းသာတုန်းရှိသေးတယ်၊ ကိုဗစ်က တစ်ကျော့ပြန်လာတော့ စိတ်ပျက်မိပါတယ်၊ အစ်မတို့မှာ ပေါတာက အဝတ်အထည်တွေပဲ၊ ကိုယ်ချစ်တဲ့ သရုပ်ဆောင်တွေက ပေးတာတွေရှိတယ်၊ ကိုယ်လုပ်ရမယ့် ကာရိုက်တာအတွက် ဝယ်စုဆောင်း တာတွေရှိတယ်၊ အခုက ငွေကြေးကလည်း တော်တော်လေး ဖောင်းပွတယ်ခေါ်မလားပဲ၊ အသုံးမခံဘူး၊ ရှာလို့လည်း မလောက်တဲ့ခေတ်လေ၊ ဟိုခေတ်တုန်းက အစ်မတို့အဖေတစ်ယောက်ရဲ့လုပ်စာက သားသမီးတွေကိုကျော့နေအောင် နေလို့ရတယ်၊ အခု အဖေတွေမဆုံးခင်တုန်းကလိုမျိုးတောင် မရှာဖွေနိုင်ဘူး၊ ခေတ်တွေ စနစ်တွေက ပြောင်းလာရော၊ ဥပမာ ဟိုးအရင်ခေတ်က ရွှေဈေးနဲ့ အခုရွှေဈေး နှိုင်းကြည့် ပိုရင်စုနိုင်တယ်၊ အခုက အနားတောင်မကပ်နိုင်ဘူး၊ အစ်မတို့က ဇာတ်ပို့ဇာတ်ရန်လေ၊ အဘက်ဘက်က အဆင်ပြေအောင်ညှိနှိုင်းပြီး လုပ်ကြတာပဲရှိတယ်၊ ကိုဗစ်ဖြစ်ကတည်းက ရပ်သွားတာ၊ မတ်၊ ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင် အခု သြဂုတ် ဘယ်လိုမှ တောင့်မခံနိုင်ဘူးလေ၊ ဝန်ထမ်းကျတော့ လကုန်ရင် လစာရတယ်လေ၊ လစာလျှော့ပေမယ့် လစာတော့ ရနေတယ်လေ၊ အစ်မတို့က ဝန်ထမ်းမဟုတ်တော့ ဘာဝင်ငွေမှကိုမရှိတာ၊ ဝင်ငွေမရှိတာထက် အနုပညာအလုပ်ကို ပြန်လုပ်ချင်တာ” လို့ သူမက ရှင်းပြပါတယ်။
 
ယခုအခါ သရုပ်ဆောင်ပိုင်းအတွက် လာရောက်ငှားရမ်းမှုများရှိပါက အဆင်ပြေအောင်ညှိနှိုင်းကာ လက်ခံပေးနေပြီး ငွေကြေးထက် အနုပညာပိုင်းကို လုပ်ကိုင်လိုသည့်အတွက် ယခုလိုညှိနှိုင်းခြင်းများဖြင့် လုပ်ဆောင်ရန်စီစဉ်ထားကြောင်း သိရသည်။ 
 
မင်းခေတ်လင်း 
(ဓာတ်ပုံ- အေးအေးခိုင်)
ရန်ကုန်၊ သြဂုတ် - ၂၂
 
( Zawgyi )
 
၀င္ေငြမရွိတဲ့ လူတန္းစားဘဝေရာက္ေနတယ္ဆိုတဲ့ သ႐ုပ္ေဆာင္ ေအးေအးခိုင္
 
ျမန္မာဇာတ္ကားေတြ အမ်ားအျပားထဲ ပါဝင္သ႐ုပ္ေဆာင္ခဲ့ရေသာ ဝါရင့္ဇာတ္ပို႔ဇာတ္ရန္သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ ေအးေအးခိုင္ဟာ အခုဆိုရင္ ဝင္ေငြမရွိတဲ့လူတန္းစားဘဝကို ေရာက္ေနတယ္လို႔ ေျပာပါတယ္။
 
