အွန်လိုင်းကနေ Live လွှင့် ရောင်းချရင်း ဖျော်ဖြေဖို့စီစဉ်ထားတဲ့ တေးသံရှင် ထူးအယ်လင်း

အွန်လိုင်းကနေ Live လွှင့် ရောင်းချရင်း ဖျော်ဖြေဖို့စီစဉ်ထားတဲ့ တေးသံရှင် ထူးအယ်လင်း

ဂီတလောကမှာ နေရာတစ်ခုအခိုင်အမာရနေတဲ့ တေးသံရှင် ထူးအယ်လင်းဟာ မကြာခင်မှာ လူမှုကွန်ရက်ပေါ်ကနေ Live လွှင့်ရင်း စျေးရောင်းတာတွေနဲ့အတူ ဖျော်ဖြေသီဆိုပြတာတွေကိုလုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
 
“အစ်ကိုက ဒီလို ပုံမှန်အွန်လိုင်းစျေးရောင်းတာမျိုးမဟုတ်ဘူး၊ အဲ့ဒီထက် ထူးထူးခြားခြားလေးလည်းဖြစ်အောင် ပရိသတ်တွေအနေနဲ့လည်း စိတ်ဝင်တစားကြည့်ရှုလို့ရအောင် သီချင်းဆိုတာလေးကိုပါ ထည့်ပြီးလုပ်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်၊ ရောင်းမှာကတော့ ရွှေထည်ပစ္စည်းတွေနဲ့ လက်ဝတ်ရတနာတွေကို ရောင်းချမှာဖြစ်ပါတယ်” လို့ သူက အွန်လိုင်းမှရှင်းပြပါတယ်။ 
 
ကြည့်ရှုတဲ့သူတွေအနေနဲ့ စိတ်ဝင်စားမှုလည်းရှိအောင် ထူးခြားတဲ့မြင်ကွင်းမျိုးဖြစ်စေဖို့ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေထည်တွေကိုအပြည့်ဝတ်ဆင်ပြသပြီး ရောင်းချမှာဖြစ်သလို ပရဟိတအလုပ်တွေ လုပ်ဆောင်နေစဉ်မှာ အမြဲတမ်းအလှူပြုနေတဲ့ လှိုင်သာယာမီးခွက်စျေးက ရွှေဆိုင်ပိုင်ရှင်မိတ်ဆွေဖြစ်သူရဲ့ ဆိုင်ကနေ ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။
 
“အစ်ကို့ နာမည်ကလည်း “ထူး” ဆိုတာက စကောကရင်လိုဆိုရင် “ရွှေ” လို့ ခေါ်တယ်။အယ်လ် ဆိုတာက “ချစ်” တာပေါ့။ထူးအယ်လ်လင်းဆိုတော့ ရွှေချစ်လင်းပေါ့ဗျာ။ဒါကြောင့်မို့လို့လည်း ထူးအယ်လ်လင်း ရွှေရောင်းမှာဖြစ်ပါတယ်၊ ပရဟိတအလုပ်တွေလုပ်နေစဉ်တုန်းက အမြဲအားပေးတဲ့ လှိုင်သာယာ မီးခွက်ဈေးမှာရှိတဲ့ ဦးမိုးနှင်း ဒေါ်ခင်မာဝင်းတို့ရဲ့ ရွှေဆိုင်မှာ ရောင်းချပြသမှာဖြစ်ပါတယ်၊ သီချင်းလေးတစ်ပုဒ် ဆိုပြမယ်၊ ရောင်းမယ်၊ ပြီးတော့ နောက်တစ်ပုဒ်ထပ်ဆိုမယ် အဲ့လိုမျိုးလေး အစီအစဉ်လေးနဲ့သွားမှာပါ” လို့ သူက ရှင်းပြပါတယ်။ 
 
သူဟာ မီးဘေးသင့်၊ ရေဘေးသင့်ဒေသတွေကို ကွင်းဆင်းလှူဒါန်းပေးတာတွေ၊ မီးသဂြိုဟ်စက်လိုအပ်တဲ့ ရွာတွေမှာ လှူတာတွေ၊ လူနာတင်ယာဉ် လှူဒါန်းတာတွေ၊ ကျေးရွာတွေမှာ လမ်းဖောက်လုပ်ပေးတာတွေ၊ ဘုရား၊ စေတီပုထိုးတွေကို မွမ်းမံတာတွေ၊ ထီးတော်တင်တာတွေကို အလှူရှင်တွေရဲ့ ပံ့ပိုးမှုအကူအညီတွေနဲ့ လုပ်ဆောင်နေပြီး တခြားသောအနုပညာရှင်တွေက အွန်လိုင်းကနေ အစီအစဉ်အမျိုးမျိုး လုပ်ဆောင်နေကြသလို သူလည်း အခုလိုအစီအစဉ်လေးတစ်ခုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 
 
မင်းခေတ်လင်း 
(ဓာတ်ပုံ - ထူးအယ်လင််း fb)
ရန်ကုန်၊ အောက်တိုဘာ - ၃၁
 
( Zawgyi )
 
ဂီတလောကမှာ နေရာတစ်ခုအခိုင်အမာရနေတဲ့ တေးသံရှင် ထူးအယ်လင်းဟာ မကြာခင်မှာ လူမှုကွန်ရက်ပေါ်ကနေ Live လွှင့်ရင်း ဈေးရောင်းတာတွေနဲ့အတူ ဖျော်ဖြေသီဆိုပြတာတွေကိုလုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
 
“အစ်ကိုက ဒီလို ပုံမှန်အွန်လိုင်းဈေးရောင်းတာမျိုးမဟုတ်ဘူး၊ အဲ့ဒီထက် ထူးထူးခြားခြားလေးလည်းဖြစ်အောင် ပရိသတ်တွေအနေနဲ့လည်း စိတ်ဝင်တစားကြည့်ရှုလို့ရအောင် သီချင်းဆိုတာလေးကိုပါ ထည့်ပြီးလုပ်သွားဖို့ စီစဉ်ထားတာဖြစ်ပါတယ်၊ ရောင်းမှာကတော့ ရွှေထည်ပစ္စည်းတွေနဲ့ လက်ဝတ်ရတနာတွေကို ရောင်းချမှာဖြစ်ပါတယ်” လို့ သူက အွန်လိုင်းမှရှင်းပြပါတယ်။ 
 
ကြည့်ရှုတဲ့သူတွေအနေနဲ့ စိတ်ဝင်စားမှုလည်းရှိအောင် ထူးခြားတဲ့မြင်ကွင်းမျိုးဖြစ်စေဖို့ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ရွှေထည်တွေကိုအပြည့်ဝတ်ဆင်ပြသပြီး ရောင်းချမှာဖြစ်သလို ပရဟိတအလုပ်တွေ လုပ်ဆောင်နေစဉ်မှာ အမြဲတမ်းအလှူပြုနေတဲ့ လှိုင်သာယာမီးခွက်ဈေးက ရွှေဆိုင်ပိုင်ရှင်မိတ်ဆွေဖြစ်သူရဲ့ ဆိုင်ကနေ ရောင်းချပေးမှာဖြစ်တယ်လို့ သိရပါတယ်။
 
 
 
မင်းခေတ်လင်း 
(ဓာတ်ပုံ - ထူးအယ်လင်း fb)
ရန်ကုန်၊ အောက်တိုဘာ - ၃၁