အွန်လိုင်းချန်နယ်မှတစ်ဆင့် ဇာတ်ကားများထုတ်လွှင့်ဖို့ စီစဉ်နေတဲ့ သရုပ်ဆောင် ခိုင်မြဲ

အွန်လိုင်းချန်နယ်မှတစ်ဆင့် ဇာတ်ကားများထုတ်လွှင့်ဖို့ စီစဉ်နေတဲ့ သရုပ်ဆောင် ခိုင်မြဲ

ပရိသတ်ကြိုက်နှစ်သက်မှုရစေမယ့် မြန်မာဇာတ်ကားတွေကို အွန်လိုင်းချန်နယ်တွေကတစ်ဆင့် ထုတ်လွှင့်သွားဖို့စီစဉ်ထားတယ်လို့ သရုပ်ဆောင် ခိုင်မြဲ က ပြောကြားခဲ့ပါတယ်။

 

သူဟာ သရုပ်ဆောင်အလုပ်သာမကဘဲ ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်းကိုလည်း လုပ်ကိုင်နေသူဖြစ်သလိုဗီဒီယိုခေတ်ကတည်းက ရိုက်ကူးထုတ်လုပ်ခဲ့သူလည်းဖြစ်ပါတယ်။ 

 

ဗီဒီယိုလောကမှာရိုက်တာ ကားပေါင်း ၁၀၀ လောက်ရှိပြီ၊ အခုက You Tube Channel ပေါ်လာတော့ အဆင်ပြေတယ်၊ အွန်လိုင်းပေါ် ဘယ်လိုတင်မလဲ၊ လုပ်မလဲ အရင်ကမစဉ်းစားဘူး၊ မသိဘူးပေါ့နော်၊ အခုက ခေတ်ကလည်းပြောင်းလာတော့ လုပ်ရမယ်၊ ရောဂါအခြေအနေတွေကလည်း ရှိသေးတယ်လေ၊ ဗီဒီယိုခေတ်ပျက်သွားလည်းကိုယ်ကအနုပညာသမားလေ၊ အနုပညာအလုပ်ကိုလုပ်ရမှကျေနပ်တာလေ၊ ခေတ်အခြေအနေကြောင့်လည်း ကိုကျော်ရဲအောင်နဲ့ နှစ်ကား၊ ကိုသုထူးစံနဲ့ တစ်ကား သုံးကားကို ကိုယ်ထုတ်လုပ်ဖို့စီစဉ်ပြီးကာမှ အရှုံးခံပြီး သူများကိုရောင်းလိုက်ရတယ်၊ ကိုယ်က ဒီအလုပ်ပဲလုပ်တတ်တော့ အွန်လိုင်းလမ်းကြောင်းတစ်ခုကို လှမ်းထားတယ်၊ ထပ်ရိုက်ထားတာက လောလောဆယ်ငါးကားလောက်ရှိတယ်၊ အွန်လိုင်းကိုတော့ လူကြည့်များအောင်လုပ်ရမယ်၊မင်းသမီးကြီးတွေတော့ မငှားနိုင်ဘူး၊ ဈေးကလည်းသိတဲ့အတိုင်းပဲလေ၊ အရမ်းများနေတာ၊ အခုကြိုးစားနေတာကအွန်လိုင်းကနေလွှင့်နိုင်ဖို့ ပြင်ဆင်နေပါတယ်” လို့ သူကရှင်းပြပါတယ်။

 

သူဟာ အနုပညာအလုပ်ကို ဝါသနာပါသူလည်းဖြစ်တာကြောင့် ကျောင်းဆက်မတက်ဘဲ မီးထိုး၊ မှန်ထိုး ဘ၀ကနေအနုပညာလောကထဲကို ဝင်လာခဲ့သူဖြစ်ကြောင်း၊ အခုလိုကာလမှာ အိမ်တိုင်းဗီဒီယိုစက်တွေမရှိပေမယ့် လူတိုင်းအွန်လိုင်းအသုံးပြုတာကြောင့် အွန်လိုင်းကနေ အကောင်းဆုံးထုတ်လွှင့်နိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ 