“အစ္မႀကီး ဒီလိုအခက္အခဲျဖစ္ေနတဲ့အခ်ိန္မွာ ေမာင္ႏွမေတြက ကူညီတယ္၊ အစ္မရဲ႕ အစ္မေပ့ါ၊ သူက အစ္မႀကီး အမိအရာလိုျဖစ္ေနေတာ့ အစ္မတို႔ သားအမိကို ေစာင့္ေရွာက္ထားတယ္၊ ကိုယ့္အတြက္က အခုအခ်ိန္မွာ ဝင္ေငြမရွိေပမယ့္ ခက္ခက္ခဲခဲႀကီး မေက်ာ္ျဖတ္ရဘူး၊ ကိုယ့္အလုပ္ ကိုယ္လုပ္ခ်င္တာပဲရွိတာေလ၊ စားဝတ္ေနေရးအတြက္ကမပူရဘူး၊ အစ္မရဲ႕ အမ်ိဳးသားဆုံးကတည္းက အစ္မရဲ႕ အစ္မက သူတို႔ေကြၽးမယ္၊ ဒီအလုပ္ေတြကို မလုပ္နဲ႔ေတာ့လို႔ ေျပာတယ္၊ ကိုယ္ကလည္း အႏုပညာအလုပ္ကို ငယ္ငယ္ေလးကတည္းကလုပ္ခဲ့တာ၊ ဝါသနာလည္းအရမ္းပါေတာ့ ဘယ္လိုလုပ္စြန႔္လႊတ္ႏိုင္မွာလဲ၊ မဟုတ္ဘူးလား၊ အခုအခ်ိန္မွာ ဝင္ေငြမရွိတဲ့ လူတန္းစားေတြျဖစ္ေနတယ္၊ အစ္မတို႔က ဝန္ထမ္းမဟုတ္ဘူးေလ၊ ကား႐ိုက္ရွိရင္ ဝင္ေငြရွိတယ္၊ ကား႐ိုက္မရွိရင္ ဝင္ေငြမရွိဘူး၊ ဗီဒီယိုေတြပ်က္သြားေတာ့ အဲ့ဒီတုန္းကလည္း ေတာ္ေတာ္ေလးအခက္အခဲျဖစ္တယ္၊ အခက္အခဲျဖစ္တယ္ဆိုေပမယ့္ ခုနေျပာသလို စားဖို႔ေတာ့မပူရဘူးေပါ့၊ ကိုယ့္အလုပ္ကေလး မလုပ္ရလို႔ ဝင္ေငြမရဘူးေလ၊ ဝင္ေငြမရွိတဲ့ လူတန္းစားဘဝကို ေရာက္ေနတာေပါ့” လို႔ သူမကရွင္းျပပါတယ္။
 
ဇာတ္ပို႔ဇာတ္ရန္သ႐ုပ္ေဆာင္ေတြကိုလည္း အခုလိုကာလမွာ ႐ုပ္ရွင္အစည္းအ႐ုံးက လႉဒါန္းတာေတြကို လုပ္ေဆာင္ေနတာေၾကာင့္ ေက်နပ္မိေၾကာင္း၊ အဝတ္အထည္ေတြသာ ေပါမ်ားေနတာေတြရွိေပမယ့္ ဝင္ေငြမရွိတဲ့အတြက္ စိတ္ပ်က္မိေၾကာင္း၊ ယခုတစ္ဖန္ COVID 19 က တစ္ေက်ာ့ျပန္ျဖစ္လာတဲ့အတြက္ ဇာတ္ကားေတြျပန္လည္႐ိုက္ခြင့္ျပဳတဲ့ အေျခအေနေတြကေန အခက္အခဲျဖစ္လာႏိုင္ေၾကာင္း သိရပါတယ္။ 
 
