အိမ်ပိုင်လေးဖြစ်ဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် ညီနန္ဒ

အိမ်ပိုင်လေးဖြစ်ဖို့ ကြိုးစားနေတဲ့ သရုပ်ဆောင် ညီနန္ဒ

အခုလို COVID ကာလမှာ ထောပတ်ထမင်းရောင်းနေတဲ့ သရုပ်ဆောင် ညီနန္ဒဟာ အိမ်ပိုင်ဆိုင်ရေးအတွက် ဦးတည်ချက်ထားကာ ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
 
“အစ်ကိုတို့က ချမ်းသာတဲ့မိသားစုက ပေါက်ဖွားလာတဲ့သူလည်းမဟုတ်ဘူးလေ၊ အခုက ငှားနေရတာပါ၊ အိမ်ပိုင်လေးတော့ ဖြစ်ချင်တယ်လေ၊ မိသားစုကိုလည်း ကိုယ်ပိုင်အိမ်နဲ့ထားချင်တယ်၊ အဲ့ဒါကြောင့်လည်း အစ်ကို ကိုယ်တိုင်ကြိုးစားရတာပေါ့၊ ဒါပေမဲ့လေ အစ်ကို့ဘက်က ကြိုးစားမှုဟာ ၁၀၀ ရာခိုင်နှုန်း ပြည့်နေရမယ်၊ နေ့တိုင်း၊ အချိန်တိုင်း အစ်ကို ကြိုးစားမယ်၊ ထောပတ်ထမင်းနားတဲ့ရက်မှာဆိုရင် အစ်ကို စာရင်းတွေလုပ်တယ်၊ အလှူရှင်တွေကိုလည်း ဘာတွေလှူထားတယ်ဆိုတာ ပြောရတယ်၊ ဒါတွေအပြင် ဘုရား၊ တရား ဆိုလည်း မနက် ၄ နာရီကတည်းက ထပြီးတော့ နေ့စဉ် အမြဲမပြတ်လုပ်ပါတယ်၊ ဒီလိုကြိုးစားမှုတွေက အစ်ကို့ရဲ့ ကြိုးစားမှုဖြစ်တဲ့အတွက် အများကြီးမမျှော်လင့်ထားပါဘူး၊ အစ်ကို မျှော်လင့်သလိုပေါ့ အတိုင်းအတာတစ်ခုအထိကတော့ ရောက်သွားမယ်ထင်တယ်၊ ဆိုးဆိုးရွားရွားတော့ဖြစ်မယ်လို့ အစ်ကိုမထင်ဘူး” လို့ သူက ရှင်းပြပါတယ်။
 
သူဟာ ဗီဒီယိုတွေခေတ်စားချိန်ကတည်းက ရိုက်ကူးခဲ့သူလည်းဖြစ်ပြီး စားဝတ်နေရေးအတွက် စီးပွားရေးကို ဦးစားပေးလုပ်ကိုင်ချိန်မှာ အနုပညာအလုပ်တွေနဲ့ ဝေးကွာသွားခဲ့ပြီး ပရိသတ်တွေရဲ့ရှေ့ကနေ ကွယ်ပျောက်သွားခဲ့ရပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပြည်တွင်းရုပ်သံလိုင်းတစ်ခုကနေ “နေရယ် လရယ် အမှန်တရားရယ်” လို့ နာမည်ရတဲ့ ရုပ်သံဇာတ်လမ်းမှာ ပရိသတ်တွေက ပိုမိုပြီးသတိထားလာမိသူဖြစ်ပါတယ်။အခုလို COVID ကာလထဲမှာတော့ စားဝတ်နေရေးအတွက်ဖြေရှင်းကာ ထောပတ်ထမင်းရောင်းချတာတွေကို လုပ်ကိုင်ရင်း အခုနောက်ပိုင်း အလှူရှင်အဖွဲ့အစည်းတွေရဲ့ အော်ဒါမှာယူမှုတွေနဲ့ တော်တော်လေးရောင်းကောင်းလာတဲ့ အခြေအနေမျိုးလည်းရှိတယ်လို့ သိရပါတယ်။
 
