အွန်လိုင်းပေါ်မှာ သရုပ်ဆောင်ရင်း စျေးရောင်းနေတဲ့ ရဲလေးမ

အွန်လိုင်းပေါ်မှာ သရုပ်ဆောင်ရင်း စျေးရောင်းနေတဲ့ ရဲလေးမ

ဇာတ်ပို့ဇာတ်ရန်သရုပ်ဆောင်တစ်ဦးဖြစ်ပေမယ့် အားပေးသူတွေများလာတဲ့ ရဲလေးမဟာ အခုဆိုရင် အွန်လိုင်းပေါ်ကနေ သရုပ်ဆောင်ရင်း စျေးရောင်းချတာတွေကို လက်ခံလုပ်ကိုင်နေတယ်လို့ သိရပါတယ်။

COVID ကာလနဲ့အတူ အွန်လိုင်းစျေးရောင်းချမှုစနစ်တွေ တွင်ကျယ်လာခဲ့သလို Live လွှင့်ရင်း စျေးရောင်းချဖို့အတွက် သူ့ကိုကမ်းလှမ်းလာတဲ့အပေါ်လက်ခံကာ ရောင်းချပေးနေတာဖြစ်ပါတယ်။    

“ရဲလေးမ ဆိုတဲ့ အနုပညာရှင်တစ်ယောက်ကို အခုလိုမျိုးအလုပ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်၊ တကယ့်ကို ရင်ထဲကကျေးဇူးတင်တာပါ၊ အဲ့ဒီလိုအလုပ်ပေးလာတဲ့ဟာကို အစ်ကိုက ကိုယ့်ရဲ့အနုပညာနဲ့ပေါင်းစပ်ပြီးတော့ Live လွှင့်ပြီးတော့ ရောင်းတာမျိုးလုပ်တာပေါ့၊ ကြည့်တဲ့သူတွေအနေနဲ့လည်း စိတ်ဝင်စားစေဖို့ အစ်ကိုရဲ့အနုပညာနဲ့ မေတ္တာ၊ စေတနာတွေပေါင်းစပ်ပြီး လုပ်ကိုင်ပါတယ်၊ ဒါမှလည်း အစ်ကို့ကို အလုပ်ပေးတဲ့ အလုပ်ရှင်တွေအတွက်လည်း အစ်ကိုက ပြန်ပြီးတော့ကျေးဇူးပြုသလိုဖြစ်မှာပါ၊ ဒီလိုကာလမှာတော့ အလုပ်ကလေးဘယ်လိုပဲဖြစ်ဖြစ် ငွေကြေးအတိုင်းအတာထက် စာနာမှုနဲ့လုပ်ဆောင်မှာဖြစ်ပါတယ်၊ ဒါမှလည်း အလုပ်ပေးတဲ့သူကလည်း မေတ္တာထားသလို အစ်ကိုကလည်း မေတ္တာရောင်ပြန်ထားတာပေါ့” လို့ ဇာတ်ပို့ဇာတ်ရန် သရုပ်ဆောင် ရဲလေးမ က ဆိုပါတယ်။

သူဟာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင် ကြိုးစားသရုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်သလို မိန်းမလျှာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်တာကြောင့်လည်း ရုပ်ရှင်၊ ဗီဒီယို ဇာတ်ကားတွေထဲမှာ မိန်းမလျှာအဖြစ် သရုပ်ဆောင်ဖို့အတွက် အများဆုံးကမ်းလှမ်းခံရသူလည်း ဖြစ်ခဲ့ပါတယ်။အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း မုန့်ဟင်းခါးအော်ဒါလက်ခံကာ ရောင်းချခဲ့ပေမယ့် COVID ကာလမှာ အခက်အခဲတွေလည်းကြုံရတာကြောင့် ရရာအလုပ်ကိုလုပ်ကိုင်ရင်း အခုလို အွန်လိုင်းစျေးရောင်းချတဲ့အလုပ်ကို ငှားရမ်းလာတာကြောင့် လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။

