အိမ်မပြန်ဘဲ ပရဟိတအလုပ်လုပ်နေတဲ့ သရုပ်ဆောင် ထွန်းကိုကို

အိမ်မပြန်ဘဲ ပရဟိတအလုပ်လုပ်နေတဲ့ သရုပ်ဆောင် ထွန်းကိုကို

သရုပ်ဆောင် ထွန်းကိုကိုဟာ COVID 19 ရောဂါစဖြစ်ကတည်းက ပရဟိတအလုပ်တွေကိုသာ တစိုက်မတ်မတ် လုပ်ကိုင်နေပြီး မိသားစုအတွက် ရောဂါပိုးကူးစက်နိုင်မှုအန္တရာယ်ကို စိုးရိမ်တာ မျိုးမဖြစ်စေဖို့ အိမ်မပြန်ဘဲ နေထိုင်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

“ဒီလို COVID စဖြစ်တော့ မတ်လထဲမှာ အနုပညာအလုပ်တွေက လုပ်လို့အဆင်မပြေတော့ဘူး၊ အနုပညာ အလုပ်တွေအများစုကလည်း လုံးဝရပ်ဆိုင်းထားရပါတယ်၊ အရင်ကလည်း ကျွန်တော် က နာရေးကူညီမှုအသင်းမှာ အားလပ်ချိန်တွေဆိုရင် ပရဟိတအလုပ်တွေလုပ်နေတာရှိပေမယ့် အခုလိုဖြစ်တော့ ဒီလို ပရဟိတ အလုပ်ကိုပဲ လုပ်ဖြစ်တော့တယ်၊ အဲ့လိုလုပ်ရင်း ကိုယ်ကအပြင် မှာ ဈာပနလမ်းကြောင်းတွေကို သွားလာနေတာတွေရှိတော့ ကျွန်တော့်ကြောင့်မိသားစုထဲမှာ ပိုးကူးတာမျိုးလည်း မဖြစ်စေချင်တာလည်း ပါပါတယ်၊ အိမ်မပြန်ဘဲ နာရေးကူညီမှုအသင်းမှာပဲ နေရင်းနဲ့ တောက်လျှောက်လုပ်ကိုင်ဖြစ်နေပါတယ်၊ ဈာပနလမ်းကြောင်းတွေအပြင် ပိုးသတ်ဆေး ဖြန်းတာတွေ၊ ကုသိုလ်ပြုပြီး ရိက္ခာပေးဝေတာတွေ အပါအဝင် ပရဟိတ အလုပ်တွေမှာပဲ လုပ်ဖြစ်ပါတယ်”ဟု ၎င်းက ရှင်းပြပါတယ်။

မြန်မာနိုင်ငံမှာ ယခုအခါ ပြည်တွင်းကူးစက်မှုမရှိသလောက် အခြေအနေမျိုးဖြစ်လာကာ ပိုးတွေ့ လူနာ တွေ့ရှိမှု လျော့နည်းလာပေမယ့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရောဂါပြီးဆုံးသွား တယ်လို့ မကြေညာသေးတဲ့အတွက် မပေါ့ဆသင့်ကြောင်း၊ အခြား နိုင်ငံတွေမှာ ဖြစ်ပွားတဲ့အခြေအနေကို လေ့လာကြည့်ရင် မထင်မှတ်တဲ့အခြေအနေ မျိုးကနေ ရောဂါပိုးဟာ ပြန်လည်ခေါင်းထောင် တတ်တာကြောင့် သတိပြုကာ ကျန်းမာရေးထုတ်ပြန်ချက်တွေ အတိုင်း ဆင်ခြင်လိုက်နာပြီး နေထိုင်သင့်တယ်လို့ ဆိုပါတယ်။ “ဆက်ပြီးတော့လည်း ဒီလိုပရဟိတ အလုပ်တွေကို လုပ်နေဦး မှာပါ၊ အိမ်ပြန်ဖို့က အခြေအနေတွေလည်း လေ့လာရပါဦးမယ်၊ ကိုယ်က တစ်နေကုန် လျှောက်သွားနေတော့လေ ကိုယ့်ဆီမှာပိုးပါလာခဲ့ရင်ဆိုတာမျိုးကို စိုးရိမ်ပြီး အိမ်မပြန် ဖြစ်တာပါ၊ အခုလိုအခြေ အနေမှာ ကျွန်တော်တို့အားလုံးလည်း မပေါ့သင့်ပါဘူး၊ မကြာခင်မှာ COVID ကို နိဂုံးချုပ်အောင် တိုက်ထုတ်ကြ နိုင်တော့မယ်လို့ ယုံကြည်ပါတယ်”လို့ သူက ဆက်လက်ပြောကြား ခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ မေ ၃၁

(  Zawgyi  )

