အွန်လိုင်းကထုတ်လွှင့်နေတဲ့ တေးသီချင်းတိုင်းကို နားထောင်နေတဲ့ ချောစုခင်

အွန်လိုင်းကထုတ်လွှင့်နေတဲ့ တေးသီချင်းတိုင်းကို နားထောင်နေတဲ့ ချောစုခင်

ဂီတလောကမှာ နေရာတစ်ခုကို အခိုင်အမာရနေတဲ့ တေးသံရှင် ချောစုခင်ဟာ အခုလိုကာလထဲ အွန်လိုင်း ကနေထုတ်လွှင့်နေတဲ့ တေးသီချင်းတိုင်းလိုလိုကို နားထောင်ဖြစ်နေတယ်လို့ ပြောပါတယ်။
 
“ဒီကာလမှာက အချိန်ပိုပြီးရလာတာလည်းပါတယ်လေ၊ နောက်တစ်ခုက အစ်မက ဂီတကိုချစ်တဲ့သူတစ်ယောက်ပါ၊ ဒါကြောင့်လည်း အဆိုတော်အသစ်ပဲဆိုဆို၊ ဝါသနာရှင်ကပဲဆိုဆို အွန်လိုင်းပေါ်ကိုတင်တဲ့ သီချင်းတိုင်းလိုလိုကို နားထောင်ဖြစ်တယ်၊ တချို့တွေဆိုရင် အသစ်လေးတွေဖြစ်ကြပေမယ့် တော်တော်လေးကိုခံစားပြီး သီဆိုထားကြတယ်၊ အများကြီးကို ကြိုးစားအားထုတ်ထားတယ်ဆိုတာ သီချင်းလေးတွေ နားထောင်ကြည့်ရင်းနဲ့ ခံစားချက်ကို မြင်သာတယ်၊ လိုအပ်တဲ့အကူအညီရှိရင်လည်း အကူအညီပေးဖို့ ဝန်မလေးပါဘူး” လို့ ၎င်းက ရှင်းပြပါတယ်။
 
တချို့သော တေးသီချင်းအသစ်တွေမှာ ဖန်တီးလုပ်ဆောင်သူတွေဟာ လူငယ်တွေလည်းဖြစ်တာကြောင့် အတွေးခေါ်တွေ အမြင်တွေကအစ သစ်လွင်နေပြီး Creation ပိုင်းမှာလည်း အရမ်းကောင်းနေတာကို တွေ့ရကြောင်း၊ ခေတ်ရေစီးကြောင်းနဲ့အတူ မျောပါကာ သစ်လွင်အောင်ဖန်တီးထားတဲ့ တေးသီချင်းတွေအတွက်လည်း နမူနာယူကာ လေ့လာဖြစ်ခဲ့တာတွေလည်းရှိတယ်လို့ သိရပါတယ်။
 
“အခုခေတ် လူငယ်တွေက ကိုယ့်ထက်တောင် တော်တော်တတ်နေကြတဲ့သူတွေ အများကြီးရှိတာ တွေ့ရပါတယ်၊ သူတို့တွေဆီကနေ ပြန်ပြီးသင်ယူမိတဲ့အရာလေးတွေလည်းရှိခဲ့တယ်၊ ဒါပေမဲ့ အတွေ့အကြုံဆိုတာ ဝယ်လို့မရတဲ့အရာပါ၊ ပြန်ပြီး လေ့လာသင်ယူမိတာလေးတွေနဲ့ အတွေ့အကြုံနဲ့ပေါင်းစပ်လိုက်ရင် ဖန်တီးမှုကောင်းကောင်းတစ်ခုကို လုပ်ဆောင်နိုင်မှာပါ” လို့ ၎င်းက ရှင်းပြပါတယ်။ 
 
လက်ရှိမှာလည်း တေးသီချင်းတွေကို ဖန်တီးနေတာရှိသလို အကူအညီတောင်းတဲ့ တတ်နိုင်သလောက်အကြံဉာဏ်တွေပေးရင်း ကူညီလေ့ရှိတယ်လို့ သိရပါတယ်။
 
သူမဟာ ဂီတလောကမှာ နှစ်ပေါင်း ၂၀ ကျော် ကြာမြင့်သူတစ်ဦးလည်းဖြစ်ပြီး တစ်ကိုယ်တော်ခွေများစွာကိုလည်း ထုတ်လုပ်နိုင်ခဲ့သလို အသံပါဝါအားကောင်းကာထူးခြားတဲ့သူတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီးသတိထားမိခဲ့တယ်လို့ သိရပါတယ်။လက်ရှိမှာလည်း တေးသီချင်းသစ်တွေကို ခေတ်ရေစီးကြောင်းနဲ့အတူ ထုတ်လွှင့်နိုင်ဖို့ ကြိုးပမ်းနေသူတစ်ဦးလည်း ဖြစ်ပါတယ်။
 
မင်းခေတ်လင်း 
(ဓာတ်ပုံ - ချောစုခင်)
ရန်ကုန်၊ ဇန်နဝါရီ - ၃၀
 
( Zawgyi )
 