“အလုပ်ကလေး လာကမ်းလှမ်းတာနဲ့ အစ်ကိုကတော့ လက်ခံတာပဲ၊ အနုပညာကြေးဘယ်လောက်ရမှ ဘာမှမရှိဘူး၊ အဲ့လိုလည်း ငွေကြေးဘယ်လောက်ဆိုတာမျိုးကို သဘောမထားဘူး၊ ညီမလေးဘယ်လောက်ပေးနိုင်မလဲ၊ ညီလေးရော ဘယ်လောက်ပေးနိုင်မလဲ ညှိပေးတယ်၊ တော်တော်များများလက်ခံတယ်၊ ဒါလည်းအလုပ်ပဲလေ၊ ကိုယ့်မျက်နှာလေးနဲ့ပြပြီးတော့ သရုပ်ဆောင်ရင်း ရောင်းချတာပေါ့၊ ဇာတ်ကားရိုက်ကူးတာတွေကတော့ ဘယ်တော့လောက်မှ ပြန်စဖြစ်မလဲ ဆိုတာတော့မသိသေးဘူး၊ ရိုက်ကွင်းလုပ်တဲ့အခါ Q ဝင်ရမယ်လည်း ကြားတာပဲ၊ COVID ကြီးလည်း ဘယ်တော့များမှပြီးမလဲမသိဘူး၊ ဒါကလည်း ကိုယ်တစ်ယောက်တည်းမှမဟုတ်တာ၊ အနုပညာရှင်တိုင်းကြုံနေရတာလို့ ဒီလိုပဲဖြေတွေးပြီးတော့ ဝမ်းနည်းတယ်ဆိုတာထက် အကောင်းဆုံးဖြစ်အောင်တော့ ကြိုးပမ်းနေတာပေါ့နော်” လို့ သူကဆက်ပြောပါတယ်။

သူဟာ အနုပညာသက် ဆယ်စုနှစ်ကာလတစ်ခုကို ကျော်လွန်ခဲ့သလို ပြည်တွင်းချန်နယ်လိုင်းတွေက ထုတ်လွှင့်မယ့် ဇာတ်လမ်းတွဲအစီအစဉ်တွေမှာလည်း ပါဝင်ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရတာတွေရှိနေပြီး COVID ကာလ လွန်မြောက်သွားတဲ့အခါ ကမ်းလှမ်းထားတဲ့အလုပ်တွေကို ဆက်တိုက်လုပ်ဖြစ်ဖို့ရှိနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၂၈
( Zawgyi )
ဇာတ္ပို႔ဇာတ္ရန္သ႐ုပ္ေဆာင္တစ္ဦးျဖစ္ေပမယ့္ အားေပးသူေတြမ်ားလာတဲ့ ရဲေလးမဟာ အခုဆိုရင္ အြန္လိုင္းေပၚကေန သ႐ုပ္ေဆာင္ရင္း ေစ်းေရာင္းခ်တာေတြကို လက္ခံလုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

COVID ကာလနဲ႔အတူ အြန္လိုင္းေစ်းေရာင္းခ်မႈစနစ္ေတြ တြင္က်ယ္လာခဲ့သလို Live လႊင့္ရင္း ေစ်းေရာင္းခ်ဖို႔အတြက္ သူ႔ကိုကမ္းလွမ္းလာတဲ့အေပၚလက္ခံကာ ေရာင္းခ်ေပးေနတာျဖစ္ပါတယ္။    

“ရဲေလးမ ဆိုတဲ့ အႏုပညာရွင္တစ္ေယာက္ကို အခုလိုမ်ိဳးအလုပ္ေပးတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္၊ တကယ့္ကို ရင္ထဲကေက်းဇူးတင္တာပါ၊ အဲ့ဒီလိုအလုပ္ေပးလာတဲ့ဟာကို အစ္ကိုက ကိုယ့္ရဲ႕အႏုပညာနဲ႔ေပါင္းစပ္ၿပီးေတာ့ Live လႊင့္ၿပီးေတာ့ ေရာင္းတာမ်ိဳးလုပ္တာေပါ့၊ ၾကည့္တဲ့သူေတြအေနနဲ႔လည္း စိတ္ဝင္စားေစဖို႔ အစ္ကိုရဲ႕အႏုပညာနဲ႔ ေမတၱာ၊ ေစတနာေတြေပါင္းစပ္ၿပီး လုပ္ကိုင္ပါတယ္၊ ဒါမွလည္း အစ္ကို႔ကို အလုပ္ေပးတဲ့ အလုပ္ရွင္ေတြအတြက္လည္း အစ္ကိုက ျပန္ၿပီးေတာ့ေက်းဇူးျပဳသလိုျဖစ္မွာပါ၊ ဒီလိုကာလမွာေတာ့ အလုပ္ကေလးဘယ္လိုပဲျဖစ္ျဖစ္ ေငြေၾကးအတိုင္းအတာထက္ စာနာမႈနဲ႔လုပ္ေဆာင္မွာျဖစ္ပါတယ္၊ ဒါမွလည္း အလုပ္ေပးတဲ့သူကလည္း ေမတၱာထားသလို အစ္ကိုကလည္း ေမတၱာေရာင္ျပန္ထားတာေပါ့” လို႔ ဇာတ္ပို႔ဇာတ္ရန္ သ႐ုပ္ေဆာင္ ရဲေလးမ က ဆိုပါတယ္။