“ဒီအတိုင်းသွားရင် အစ်ကိုယ့်လက်ထဲမှာက စုထားဆောင်းထားတာ သိပ်မရှိဘူးလေ၊ အလွန်ဆုံးတောင့်ခံထားနိုင်ရင် နှစ်လပေါ့၊ အိမ်ငှားခဆိုတာကလည်း ပေးရတယ်၊ အခုလိုရောင်းရတော့ အိမ်ဖိုးလေးလည်းအဆင်ပြေတယ်၊ အစ်ကိုက အရင်တုန်းကဆိုရင် ဇာတ်ကားရိုက်လို့ရတဲ့ ပိုက်ဆံလေးနဲ့စားတယ်လေ၊ စားဖို့မရှိတော့ရင် ကားရိုက်မျှော်တယ်ပေါ့၊ အဲ့ဒါကြောင့် လည်း ကိုယ်ပိုင်စီးပွားရေးတစ်ခုကို သေချာလေးလုပ်ချင်တာပါ၊ အခုတော့လုပ်နေပြီ၊ မိသားစုကို ကိုယ်ပိုင် အိမ်လေးနဲ့ထားနိုင်ဖို့ ကြိုးစားနေပါပြီ၊ ဒါကလည်း ဖြစ်လာရမှာပါ၊ အစ်ကိုက ရည်မှန်းချက်ထားထားတယ်၊ အခုရက်တွေက မနားရဘူး၊ ဒီနေ့ (အောက်တိုဘာ ၆ ရက်) မှာလည်း သင်္ဃန်းကျွန်း စွန်းလွန်းဂူသာသနာ့ရိပ်သာ၊ Quaratine Center က သံဃာတော်၊ သီလရှင်တွေနဲ့ Volunteer တွေအတွက် နေ့ဆွမ်းအဖြစ် ထောပတ်ထမင်း ၂၇၁ ပွဲကို အလှူရှင်တွေရဲ့ကိုယ်စား ကိုယ်တိုင်သွားရောက်လှူဒါန်းပေးခဲ့ပါတယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။
 
မင်းခေတ်လင်း 
(ဓာတ်ပုံ - ညီနန္ဒ)
ရန်ကုန်၊ အောက်တိုဘာ - ၇
 
( Zawgyi )
 
အခုလို COVID ကာလမွာ ေထာပတ္ထမင္းေရာင္းေနတဲ့ သ႐ုပ္ေဆာင္ ညီနႏၵဟာ အိမ္ပိုင္ဆိုင္ေရးအတြက္ ဦးတည္ခ်က္ထားကာ ႀကိဳးပမ္းလုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။
 
“အစ္ကိုတို႔က ခ်မ္းသာတဲ့မိသားစုက ေပါက္ဖြားလာတဲ့သူလည္းမဟုတ္ဘူးေလ၊ အခုက ငွားေနရတာပါ၊ အိမ္ပိုင္ေလးေတာ့ ျဖစ္ခ်င္တယ္ေလ၊ မိသားစုကိုလည္း ကိုယ္ပိုင္အိမ္နဲ႔ထားခ်င္တယ္၊ အဲ့ဒါေၾကာင့္လည္း အစ္ကို ကိုယ္တိုင္ႀကိဳးစားရတာေပါ့၊ ဒါေပမဲ့ေလ အစ္ကို႔ဘက္က ႀကိဳးစားမႈဟာ ၁၀၀ ရာခိုင္ႏႈန္း ျပည့္ေနရမယ္၊ ေန႔တိုင္း၊ အခ်ိန္တိုင္း အစ္ကို ႀကိဳးစားမယ္၊ ေထာပတ္ထမင္းနားတဲ့ရက္မွာဆိုရင္ အစ္ကို စာရင္းေတြလုပ္တယ္၊ အလႉရွင္ေတြကိုလည္း ဘာေတြလႉထားတယ္ဆိုတာ ေျပာရတယ္၊ ဒါေတြအျပင္ ဘုရား၊ တရား ဆိုလည္း မနက္ ၄ နာရီကတည္းက ထၿပီးေတာ့ ေန႔စဥ္ အၿမဲမျပတ္လုပ္ပါတယ္၊ ဒီလိုႀကိဳးစားမႈေတြက အစ္ကို႔ရဲ႕ ႀကိဳးစားမႈျဖစ္တဲ့အတြက္ အမ်ားႀကီးမေမွ်ာ္လင့္ထားပါဘူး၊ အစ္ကို ေမွ်ာ္လင့္သလိုေပါ့ အတိုင္းအတာတစ္ခုအထိကေတာ့ ေရာက္သြားမယ္ထင္တယ္၊ ဆိုးဆိုး႐ြား႐ြားေတာ့ျဖစ္မယ္လို႔ အစ္ကိုမထင္ဘူး” လို႔ သူက ရွင္းျပပါတယ္။
 
