အလှူလည်းပြုနိုင်ဖို့ အဝတ်တွေရောင်းချနေတဲ့ တေးသံရှင် မိစန္ဒီ

အလှူလည်းပြုနိုင်ဖို့ အဝတ်တွေရောင်းချနေတဲ့ တေးသံရှင် မိစန္ဒီ

တေးသံရှင် မိစန္ဒီဟာ သူ့ရဲ့အဝတ်အစားတွေကို အမှတ်တရအဖြစ် ပရိသတ်တွေကိုလက်ဆောင်ပေးနိုင်ဖို့ စီစဉ်နေတဲ့အပြင် အလှူအတန်းလည်းပြုနိုင်ဖို့ ရည်ရွယ်တာကြောင့် အွန်လိုင်းကနေ ရောင်းချပေးတာမျိုးတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

“အလကားလည်း ပေးချင်ပါတယ်၊ ဒါပေမဲ့လည်း တစ်ဖက်ကလည်း ဒီကရတဲ့ငွေကြေးလေးတွေနဲ့ ပရဟိတကျောင်းတွေအတွက်လည်း လှူချင်တာကြောင့် ရောင်းပေးတာပါ၊ အလွန်ကိုသက်သာတဲ့နှုန်းနဲ့ ရောင်းပေးတာဖြစ်ပါတယ်၊ ဝတ်ပြီးသားဆိုပေမယ့် တစ်ချို့ဟာတွေဆိုရင် တစ်ခါလောက်ပဲ ဝတ်ထားတာမျိုးပါ၊ ကိုယ်ဝယ်ထားတုန်းက သုံး၊ လေးသောင်းတန်တွေ၊ သိန်းနဲ့ချီတဲ့ အဝတ်အထည်တွေကို ၃၀၀၀ လောက်ကနေ ၁၅၀၀၀၊ အများဆုံးက ၁၈၀၀၀ လောက်နဲ့ ရောင်းပေးလိုက်ပါတယ်၊ နာမည်ကြီး ဒီဇိုင်နာတွေနဲ့ ချုပ်တဲ့ဟာတွေဆိုရင်လည်း အဲဒီလိုသက်သာတဲ့ဈေးနဲ့ ရောင်းပေးတာဖြစ်ပါတယ်” လို့ တေးသံရှင် မိစန္ဒီ က ရှင်းပြပါတယ်။

အခုလိုကာလမှာ တေးသီချင်းပိုင်းပြင်ဆင်တာတွေလုပ်နေသလို အွန်လိုင်းကနေ သီဆိုထုတ်လွှင့်ပေးခဲ့တာတွေကိုလည်း လုပ်ဆောင်နေပြီး အခုလိုအဝတ်အစားတွေကိုရောင်းချတာကိုလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

“ဒီအဝတ်အစားတွေကို မိဘမဲ့ကျောင်းတွေ၊ တခြားပရဟိတကျောင်းတွေကို သွားလှူရင်လည်း တစ်ချို့အဝတ်အစားတွေက အရမ်းခေတ်ဆန်လွန်းတဲ့ဟာမျိုးတွေဆိုတော့ ဘယ်လိုပြောရမလဲ ဝတ်ပါ့မလားလို့ စိုးရိမ်တာလည်းရှိတာပေါ့နော်၊ အခုလိုရောင်းရင်းနဲ့ ရတဲ့ငွေနဲ့လှူတာတွေလုပ်မယ်၊ တိရစ္ဆာန်လေးတွေထိန်းသိမ်းစောင့်ရှောက်တဲ့ ဂေဟာတွေကိုလည်း သွားလှူမယ်၊ မိစန္ဒီရဲ့ ပရိသတ်ကလည်း ဝယ်ပြီး အမှတ်တရသိမ်းထားနိုင်မယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

ဒါ့အပြင် အွန်လိုင်းကနေ မဲဖောက်ပေးတာ မျိုးတွေကိုလည်း လုပ်ဆောင်ရန်ရှိနေပြီး အခုလိုကာလမှာ ကုသိုလ်ရဖို့အတွက် အလှူအတန်းတွေပြုဖို့ နည်းလမ်းမျိုးစုံနဲ့ စဉ်းစားနေတယ်လို့လည်း သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇွန် - ၁၇

( Zawgyi )

