အောက်စီဂျင်စက်လှူဖို့ စီစဉ်နေတဲ့ သရုပ်ဆောင် ပွင့်နဒီမောင်

အောက်စီဂျင်စက်လှူဖို့ စီစဉ်နေတဲ့ သရုပ်ဆောင် ပွင့်နဒီမောင်

သရုပ်ဆောင် ပွင့်နဒီမောင်ဟာ ပရဟိတဝါသနာပါသူ သူငယ်ချင်းတွေနဲ့အတူ စုပေါင်းပြီး အခုရက်ပိုင်းထဲ ချို့တဲ့သူတွေအတွက် စားသောက်ဖွယ်ရာတွေကို လိုက်လံလှူဒါန်းနေသလို လူနာတွေအတွက် အရေးတကြီးလိုအပ်နေတဲ့ အောက်စီဂျင်စက်ကိုလည်း လှူဒါန်းဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

“ဒီရက်ပိုင်းက ချို့တဲ့တဲ့သူတွေရှိရာမှာ သွားပြီးလှူဖြစ်ပါတယ်၊ သာကေတ၊ လှိုင်သာယာ၊ မင်္ဂလာဒုံဘက်မှာရှိတဲ့ အိမ်ထောင်စု ၂၇ စုစာအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အကုန်လုံးလှူခဲ့တာဖြစ်ပါတယ်၊ ဒီအချိန်မှာ အရမ်းချမ်းသာတဲ့သူတွေတောင် ကျပ်တည်းကြတာလေ၊ ကျပ်ကျပ်တည်းတည်းနေရတာလေ၊ အခုလှူတာက အရမ်းတော့မများဘူး၊ တတ်နိုင်သလောက်လှူတဲ့ သဘောပါပဲ၊ မေတ္တာအသင်းအနေနဲ့ လှူခဲ့တာပါ၊ လူတစ်ယောက်ကို ၂ သောင်းနဲ့ စုပေါင်းပြီးတော့ အခုလိုလှူတာဖြစ်ပါတယ်၊ ပရဟိတအဖွဲ့အစည်းထောင်တာမျိုးတော့ မဟုတ်ဘူး၊ စုပေါင်းလှူရင်းနဲ့ အယောက် ၅၀ လောက်အထိရှိနေပြီ၊ နာမည်လေးတော့ထားပါဆိုတာနဲ့ နာမည်လေးပေးထားတာ” လို့ ၎င်းက ရှင်းပြခဲ့ပါတယ်။

အောက်စီဂျင်စက်နှစ်လုံးလောက် လှူဒါန်းဖို့ လျာထားကြသလို စက်တစ်လုံးရဲ့တန်ဖိုးမှာ ငွေကျပ် ၆ သိန်းလောက်ရှိပြီး စုပေါင်းငွေအားဖြင့် ၁၀ သိန်းလောက်ရရှိတဲ့အခါ လိုအပ်တဲ့ ငွေကျပ် ၂ သိန်းကို ၎င်းက ထပ်မံဖြည့်စွက်လှူသွားဖို့လည်း ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

“အခုက အရွယ်တစ်ခုကိုရောက်လာပြီလေ၊ ကိုယ်သေဆုံးသွားရင် ကိုယ့်နောက်မှာပါနိုင်တာကာ ကုသိုလ်ပဲရှိတယ်၊ အခုက ၈ ကြိမ်မြောက် လှူခဲ့တယ်၊ ဒီလိုလှူနိုင်ဖို့ကလည်း တစ်ယောက် နှစ်သောင်းနဲ့ စုလိုက်တော့ ဒီငွေက အရမ်းလည်းမများဘူး၊ နည်းလည်းမနည်းဘူး၊ ဒီငွေပမာဏက ကောင်းကောင်းမွန်မွန်လေး လှူလို့ရတယ်၊ အခုက ဘာဝင်ငွေမှလည်းမရှိဘူးလေ၊ ဝက်နံရိုးလည်း မရောင်းရဘူး၊ ပြန်ရောင်းဖို့တော့ စီစဉ်နေတာလေးရှိတာပေါ့၊ ဒီအချိန်မှာပြောချင်တာတစ်ခုက ကျန်းမာရေးကိစ္စပါ၊ လူတွေက ဘယ်လောက်ပဲ ပိုက်ဆံရှိရှိ၊ မာနရှိရှိ ဘယ်လောက်ပဲ အောင်မြင်ကျော်ကြားတာတွေပဲဖြစ်ဖြစ် ကျန်းမာရေးမကောင်းရင် ကိုယ်ဖြစ်ချင်တာရော ကိုယ့်မိသားစုဖြစ်ချင်တာရော ဘာဆိုဘာမှကိုလုပ်လို့မရဘူး၊ အခုက ပိုးတွေ့တာကလည်း အရင်ကနဲ့ယှဉ်ရင် ကျသွားတယ်လို့ တွေ့ရပေမယ့်လည်း နေ့စဉ်ထောင်ဂဏန်းလိုလို ဖြစ်နေတော့ မပေါ့သင့်သေးတဲ့ အခြေအနေပါပဲ၊ ဒါကြောင့်လည်း အကုန်လုံးက သတိထားနေရတယ်၊ ပရိသတ်တွေအားလုံးလည်း သတိထားကြပါလို့ပဲ ပြောချင်ပါတယ်” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - ကိုနိုင် NG)
ရန်ကုန်၊ အောက်တိုဘာ - ၁၇

( Zawgyi )