သူဟာ ဗီဒီယိုေတြေခတ္စားခ်ိန္ကတည္းက ႐ိုက္ကူးခဲ့သူလည္းျဖစ္ၿပီး စားဝတ္ေနေရးအတြက္ စီးပြားေရးကို ဦးစားေပးလုပ္ကိုင္ခ်ိန္မွာ အႏုပညာအလုပ္ေတြနဲ႔ ေဝးကြာသြားခဲ့ၿပီး ပရိသတ္ေတြရဲ႕ေရွ႕ကေန ကြယ္ေပ်ာက္သြားခဲ့ရပါတယ္။ ၂၀၁၇ ခုႏွစ္မွာ ဒုတိယအႀကိမ္အျဖစ္ အႏုပညာေလာကထဲ ျပန္လည္ဝင္ေရာက္လာခဲ့ၿပီး ျပည္တြင္း႐ုပ္သံလိုင္းတစ္ခုကေန “ေနရယ္ လရယ္ အမွန္တရားရယ္” လို႔ နာမည္ရတဲ့ ႐ုပ္သံဇာတ္လမ္းမွာ ပရိသတ္ေတြက ပိုမိုၿပီးသတိထားလာမိသူျဖစ္ပါတယ္။အခုလို COVID ကာလထဲမွာေတာ့ စားဝတ္ေနေရးအတြက္ေျဖရွင္းကာ ေထာပတ္ထမင္းေရာင္းခ်တာေတြကို လုပ္ကိုင္ရင္း အခုေနာက္ပိုင္း အလႉရွင္အဖြဲ႕အစည္းေတြရဲ႕ ေအာ္ဒါမွာယူမႈေတြနဲ႔ ေတာ္ေတာ္ေလးေရာင္းေကာင္းလာတဲ့ အေျခအေနမ်ိဳးလည္းရွိတယ္လို႔ သိရပါတယ္။
 
“ဒီအတိုင္းသြားရင္ အစ္ကိုယ့္လက္ထဲမွာက စုထားေဆာင္းထားတာ သိပ္မရွိဘူးေလ၊ အလြန္ဆုံးေတာင့္ခံထားႏိုင္ရင္ ႏွစ္လေပါ့၊ အိမ္ငွားခဆိုတာကလည္း ေပးရတယ္၊ အခုလိုေရာင္းရေတာ့ အိမ္ဖိုးေလးလည္းအဆင္ေျပတယ္၊ အစ္ကိုက အရင္တုန္းကဆိုရင္ ဇာတ္ကား႐ိုက္လို႔ရတဲ့ ပိုက္ဆံေလးနဲ႔စားတယ္ေလ၊ စားဖို႔မရွိေတာ့ရင္ ကား႐ိုက္ေမွ်ာ္တယ္ေပါ့၊ အဲ့ဒါေၾကာင့္ လည္း ကိုယ္ပိုင္စီးပြားေရးတစ္ခုကို ေသခ်ာေလးလုပ္ခ်င္တာပါ၊ အခုေတာ့လုပ္ေနၿပီ၊ မိသားစုကို ကိုယ္ပိုင္ အိမ္ေလးနဲ႔ထားႏိုင္ဖို႔ ႀကိဳးစားေနပါၿပီ၊ ဒါကလည္း ျဖစ္လာရမွာပါ၊ အစ္ကိုက ရည္မွန္းခ်က္ထားထားတယ္၊ အခုရက္ေတြက မနားရဘူး၊ ဒီေန႔ (ေအာက္တိုဘာ ၆ ရက္) မွာလည္း သဃၤန္းကြၽန္း စြန္းလြန္းဂူသာသနာ့ရိပ္သာ၊ Quaratine Center က သံဃာေတာ္၊ သီလရွင္ေတြနဲ႔ Volunteer ေတြအတြက္ ေန႔ဆြမ္းအျဖစ္ ေထာပတ္ထမင္း ၂၇၁ ပြဲကို အလႉရွင္ေတြရဲ႕ကိုယ္စား ကိုယ္တိုင္သြားေရာက္လႉဒါန္းေပးခဲ့ပါတယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။
 
မင္းေခတ္လင္း 
(ဓာတ္ပုံ - ညီနႏၵ)
ရန္ကုန္၊ ေအာက္တိုဘာ - ၇