 

ကျွန်တော်က ကုဋေရှစ်ဆယ်သူဌေးသားလည်း မဟုတ်ဘူးလေ၊ ဒါပေမဲ့ အွန်လိုင်းကနေ လုပ်ကြည့်မယ်၊ ပရိသတ်ကြီးလည်း ကျွန်တော့်ကိုအားပေးပါ၊ ကျွန်တော့်ကားတွေကို ကြည့်ဖူးသူလည်းရှိမယ်၊ မကြည့်ဖူးသူလည်းရှိမယ်၊ကျွန်တော်ကတော့ ကျွန်တော့်အနုပညာကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတယ်၊ သူများအကြောင်းလဲ စိတ်မဝင်စားဘူး၊ ကိုယ့်အလုပ်ကိုယ်ပဲ လုပ်နေတယ်၊ ကျွန်တော့်ရဲ့ ချစ်ပရိသတ်တွေအတွက် အထူးဂရုစိုက်ဖို့မှာချင်တာက COVID 19 ရောဂါကူးစက်မှု တစ်ကျော့ပြန်လာတာ အင်မတန်ကြောက်ဖို့ကောင်းတယ်၊ဒီပိုး မြန်မာနိုင်ငံမှာတွေ့ရှိထားတယ်၊ အားလုံးသတိလေးထားနေကြပါ၊ ကိုယ်ချစ်ရသူတွေအတွက် စိတ်ပူမိပါတယ်၊အားလုံးTake Care ပါ၊ New Normal Lifeမှာ ခပ်ခွာခွာနေပြီး ချစ်ကြတာပေါ့” လို့လည်း သူကဆက်လက်ပြောကြားခဲ့ပါတယ်။

 

မင်းခေတ်လင်း 

(ဓာတ်ပုံ - ခိုင်မြဲ)

ရန်ကုန်၊ သြဂုတ် - ၃၁

 

( Zawgyi )

 

ပရိသတ္ႀကိဳက္ႏွစ္သက္မႈရေစမယ့္ ျမန္မာဇာတ္ကားေတြကို အြန္လိုင္းခ်န္နယ္ေတြကတစ္ဆင့္ ထုတ္လႊင့္သြားဖို႔ စီစဥ္ထားတယ္လို႔ သ႐ုပ္ေဆာင္ ခိုင္ၿမဲ က ေျပာၾကားခဲ့ပါတယ္။

 

သူဟာ သ႐ုပ္ေဆာင္အလုပ္သာမကဘဲ ႐ုပ္ရွင္နဲ႔ဗီဒီယိုထုတ္လုပ္ေရးလုပ္ငန္းကိုလည္း လုပ္ကိုင္ေနသူျဖစ္သလို ဗီဒီယိုေခတ္ကတည္းက ႐ိုက္ကူးထုတ္လုပ္ခဲ့သူလည္းျဖစ္ပါတယ္။ 

 

