အသက်အရွယ်ကြီးလာလို့ ကျန်းမာရေးဂရုစိုက်နေရတဲ့ သရုပ်ဆောင် ဖြိုးငွေစိုး

အသက်အရွယ်ကြီးလာလို့ ကျန်းမာရေးဂရုစိုက်နေရတဲ့ သရုပ်ဆောင် ဖြိုးငွေစိုး

လတ်တလောကာလမှာအသက်အရွယ်ကြီးနေတာကြောင့် အစားအသောက်၊ အနေအထိုင်နဲ့ ကျန်းမာရေးကိုဂရုစိုက်ပြီးနေထိုင်နေရတယ်လို့ သရုပ်ဆောင် ဖြိုးငွေစိုးကပြောပါတယ်။
“လောလောဆယ်တော့ ဘတ်စကတ်ဘောကစားတယ်၊ ရေကူးတယ်၊ ဒီရက်ထဲတော့ ကားရိုက်မရှိဘူး၊ ကျန်းမာရေးကိုဂရုမစိုက်ဘဲနေမိရင် နေရင်နေသလိုမျိုး အရမ်းဝလာပြီးတော့ ပုံဆိုးပန်းဆိုးဖြစ်သွားတယ်၊ ဒါကြောင့်လည်းကျန်းမာရေးကိုဂရုစိုက်ရင်း ခန္ဓာကိုယ်ကိုထိန်းနေရတာပေါ့၊ ကျန်းမာရေးလိုက်စားနေရတာပေါ့”လို့လည်းသူကပြောပါတယ်။

အခုလတ်တလောမှာဇာတ်ကားရိုက်ကူးမှုမရှိပေမယ့် လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာထဲမှာတော့ ဇာတ်ကားရိုက်ကူးဖို့ရှိနေပြီးဒီကြားကာလမှာကြော်ငြာရိုက်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာတဲ့ သူညီမရဲ့ သရုပ်ဆောင်တာတွေနဲ့ပတ် သက်ပြီးအစ်ကိုတစ်ယောက်အနေနဲ့ သင်ပေးတာမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။“ကျွန်တော်ကအကြံဉာဏ်ပေးတာတော့ သိပ်မရှိဘူး၊ ဘယ်သူနဲ့တွဲလုပ်ရင် အဆင်ပြေမလားလို့ ဘယ်လောက် တောင်းရင် အဆင်ပြေမလဲလို့တော့ သူကလာမေးတာရှိတယ်၊ အဲ့ဒါမျိုးတော့ အကြံပေးတာပေါ့၊ သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်မသင်ဘူးဗျ၊ ဘာလို့လည်းဆိုတော့ ကျွန်တော်လည်း သိပ်ပြီးအကျွမ်းကြီးမဟုတ်ဘူးလေ၊ နောက်တစ်ခုကသူ သရုပ်ဆောင်တဲ့ဟာက အမျိုးသမီးသရုပ်ဆောင်တဲ့ နေရာဆိုတော့ ကျွန်တော် သိပ်မသိဘူး”လို့လည်းသူကရှင်းပြပါတယ်။

သရုပ်ဆောင် ဖြိုးငွေစိုးမှာအသက် ၄ နှစ်အရွယ် သားတစ်ဦးရှိနေပြီးလတ်တလောမှာတော့ ကိုယ်ဖြစ်ချင်တာကိုဖိအားပေးလမ်းညွှန်တာမျိုးတော့ မလုပ်ဘူးလို့ ဆိုပါတယ်။ “၄ နှစ်ဆိုတာကတော်တော် ငယ်သေးပါတယ်၊ ကျွန်တော်ကဘာဖြစ်ချင်တယ်၊ ညာဖြစ်ချင်တယ် ဆိုတာမျိုးပြောခဲ့ရင် အဲ့ဒါတွေကသူ့အပေါ်မှာဖိအားပေးတဲ့ဟာမျိုးဖြစ်သွားမှာမလိုလားပါဘူး၊ အဲ့ဒါကြီးကသူ့ကိုသွားပြီးဖိအားဖြစ်မှာစိုးရိမ်မိပါတယ်၊ စဉ်းစားတတ်တဲ့ အရွယ်ရောက်ရင် စဉ်းစားမှာပါ”လို့ သရုပ်ဆောင် ဖြိုးငွေစိုးကရှင်းပြပါတယ်။ သူ့အတွက် နားနားနေနေသိပ်မနေဖြစ်တာတွေကလည်းကျန်းမာရေးလေ့ကျင့်သလိုမျိုး ဖြစ်စေပြီးအရွယ်တင်တာမျိုး ဖြစ်စေခဲ့တာလို့လည်းဆိုပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ ၁ 

(  Zawgyi  )