ေတးသံရွင္ မိစႏၵီဟာ သူ႔ရဲ႕အဝတ္အစားေတြကို အမွတ္တရအျဖစ္ ပရိသတ္ေတြကိုလက္ေဆာင္ေပးႏိုင္ဖို႔ စီစဥ္ေနတဲ့အျပင္ အလႉအတန္းလည္းျပဳႏိုင္ဖို႔ ရည္႐ြယ္တာေၾကာင့္ အြန္လိုင္းကေန ေရာင္းခ်ေပးတာမ်ိဳးေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

“အလကားလည္း ေပးခ်င္ပါတယ္၊ ဒါေပမဲ့လည္း တစ္ဖက္ကလည္း ဒီကရတဲ့ေငြေၾကးေလးေတြနဲ႔ ပရဟိတေက်ာင္းေတြအတြက္လည္း လႉခ်င္တာေၾကာင့္ ေရာင္းေပးတာပါ၊ အလြန္ကိုသက္သာတဲ့ႏႈန္းနဲ႔ ေရာင္းေပးတာျဖစ္ပါတယ္၊ ဝတ္ၿပီးသားဆိုေပမယ့္ တစ္ခ်ိဳ႕ဟာေတြဆိုရင္ တစ္ခါေလာက္ပဲ ဝတ္ထားတာမ်ိဳးပါ၊ ကိုယ္ဝယ္ထားတုန္းက သုံး၊ ေလးေသာင္းတန္ေတြ၊ သိန္းနဲ႔ခ်ီတဲ့ အဝတ္အထည္ေတြကို ၃၀၀၀ ေလာက္ကေန ၁၅၀၀၀၊ အမ်ားဆုံးက ၁၈၀၀၀ ေလာက္နဲ႔ ေရာင္းေပးလိုက္ပါတယ္၊ နာမည္ႀကီး ဒီဇိုင္နာေတြနဲ႔ ခ်ဳပ္တဲ့ဟာေတြဆိုရင္လည္း အဲဒီလိုသက္သာတဲ့ေဈးနဲ႔ ေရာင္းေပးတာျဖစ္ပါတယ္” လို႔ ေတးသံရွင္ မိစႏၵီ က ရွင္းျပပါတယ္။

အခုလိုကာလမွာ ေတးသီခ်င္းပိုင္းျပင္ဆင္တာေတြလုပ္ေနသလို အြန္လိုင္းကေန သီဆိုထုတ္လႊင့္ေပးခဲ့တာေတြကိုလည္း လုပ္ေဆာင္ေနၿပီး အခုလိုအဝတ္အစားေတြကိုေရာင္းခ်တာကိုလည္း လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

“ဒီအဝတ္အစားေတြကို မိဘမဲ့ေက်ာင္းေတြ၊ တျခားပရဟိတေက်ာင္းေတြကို သြားလႉရင္လည္း တစ္ခ်ိဳ႕အဝတ္အစားေတြက အရမ္းေခတ္ဆန္လြန္းတဲ့ဟာမ်ိဳးေတြဆိုေတာ့ ဘယ္လိုေျပာရမလဲ ဝတ္ပါ့မလားလို႔ စိုးရိမ္တာလည္းရွိတာေပါ့ေနာ္၊ အခုလိုေရာင္းရင္းနဲ႔ ရတဲ့ေငြနဲ႔လႉတာေတြလုပ္မယ္၊ တိရစာၦန္ေလးေတြထိန္းသိမ္းေစာင့္ေရွာက္တဲ့ ေဂဟာေတြကိုလည္း သြားလႉမယ္၊ မိစႏၵီရဲ႕ ပရိသတ္ကလည္း ဝယ္ၿပီး အမွတ္တရသိမ္းထားႏိုင္မယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

ဒါ့အျပင္ အြန္လိုင္းကေန မဲေဖာက္ေပးတာ မ်ိဳးေတြကိုလည္း လုပ္ေဆာင္ရန္ရွိေနၿပီး အခုလိုကာလမွာ ကုသိုလ္ရဖို႔အတြက္ အလႉအတန္းေတြျပဳဖို႔ နည္းလမ္းမ်ိဳးစုံနဲ႔ စဥ္းစားေနတယ္လို႔လည္း သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇြန္ - ၁၇