ဗီဒီယိုေလာကမွာ႐ိုက္တာ ကားေပါင္း ၁၀၀ ေလာက္ရွိၿပီ၊ အခုက You Tube Channel ေပၚလာေတာ့ အဆင္ေျပတယ္၊ အြန္လိုင္းေပၚ ဘယ္လိုတင္မလဲ၊ လုပ္မလဲ အရင္ကမစဥ္းစားဘူး၊ မသိဘူးေပါ့ေနာ္၊ အခုက ေခတ္ကလည္းေျပာင္းလာေတာ့ လုပ္ရမယ္၊ ေရာဂါအေျခအေနေတြကလည္း ရွိေသးတယ္ေလ၊ ဗီဒီယိုေခတ္ပ်က္သြားလည္း ကိုယ္ကအႏုပညာသမားေလ၊ အႏုပညာအလုပ္ကိုလုပ္ရမွေက်နပ္တာေလ၊ ေခတ္အေျခအေနေၾကာင့္လည္း ကိုေက်ာ္ရဲေအာင္နဲ႔ ႏွစ္ကား၊ ကိုသုထူးစံနဲ႔ တစ္ကား သုံးကားကို ကိုယ္ထုတ္လုပ္ဖို႔စီစဥ္ၿပီးကာမွ အရႈံးခံၿပီး သူမ်ားကိုေရာင္းလိုက္ရတယ္၊ ကိုယ္က ဒီအလုပ္ပဲလုပ္တတ္ေတာ့ အြန္လိုင္းလမ္းေၾကာင္းတစ္ခုကို လွမ္းထားတယ္၊ ထပ္႐ိုက္ထားတာက ေလာေလာဆယ္ငါးကားေလာက္ရွိတယ္၊ အြန္လိုင္းကိုေတာ့ လူၾကည့္မ်ားေအာင္လုပ္ရမယ္၊ မင္းသမီးႀကီးေတြေတာ့ မငွားႏိုင္ဘူး၊ ေဈးကလည္းသိတဲ့အတိုင္းပဲေလ၊ အရမ္းမ်ားေနတာ၊ အခုႀကိဳးစားေနတာက အြန္လိုင္းကေနလႊင့္ႏိုင္ဖို႔ ျပင္ဆင္ေနပါတယ္” လို႔ သူကရွင္းျပပါတယ္။

 

သူဟာ အႏုပညာအလုပ္ကို ဝါသနာပါသူလည္းျဖစ္တာေၾကာင့္ ေက်ာင္းဆက္မတက္ဘဲ မီးထိုး၊ မွန္ထိုး ဘ၀ကေနအႏုပညာေလာကထဲကို ဝင္လာခဲ့သူျဖစ္ေၾကာင္း၊ အခုလိုကာလမွာ အိမ္တိုင္းဗီဒီယိုစက္ေတြမရွိေပမယ့္လူတိုင္းအြန္လိုင္းအသုံးျပဳတာေၾကာင့္ အြန္လိုင္းကေန အေကာင္းဆုံးထုတ္လႊင့္ႏိုင္ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ 

 

ကြၽန္ေတာ္က ကုေဋရွစ္ဆယ္သူေဌးသားလည္း မဟုတ္ဘူးေလ၊ ဒါေပမဲ့ အြန္လိုင္းကေန လုပ္ၾကည့္မယ္၊ပရိသတ္ႀကီးလည္း ကြၽန္ေတာ့္ကိုအားေပးပါ၊ ကြၽန္ေတာ့္ကားေတြကို ၾကည့္ဖူးသူလည္းရွိမယ္၊မၾကည့္ဖူးသူလည္းရွိမယ္၊ ကြၽန္ေတာ္ကေတာ့ ကြၽန္ေတာ့္အႏုပညာကို အတတ္ႏိုင္ဆုံး အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားေနတယ္၊ သူမ်ားအေၾကာင္းလဲ စိတ္မဝင္စားဘူး၊ ကိုယ့္အလုပ္ကိုယ္ပဲ လုပ္ေနတယ္၊ ကြၽန္ေတာ့္ရဲ႕ ခ်စ္ပရိသတ္ေတြအတြက္ အထူးဂ႐ုစိုက္ဖို႔မွာခ်င္တာက COVID 19 ေရာဂါကူးစက္မႈ တစ္ေက်ာ့ျပန္လာတာ အင္မတန္ေၾကာက္ဖို႔ေကာင္းတယ္၊ ဒီပိုး ျမန္မာႏိုင္ငံမွာေတြ႕ရွိထားတယ္၊ အားလုံးသတိေလးထားေနၾကပါ၊ ကိုယ္ခ်စ္ရသူေတြအတြက္ စိတ္ပူမိပါတယ္၊ အားလုံးTake Care ပါ၊ New Normal Lifeမွာခပ္ခြာခြာေနၿပီး ခ်စ္ၾကတာေပါ့” လို႔လည္း သူကဆက္လက္ေျပာၾကားခဲ့ပါတယ္။

 

မင္းေခတ္လင္း 

(ဓာတ္ပုံ - ခိုင္ၿမဲ)

ရန္ကုန္၊ ၾသဂုတ္ - ၃၁