သ႐ုပ္ေဆာင္ ပြင့္နဒီေမာင္ဟာ ပရဟိတဝါသနာပါသူ သူငယ္ခ်င္းေတြနဲ႔အတူ စုေပါင္းၿပီး အခုရက္ပိုင္းထဲ ခ်ိဳ႕တဲ့သူေတြအတြက္ စားေသာက္ဖြယ္ရာေတြကို လိုက္လံလႉဒါန္းေနသလို လူနာေတြအတြက္ အေရးတႀကီးလိုအပ္ေနတဲ့ ေအာက္စီဂ်င္စက္ကိုလည္း လႉဒါန္းဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

“ဒီရက္ပိုင္းက ခ်ိဳ႕တဲ့တဲ့သူေတြရွိရာမွာ သြားၿပီးလႉျဖစ္ပါတယ္၊ သာေကတ၊ လႈိင္သာယာ၊ မဂၤလာဒုံဘက္မွာရွိတဲ့ အိမ္ေထာင္စု ၂၇ စုစာအတြက္ ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္ အကုန္လုံးလႉခဲ့တာျဖစ္ပါတယ္၊ ဒီအခ်ိန္မွာ အရမ္းခ်မ္းသာတဲ့သူေတြေတာင္ က်ပ္တည္းၾကတာေလ၊ က်ပ္က်ပ္တည္းတည္းေနရတာေလ၊ အခုလႉတာက အရမ္းေတာ့မမ်ားဘူး၊ တတ္ႏိုင္သေလာက္လႉတဲ့ သေဘာပါပဲ၊ ေမတၱာအသင္းအေနနဲ႔ လႉခဲ့တာပါ၊ လူတစ္ေယာက္ကို ၂ ေသာင္းနဲ႔ စုေပါင္းၿပီးေတာ့ အခုလိုလႉတာျဖစ္ပါတယ္၊ ပရဟိတအဖြဲ႕အစည္းေထာင္တာမ်ိဳးေတာ့ မဟုတ္ဘူး၊ စုေပါင္းလႉရင္းနဲ႔ အေယာက္ ၅၀ ေလာက္အထိရွိေနၿပီ၊ နာမည္ေလးေတာ့ထားပါဆိုတာနဲ႔ နာမည္ေလးေပးထားတာ” လို႔ ၎က ရွင္းျပခဲ့ပါတယ္။

ေအာက္စီဂ်င္စက္ႏွစ္လုံးေလာက္ လႉဒါန္းဖို႔ လ်ာထားၾကသလို စက္တစ္လုံးရဲ႕တန္ဖိုးမွာ ေငြက်ပ္ ၆ သိန္းေလာက္ရွိၿပီး စုေပါင္းေငြအားျဖင့္ ၁၀ သိန္းေလာက္ရရွိတဲ့အခါ လိုအပ္တဲ့ ေငြက်ပ္ ၂ သိန္းကို ၎က ထပ္မံျဖည့္စြက္လႉသြားဖို႔လည္း ျပင္ဆင္ထားတယ္လို႔ သိရပါတယ္။

“အခုက အ႐ြယ္တစ္ခုကိုေရာက္လာၿပီေလ၊ ကိုယ္ေသဆုံးသြားရင္ ကိုယ့္ေနာက္မွာပါႏိုင္တာကာ ကုသိုလ္ပဲရွိတယ္၊ အခုက ၈ ႀကိမ္ေျမာက္ လႉခဲ့တယ္၊ ဒီလိုလႉႏိုင္ဖို႔ကလည္း တစ္ေယာက္ ႏွစ္ေသာင္းနဲ႔ စုလိုက္ေတာ့ ဒီေငြက အရမ္းလည္းမမ်ားဘူး၊ နည္းလည္းမနည္းဘူး၊ ဒီေငြပမာဏက ေကာင္းေကာင္းမြန္မြန္ေလး လႉလို႔ရတယ္၊ အခုက ဘာဝင္ေငြမွလည္းမရွိဘူးေလ၊ ဝက္နံ႐ိုးလည္း မေရာင္းရဘူး၊ ျပန္ေရာင္းဖို႔ေတာ့ စီစဥ္ေနတာေလးရွိတာေပါ့၊ ဒီအခ်ိန္မွာေျပာခ်င္တာတစ္ခုက က်န္းမာေရးကိစၥပါ၊ လူေတြက ဘယ္ေလာက္ပဲ ပိုက္ဆံရွိရွိ၊ မာနရွိရွိ ဘယ္ေလာက္ပဲ ေအာင္ျမင္ေက်ာ္ၾကားတာေတြပဲျဖစ္ျဖစ္ က်န္းမာေရးမေကာင္းရင္ ကိုယ္ျဖစ္ခ်င္တာေရာ ကိုယ့္မိသားစုျဖစ္ခ်င္တာေရာ ဘာဆိုဘာမွကိုလုပ္လို႔မရဘူး၊ အခုက ပိုးေတြ႕တာကလည္း အရင္ကနဲ႔ယွဥ္ရင္ က်သြားတယ္လို႔ ေတြ႕ရေပမယ့္လည္း ေန႔စဥ္ေထာင္ဂဏန္းလိုလို ျဖစ္ေနေတာ့ မေပါ့သင့္ေသးတဲ့ အေျခအေနပါပဲ၊ ဒါေၾကာင့္လည္း အကုန္လုံးက သတိထားေနရတယ္၊ ပရိသတ္ေတြအားလုံးလည္း သတိထားၾကပါလို႔ပဲ ေျပာခ်င္ပါတယ္” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - ကိုႏိုင္ NG)
ရန္ကုန္၊ ေအာက္တိုဘာ - ၁၇