ဂီတေလာကမွာ ေနရာတစ္ခုကို အခိုင္အမာရေနတဲ့ ေတးသံရွင္ ေခ်ာစုခင္ဟာ အခုလိုကာလထဲ အြန္လိုင္း ကေနထုတ္လႊင့္ေနတဲ့ ေတးသီခ်င္းတိုင္းလိုလိုကို နားေထာင္ျဖစ္ေနတယ္လို႔ ေျပာပါတယ္။
 
“ဒီကာလမွာက အခ်ိန္ပိုၿပီးရလာတာလည္းပါတယ္ေလ၊ ေနာက္တစ္ခုက အစ္မက ဂီတကိုခ်စ္တဲ့သူတစ္ေယာက္ပါ၊ ဒါေၾကာင့္လည္း အဆိုေတာ္အသစ္ပဲဆိုဆို၊ ဝါသနာရွင္ကပဲဆိုဆို အြန္လိုင္းေပၚကိုတင္တဲ့ သီခ်င္းတိုင္းလိုလိုကို နားေထာင္ျဖစ္တယ္၊ တခ်ိဳ႕ေတြဆိုရင္ အသစ္ေလးေတြျဖစ္ၾကေပမယ့္ ေတာ္ေတာ္ေလးကိုခံစားၿပီး သီဆိုထားၾကတယ္၊ အမ်ားႀကီးကို ႀကိဳးစားအားထုတ္ထားတယ္ဆိုတာ သီခ်င္းေလးေတြ နားေထာင္ၾကည့္ရင္းနဲ႔ ခံစားခ်က္ကို ျမင္သာတယ္၊ လိုအပ္တဲ့အကူအညီရွိရင္လည္း အကူအညီေပးဖို႔ ဝန္မေလးပါဘူး” လို႔ ၎က ရွင္းျပပါတယ္။
 
တခ်ိဳ႕ေသာ ေတးသီခ်င္းအသစ္ေတြမွာ ဖန္တီးလုပ္ေဆာင္သူေတြဟာ လူငယ္ေတြလည္းျဖစ္တာေၾကာင့္ အေတြးေခၚေတြ အျမင္ေတြကအစ သစ္လြင္ေနၿပီး Creation ပိုင္းမွာလည္း အရမ္းေကာင္းေနတာကို ေတြ႕ရေၾကာင္း၊ ေခတ္ေရစီးေၾကာင္းနဲ႔အတူ ေမ်ာပါကာ သစ္လြင္ေအာင္ဖန္တီးထားတဲ့ ေတးသီခ်င္းေတြအတြက္လည္း နမူနာယူကာ ေလ့လာျဖစ္ခဲ့တာေတြလည္းရွိတယ္လို႔ သိရပါတယ္။
 
“အခုေခတ္ လူငယ္ေတြက ကိုယ့္ထက္ေတာင္ ေတာ္ေတာ္တတ္ေနၾကတဲ့သူေတြ အမ်ားႀကီးရွိတာ ေတြ႕ရပါတယ္၊ သူတို႔ေတြဆီကေန ျပန္ၿပီးသင္ယူမိတဲ့အရာေလးေတြလည္းရွိခဲ့တယ္၊ ဒါေပမဲ့ အေတြ႕အႀကဳံဆိုတာ ဝယ္လို႔မရတဲ့အရာပါ၊ ျပန္ၿပီး ေလ့လာသင္ယူမိတာေလးေတြနဲ႔ အေတြ႕အႀကဳံနဲ႔ေပါင္းစပ္လိုက္ရင္ ဖန္တီးမႈေကာင္းေကာင္းတစ္ခုကို လုပ္ေဆာင္ႏိုင္မွာပါ” လို႔ ၎က ရွင္းျပပါတယ္။ 
 
လက္ရွိမွာလည္း ေတးသီခ်င္းေတြကို ဖန္တီးေနတာရွိသလို အကူအညီေတာင္းတဲ့ တတ္ႏိုင္သေလာက္အႀကံဉာဏ္ေတြေပးရင္း ကူညီေလ့ရွိတယ္လို႔ သိရပါတယ္။
 
သူမဟာ ဂီတေလာကမွာ ႏွစ္ေပါင္း ၂၀ ေက်ာ္ ၾကာျမင့္သူတစ္ဦးလည္းျဖစ္ၿပီး တစ္ကိုယ္ေတာ္ေခြမ်ားစြာကိုလည္း ထုတ္လုပ္ႏိုင္ခဲ့သလို အသံပါဝါအားေကာင္းကာထူးျခားတဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္ ပရိသတ္ေတြက ပိုၿပီးသတိထားမိခဲ့တယ္လို႔ သိရပါတယ္။လက္ရွိမွာလည္း ေတးသီခ်င္းသစ္ေတြကို ေခတ္ေရစီးေၾကာင္းနဲ႔အတူ ထုတ္လႊင့္ႏိုင္ဖို႔ ႀကိဳးပမ္းေနသူတစ္ဦးလည္း ျဖစ္ပါတယ္။
 
မင္းေခတ္လင္း 
(ဓာတ္ပုံ - ေခ်ာစုခင္)
ရန္ကုန္၊ ဇန္နဝါရီ - ၃၀