လတ္တေလာကာလမွာအသက္အ႐ြယ္ႀကီးေနတာေၾကာင့္ အစားအေသာက္၊ အေနအထိုင္နဲ႔ က်န္းမာေရးကိုဂ႐ုစိုက္ၿပီးေနထိုင္ေနရတယ္လို႔ သ႐ုပ္ေဆာင္ ၿဖိဳးေငြစိုးကေျပာပါတယ္။
“ေလာေလာဆယ္ေတာ့ ဘတ္စကတ္ေဘာကစားတယ္၊ ေရကူးတယ္၊ ဒီရက္ထဲေတာ့ ကား႐ိုက္မရွိဘူး၊ က်န္းမာေရးကိုဂ႐ုမစိုက္ဘဲေနမိရင္ ေနရင္ေနသလိုမ်ိဳး အရမ္းဝလာၿပီးေတာ့ ပုံဆိုးပန္းဆိုးျဖစ္သြားတယ္၊ ဒါေၾကာင့္လည္းက်န္းမာေရးကိုဂ႐ုစိုက္ရင္း ခႏၶာကိုယ္ကိုထိန္းေနရတာေပါ့၊ က်န္းမာေရးလိုက္စားေနရတာေပါ့”လို႔လည္းသူကေျပာပါတယ္။

အခုလတ္တေလာမွာဇာတ္ကား႐ိုက္ကူးမႈမရွိေပမယ့္ လာမယ့္ ေအာက္တိုဘာ၊ ႏိုဝင္ဘာထဲမွာေတာ့ ဇာတ္ကား႐ိုက္ကူးဖို႔ရွိေနၿပီးဒီၾကားကာလမွာေၾကာ္ျငာ႐ိုက္ဖို႔ ရွိေနတယ္လို႔ သိရပါတယ္။ သ႐ုပ္ေဆာင္ေလာကထဲကို ဝင္ေရာက္လာတဲ့ သူညီမရဲ႕ သ႐ုပ္ေဆာင္တာေတြနဲ႔ပတ္ သက္ၿပီးအစ္ကိုတစ္ေယာက္အေနနဲ႔ သင္ေပးတာမ်ိဳးေတာ့ မရွိေသးဘူးလို႔ ဆိုပါတယ္။“ကြၽန္ေတာ္ကအႀကံဉာဏ္ေပးတာေတာ့ သိပ္မရွိဘူး၊ ဘယ္သူနဲ႔တြဲလုပ္ရင္ အဆင္ေျပမလားလို႔ ဘယ္ေလာက္ ေတာင္းရင္ အဆင္ေျပမလဲလို႔ေတာ့ သူကလာေမးတာရွိတယ္၊ အဲ့ဒါမ်ိဳးေတာ့ အႀကံေပးတာေပါ့၊ သ႐ုပ္ေဆာင္တာနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္ေတာ္မသင္ဘူးဗ်၊ ဘာလို႔လည္းဆိုေတာ့ ကြၽန္ေတာ္လည္း သိပ္ၿပီးအကြၽမ္းႀကီးမဟုတ္ဘူးေလ၊ ေနာက္တစ္ခုကသူ သ႐ုပ္ေဆာင္တဲ့ဟာက အမ်ိဳးသမီးသ႐ုပ္ေဆာင္တဲ့ ေနရာဆိုေတာ့ ကြၽန္ေတာ္ သိပ္မသိဘူး”လို႔လည္းသူကရွင္းျပပါတယ္။

သ႐ုပ္ေဆာင္ ၿဖိဳးေငြစိုးမွာအသက္ ၄ ႏွစ္အ႐ြယ္ သားတစ္ဦးရွိေနၿပီးလတ္တေလာမွာေတာ့ ကိုယ္ျဖစ္ခ်င္တာကိုဖိအားေပးလမ္းၫႊန္တာမ်ိဳးေတာ့ မလုပ္ဘူးလို႔ ဆိုပါတယ္။ “၄ ႏွစ္ဆိုတာကေတာ္ေတာ္ ငယ္ေသးပါတယ္၊ ကြၽန္ေတာ္ကဘာျဖစ္ခ်င္တယ္၊ ညာျဖစ္ခ်င္တယ္ ဆိုတာမ်ိဳးေျပာခဲ့ရင္ အဲ့ဒါေတြကသူ႔အေပၚမွာဖိအားေပးတဲ့ဟာမ်ိဳးျဖစ္သြားမွာမလိုလားပါဘူး၊ အဲ့ဒါႀကီးကသူ႔ကိုသြားၿပီးဖိအားျဖစ္မွာစိုးရိမ္မိပါတယ္၊ စဥ္းစားတတ္တဲ့ အ႐ြယ္ေရာက္ရင္ စဥ္းစားမွာပါ”လို႔ သ႐ုပ္ေဆာင္ ၿဖိဳးေငြစိုးကရွင္းျပပါတယ္။ သူ႔အတြက္ နားနားေနေနသိပ္မေနျဖစ္တာေတြကလည္းက်န္းမာေရးေလ့က်င့္သလိုမ်ိဳး ျဖစ္ေစၿပီးအ႐ြယ္တင္တာမ်ိဳး ျဖစ္ေစခဲ့တာလို႔လည္းဆိုပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ ၁