 သ႐ုပ္ေဆာင္ ထြန္းကိုကိုဟာ COVID 19 ေရာဂါစျဖစ္ကတည္းက ပရဟိတအလုပ္ေတြကိုသာ တစိုက္မတ္မတ္ လုပ္ကိုင္ေနၿပီး မိသားစုအတြက္ ေရာဂါပိုးကူးစက္ႏိုင္မႈအႏၲရာယ္ကို စိုးရိမ္တာ မ်ိဳးမျဖစ္ေစဖို႔ အိမ္မျပန္ဘဲ ေနထိုင္လုပ္ကိုင္ေနတယ္လို႔ သိရပါတယ္။

“ဒီလို COVID စျဖစ္ေတာ့ မတ္လထဲမွာ အႏုပညာအလုပ္ေတြက လုပ္လို႔အဆင္မေျပေတာ့ဘူး၊ အႏုပညာ အလုပ္ေတြအမ်ားစုကလည္း လုံးဝရပ္ဆိုင္းထားရပါတယ္၊ အရင္ကလည္း ကြၽန္ေတာ္ က နာေရးကူညီမႈအသင္းမွာ အားလပ္ခ်ိန္ေတြဆိုရင္ ပရဟိတအလုပ္ေတြလုပ္ေနတာရွိေပမယ့္ အခုလိုျဖစ္ေတာ့ ဒီလို ပရဟိတ အလုပ္ကိုပဲ လုပ္ျဖစ္ေတာ့တယ္၊ အဲ့လိုလုပ္ရင္း ကိုယ္ကအျပင္ မွာ ဈာပနလမ္းေၾကာင္းေတြကို သြားလာေနတာေတြရွိေတာ့ ကြၽန္ေတာ့္ေၾကာင့္မိသားစုထဲမွာ ပိုးကူးတာမ်ိဳးလည္း မျဖစ္ေစခ်င္တာလည္း ပါပါတယ္၊ အိမ္မျပန္ဘဲ နာေရးကူညီမႈအသင္းမွာပဲ ေနရင္းနဲ႔ ေတာက္ေလွ်ာက္လုပ္ကိုင္ျဖစ္ေနပါတယ္၊ ဈာပနလမ္းေၾကာင္းေတြအျပင္ ပိုးသတ္ေဆး ျဖန္းတာေတြ၊ ကုသိုလ္ျပဳၿပီး ရိကၡာေပးေဝတာေတြ အပါအဝင္ ပရဟိတ အလုပ္ေတြမွာပဲ လုပ္ျဖစ္ပါတယ္”ဟု ၎က ရွင္းျပပါတယ္။

ျမန္မာႏိုင္ငံမွာ ယခုအခါ ျပည္တြင္းကူးစက္မႈမရွိသေလာက္ အေျခအေနမ်ိဳးျဖစ္လာကာ ပိုးေတြ႕ လူနာ ေတြ႕ရွိမႈ ေလ်ာ့နည္းလာေပမယ့္ ကမာၻ႔က်န္းမာေရးအဖြဲ႕က ေရာဂါၿပီးဆုံးသြား တယ္လို႔ မေၾကညာေသးတဲ့အတြက္ မေပါ့ဆသင့္ေၾကာင္း၊ အျခား ႏိုင္ငံေတြမွာ ျဖစ္ပြားတဲ့အေျခအေနကို ေလ့လာၾကည့္ရင္ မထင္မွတ္တဲ့အေျခအေန မ်ိဳးကေန ေရာဂါပိုးဟာ ျပန္လည္ေခါင္းေထာင္ တတ္တာေၾကာင့္ သတိျပဳကာ က်န္းမာေရးထုတ္ျပန္ခ်က္ေတြ အတိုင္း ဆင္ျခင္လိုက္နာၿပီး ေနထိုင္သင့္တယ္လို႔ ဆိုပါတယ္။ “ဆက္ၿပီးေတာ့လည္း ဒီလိုပရဟိတ အလုပ္ေတြကို လုပ္ေနဦး မွာပါ၊ အိမ္ျပန္ဖို႔က အေျခအေနေတြလည္း ေလ့လာရပါဦးမယ္၊ ကိုယ္က တစ္ေနကုန္ ေလွ်ာက္သြားေနေတာ့ေလ ကိုယ့္ဆီမွာပိုးပါလာခဲ့ရင္ဆိုတာမ်ိဳးကို စိုးရိမ္ၿပီး အိမ္မျပန္ ျဖစ္တာပါ၊ အခုလိုအေျခ အေနမွာ ကြၽန္ေတာ္တို႔အားလုံးလည္း မေပါ့သင့္ပါဘူး၊ မၾကာခင္မွာ COVID ကို နိဂုံးခ်ဳပ္ေအာင္ တိုက္ထုတ္ၾက ႏိုင္ေတာ့မယ္လို႔ ယုံၾကည္ပါတယ္”လို႔ သူက ဆက္လက္ေျပာၾကား ခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေမ ၃၁