“အခုက ေမာင္ေလးရယ္ ဘယ္လိုေျပာရမလဲ ဇာတ္ကားျပန္႐ိုက္လို႔ရၿပီဆိုၿပီး ဝမ္းသာတုန္းရွိေသးတယ္၊ ကိုဗစ္က တစ္ေက်ာ့ျပန္လာေတာ့ စိတ္ပ်က္မိပါတယ္၊ အစ္မတို႔မွာ ေပါတာက အဝတ္အထည္ေတြပဲ၊ ကိုယ္ခ်စ္တဲ့ သ႐ုပ္ေဆာင္ေတြက ေပးတာေတြရွိတယ္၊ ကိုယ္လုပ္ရမယ့္ ကာ႐ိုက္တာအတြက္ ဝယ္စုေဆာင္း တာေတြရွိတယ္၊ အခုက ေငြေၾကးကလည္း ေတာ္ေတာ္ေလး ေဖာင္းပြတယ္ေခၚမလားပဲ၊ အသုံးမခံဘူး၊ ရွာလို႔လည္း မေလာက္တဲ့ေခတ္ေလ၊ ဟိုေခတ္တုန္းက အစ္မတို႔အေဖတစ္ေယာက္ရဲ႕လုပ္စာက သားသမီးေတြကိုေက်ာ့ေနေအာင္ ေနလို႔ရတယ္၊ အခု အေဖေတြမဆုံးခင္တုန္းကလိုမ်ိဳးေတာင္ မရွာေဖြႏိုင္ဘူး၊ ေခတ္ေတြ စနစ္ေတြက ေျပာင္းလာေရာ၊ ဥပမာ ဟိုးအရင္ေခတ္က ေ႐ႊေဈးနဲ႔ အခုေ႐ႊေဈး ႏႈိင္းၾကည့္ ပိုရင္စုႏိုင္တယ္၊ အခုက အနားေတာင္မကပ္ႏိုင္ဘူး၊ အစ္မတို႔က ဇာတ္ပို႔ဇာတ္ရန္ေလ၊ အဘက္ဘက္က အဆင္ေျပေအာင္ညႇိႏႈိင္းၿပီး လုပ္ၾကတာပဲရွိတယ္၊ ကိုဗစ္ျဖစ္ကတည္းက ရပ္သြားတာ၊ မတ္၊ ဧၿပီ၊ ေမ၊ ဇြန္၊ ဇူလိုင္ အခု ၾသဂုတ္ ဘယ္လိုမွ ေတာင့္မခံႏိုင္ဘူးေလ၊ ဝန္ထမ္းက်ေတာ့ လကုန္ရင္ လစာရတယ္ေလ၊ လစာေလွ်ာ့ေပမယ့္ လစာေတာ့ ရေနတယ္ေလ၊ အစ္မတို႔က ဝန္ထမ္းမဟုတ္ေတာ့ ဘာဝင္ေငြမွကိုမရွိတာ၊ ဝင္ေငြမရွိတာထက္ အႏုပညာအလုပ္ကို ျပန္လုပ္ခ်င္တာ” လို႔ သူမက ရွင္းျပပါတယ္။
 
ယခုအခါ သ႐ုပ္ေဆာင္ပိုင္းအတြက္ လာေရာက္ငွားရမ္းမႈမ်ားရွိပါက အဆင္ေျပေအာင္ညႇိႏႈိင္းကာ လက္ခံေပးေနၿပီး ေငြေၾကးထက္ အႏုပညာပိုင္းကို လုပ္ကိုင္လိုသည့္အတြက္ ယခုလိုညႇိႏႈိင္းျခင္းမ်ားျဖင့္ လုပ္ေဆာင္ရန္စီစဥ္ထားေၾကာင္း သိရသည္။ 
 
မင္းေခတ္လင္း 
(ဓာတ္ပုံ- ေအးေအးခိုင္)
ရန္ကုန္၊ ၾသဂုတ္ - ၂၂