သူဟာ က်ရာဇာတ္႐ုပ္ကို ပီျပင္ေအာင္ ႀကိဳးစားသ႐ုပ္ေဆာင္ေနသူတစ္ဦးလည္းျဖစ္သလို မိန္းမလွ်ာဇာတ္႐ုပ္ကို ပီပီျပင္ျပင္သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္လည္း ႐ုပ္ရွင္၊ ဗီဒီယို ဇာတ္ကားေတြထဲမွာ မိန္းမလွ်ာအျဖစ္ သ႐ုပ္ေဆာင္ဖို႔အတြက္ အမ်ားဆုံးကမ္းလွမ္းခံရသူလည္း ျဖစ္ခဲ့ပါတယ္။အႏုပညာအလုပ္ေတြကိုလုပ္ကိုင္ရင္း မုန႔္ဟင္းခါးေအာ္ဒါလက္ခံကာ ေရာင္းခ်ခဲ့ေပမယ့္ COVID ကာလမွာ အခက္အခဲေတြလည္းႀကဳံရတာေၾကာင့္ ရရာအလုပ္ကိုလုပ္ကိုင္ရင္း အခုလို အြန္လိုင္းေစ်းေရာင္းခ်တဲ့အလုပ္ကို ငွားရမ္းလာတာေၾကာင့္ လုပ္ကိုင္ခဲ့တာျဖစ္ပါတယ္။

“အလုပ္ကေလး လာကမ္းလွမ္းတာနဲ႔ အစ္ကိုကေတာ့ လက္ခံတာပဲ၊ အႏုပညာေၾကးဘယ္ေလာက္ရမွ ဘာမွမရွိဘူး၊ အဲ့လိုလည္း ေငြေၾကးဘယ္ေလာက္ဆိုတာမ်ိဳးကို သေဘာမထားဘူး၊ ညီမေလးဘယ္ေလာက္ေပးႏိုင္မလဲ၊ ညီေလးေရာ ဘယ္ေလာက္ေပးႏိုင္မလဲ ညႇိေပးတယ္၊ ေတာ္ေတာ္မ်ားမ်ားလက္ခံတယ္၊ ဒါလည္းအလုပ္ပဲေလ၊ ကိုယ့္မ်က္ႏွာေလးနဲ႔ျပၿပီးေတာ့ သ႐ုပ္ေဆာင္ရင္း ေရာင္းခ်တာေပါ့၊ ဇာတ္ကား႐ိုက္ကူးတာေတြကေတာ့ ဘယ္ေတာ့ေလာက္မွ ျပန္စျဖစ္မလဲ ဆိုတာေတာ့မသိေသးဘူး၊ ႐ိုက္ကြင္းလုပ္တဲ့အခါ Q ဝင္ရမယ္လည္း ၾကားတာပဲ၊ COVID ႀကီးလည္း ဘယ္ေတာ့မ်ားမွၿပီးမလဲမသိဘူး၊ ဒါကလည္း ကိုယ္တစ္ေယာက္တည္းမွမဟုတ္တာ၊ အႏုပညာရွင္တိုင္းႀကဳံေနရတာလို႔ ဒီလိုပဲေျဖေတြးၿပီးေတာ့ ဝမ္းနည္းတယ္ဆိုတာထက္ အေကာင္းဆုံးျဖစ္ေအာင္ေတာ့ ႀကိဳးပမ္းေနတာေပါ့ေနာ္” လို႔ သူကဆက္ေျပာပါတယ္။

သူဟာ အႏုပညာသက္ ဆယ္စုႏွစ္ကာလတစ္ခုကို ေက်ာ္လြန္ခဲ့သလို ျပည္တြင္းခ်န္နယ္လိုင္းေတြက ထုတ္လႊင့္မယ့္ ဇာတ္လမ္းတြဲအစီအစဥ္ေတြမွာလည္း ပါဝင္႐ိုက္ကူးဖို႔ ကမ္းလွမ္းခံထားရတာေတြရွိေနၿပီး COVID ကာလ လြန္ေျမာက္သြားတဲ့အခါ ကမ္းလွမ္းထားတဲ့အလုပ္ေတြကို ဆက္တိုက္လုပ္ျဖစ္ဖို႔ရွိေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၂၈