အသက်ရှင်သလောက် အနုပညာအလုပ်တွေလုပ်နေမယ် သရုပ်ဆောင် ဦးမောင်မောင်မြင့်

တစ်ချိန်က ဝါရင့်သရုပ်ဆောင်တစ်ဦးလည်းဖြစ်သလို ယခုဆိုရင် ရုပ်ရှင်ထုတ်လုပ်ရေးပိုင်းအပါအဝင် အရည် အသွေးပိုင်းများတွင်လည်း ကျွမ်းကျင်စွာလုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ဦးမောင်မောင်မြင့်ဟာ သူအသက်ရှင် နေသရွေ့ အနုပညာအလုပ်တွေကို လုပ်သွားဖို့ရှိတယ်လို့ ပြောပြပါတယ်။

“ကျွန်တော်က လေဖြတ်ထားတာ၊ ဒါပေမဲ့ ကျန်းမာရေးကိုဂရုစိုက်ရပါတယ်၊ အခုတော့တော်တော်လေး ပြန်ကောင်းလာပြီ၊ ကျွန်တော် အသက် ရှင်နေသလောက်က ကင်မရာရှေ့နဲ့ နောက်မှာပဲရှိမှာပဲ၊ နားပြီးမှ ပြန်လုပ်တာပေါ့၊ အရင်က လုပ်ခဲ့ရတယ်ဆိုတာက ကိုယ်သိသလောက် တတ်ခဲ့သလောက်၊ အဲ့ဒါနဲ့ ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ ပေါင်းပြီးတော့ လုပ်ခဲ့တာလေ၊ အခုက ဘာတွေပိုပြီး တက်လာသလဲဆိုတော့ ဗဟုသုတတွေ ပိုပြီးကြွယ်ဝလာတယ်၊ ပတ်ဝန်းကျင်ကြောင့်မို့လို့ ပညာပိုင်းမှာ ပိုပြီးတက်လာတယ်၊ ကင်မရာနဲ့ထုတ်လုပ်ရေး အစိတ်အပိုင်းမှာ ဆိုရင် ကျွန်တော်က စေ့စပ်တယ်၊ ကျွန်တော့် ဇာတ်ကားတွေအကုန်လုံး ရုံပေါ်ကို ရောက်တဲ့အထိ ပရိုဂျက်တာအပိုင်းမှာ လိုက်ပြီးထိန်းတာ၊ အခုလည်း ဒီလိုပဲ Screen ပေါ်ရောက်တဲ့အထိကို Quarlity ပိုင်းကို ထိန်းပါတယ်၊ ကျွန်တော် အခုအသက်ကြီးလာပြီ Film Making နဲ့ ပတ်သက်လို့ ကျွန်တော် မသိမတတ်မကျွမ်းကျင်တာ တစ်ခုမှမရှိဘူး၊ ကျွန်တော်ကိုယ်တိုင် တည်းဖြတ်နိုင်တယ်၊ ဗီဒီယိုတွေ စီးရီးတွေကို HD Quarlity ရိုက်ထုတ်နိုင်တယ်၊ ကိုယ်တိုင်ဆက်နိုင်တယ်၊ ကိုယ်တိုင်လည်း စားရေးတယ်၊ ဆက်လက်ပြီးတော့လည်း အနုပညာနဲ့ပတ်သက်လို့ ဆုတစ်ခုတော့ မျှော်လင့်သေးတယ်၊ ဆက်ပြီးလည်း လုပ်နေဦးမှာဖြစ်ပါတယ်”လို့ သရုပ်ဆောင် ဦးမောင်မောင်မြင့်က ရှင်းပြပါတယ်။

ထိုသို့သော သရုပ်ဆောင်မှုအတတ်ပညာများအပါအဝင် ထုတ်လုပ်ရေးနှင့် သက်ဆိုင်သော အတတ်ပညာများ အတွက် မသိသေးသော အရာများကို သိရှိအောင်လေ့လာခဲ့သလို တတ်မြောက်အောင် ကြိုးပမ်းသင်ကြား မှုများကိုလည်း လုပ်ဆောင်ခဲ့ကြောင်း၊ မိမိကိုယ်တိုင် တတ်မြောက်ထားသော ပညာများကို ပြန်လည်မျှဝေမှု များလည်း လုပ်ဆောင်သလို တပည့်ဟောင်းတွေ၊ တပည့်သစ်တွေနဲ့တွေ့တဲ့အခါမှာလည်း ပညာများကို ပြန်လည်မျှဝေတာတွေလုပ်ဆောင်ခဲ့တယ်လို့ ၎င်းကဆိုပါတယ်။

အနုပညာလောကထဲကို အခက်အခဲတွေကြားကနေ ရုန်းကန်ဝင်ရောက်ခဲ့ရပုံတွေ၊ နေရာတစ်ခုရတဲ့အထိ ကြိုးစားခဲ့ရတာတွေကိုလည်း သူကမျိုးဆက်သစ်လူငယ်တွေအနေနဲ့ အားတက်ကာ ကြိုးစားကြစေဖို့ ပြောဆိုလေ့ရှိပါတယ်။

 မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ ၂၂

(  Zawgyi  )