အလုပ်ထဲမှာပဲ ဦးနှောက်ကိုနှစ်ထားတယ်ဆိုတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်

အလုပ်ထဲမှာပဲ ဦးနှောက်ကိုနှစ်ထားတယ်ဆိုတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်

ပြည်တွင်းက ရုပ်သံဇာတ်လမ်းတွဲတွေကနေ လူသိများလာတဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်ဟာ အလုပ်ထဲမှာပဲ ဦးနှောက်ကိုနှစ်ထားကာ လုပ်ကိုင်နေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

“ဒီခေတ်မှာက ရည်းစားထားရင်တောင် အချိန်ပေးနိုင်မှ ထားလို့ရမှာလေ၊ အလုပ်တွေများပြီး အချိန်မပေးနိုင်ရင် ရန်ဖြစ်မယ်၊ ကိုယ့်ရည်းစားက သူများနောက်ပါသွားမယ် ဒီလိုတွေကို အမြဲကြုံရမှာပဲလေ။အခုဆိုရင် ညီမက အလုပ်ကတောက်လျှောက်လုပ်နေရတဲ့ အချိန်ဆိုတော့ နှလုံးသားကိစ္စထက် အလုပ်ထဲမှာပဲ ဦးနှောက်ကိုနှစ်ထားပါတယ်။သူများတွေလိုလည်း သိပ်ပြီးရင်မခုန်တတ်သလို တစ်ယောက်တည်း အေးဆေးနေတာများတယ်လေ၊ ကိုယ့်လုပ်စရာ အနုပညာအလုပ်တွေကိုပဲ အာရုံစိုက်ပြီးတော့ပဲ လုပ်ဖြစ်ပါတယ်၊ ဘယ်လိုမျိုးပိုကောင်းအောင်လုပ်မလဲဆိုတာမျိုးနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်” လို့ ၎င်းက ရှင်းပြပါတယ်။

သူမဟာ ပြည်တွင်းက Free to Air ရုပ်သံလိုင်းတွေဖြစ်တဲ့ ဝင်္ကပါစံအိမ်၊ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူးဖြစ်ဖူးချင်သည်၊ မိုးကောင်ကင်အိမ်မက် အစရှိတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်သလို  သူမရဲ့အနုပညာလှုပ်ရှားမှုကို ပရိသတ်အသိအမှတ်ပြု အားပေးမှုရနေသူလည်း ဖြစ်ခဲ့ပါတယ်။လက်ရှိမှာ ကြော်ငြာလေးတွေအများအပြားကိုလည်း ရိုက်ကူးနေရသလို ဆက်လက်ပြီး ရိုက်ကူးဖို့ပြောဆိုထားတာတွေ ရှိပေမယ့် လောလောဆယ်မှာ COVID ကြောင့် ခဏနားကာ Home Stay အနေနဲ့ နေထိုင်ရင်း အရင်သရုပ်ဆောင်ခဲ့တဲ့ဟာတွေကို ပြန်လည်သုံးသပ်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အခုကာလမှာကလေ အရင်တုန်းကရိုက်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးတွေကို ပြန်ကြည့်ရင်းနဲ့ ဒီနေရာမှာတော့ ဘယ်လိုလေးလုပ်လိုက်ရင် ပိုကောင်းမယ်ဆိုတာမျိုး လေ့ကျင့်တာတွေနဲ့ လုပ်ဆောင်နေပါတယ်၊ ပရိသတ်တွေအနေနဲ့လည်း အကုန်လုံး ကျန်းမာအောင်နေထိုင်ကြပါလို့ ပြောချင်ပါတယ်၊ ဒီကာလကြီးပြီးရင် ပျော်ပျော်ရွှင်ရွှင်နဲ့ ပြန်ပြီးဆုံတွေ့ကြမယ်” လို့လည်း သူမက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
(ဓာတ်ပုံ - Poe)
ရန်ကုန်၊ စက်တင်ဘာ - ၁၂

( Zawgyi )

ျပည္တြင္းက ႐ုပ္သံဇာတ္လမ္းတြဲေတြကေန လူသိမ်ားလာတဲ့ သ႐ုပ္ေဆာင္ ပိုးၾကာျဖဴခင္ဟာ အလုပ္ထဲမွာပဲ ဦးေႏွာက္ကိုႏွစ္ထားကာ လုပ္ကိုင္ေနထိုင္လ်က္ရွိတယ္လို႔ သိရပါတယ္။

“ဒီေခတ္မွာက ရည္းစားထားရင္ေတာင္ အခ်ိန္ေပးႏိုင္မွ ထားလို႔ရမွာေလ၊ အလုပ္ေတြမ်ားၿပီး အခ်ိန္မေပးႏိုင္ရင္ ရန္ျဖစ္မယ္၊ ကိုယ့္ရည္းစားက သူမ်ားေနာက္ပါသြားမယ္ ဒီလိုေတြကို အၿမဲႀကဳံရမွာပဲေလ။အခုဆိုရင္ ညီမက အလုပ္ကေတာက္ေလွ်ာက္လုပ္ေနရတဲ့ အခ်ိန္ဆိုေတာ့ ႏွလုံးသားကိစၥထက္ အလုပ္ထဲမွာပဲ ဦးေႏွာက္ကိုႏွစ္ထားပါတယ္။သူမ်ားေတြလိုလည္း သိပ္ၿပီးရင္မခုန္တတ္သလို တစ္ေယာက္တည္း ေအးေဆးေနတာမ်ားတယ္ေလ၊ ကိုယ့္လုပ္စရာ အႏုပညာအလုပ္ေတြကိုပဲ အာ႐ုံစိုက္ၿပီးေတာ့ပဲ လုပ္ျဖစ္ပါတယ္၊ ဘယ္လိုမ်ိဳးပိုေကာင္းေအာင္လုပ္မလဲဆိုတာမ်ိဳးနဲ႔ လုပ္ေဆာင္တာျဖစ္ပါတယ္” လို႔ ၎က ရွင္းျပပါတယ္။

သူမဟာ ျပည္တြင္းက Free to Air ႐ုပ္သံလိုင္းေတြျဖစ္တဲ့ ဝကၤပါစံအိမ္၊ အေမြဆိုင္အိမ္၊ ဥယ်ာဥ္မႉးျဖစ္ဖူးခ်င္သည္၊ မိုးေကာင္ကင္အိမ္မက္ အစရွိတဲ့ ႐ုပ္သံဇာတ္လမ္းတြဲေတြမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့တာျဖစ္သလို  သူမရဲ႕အႏုပညာလႈပ္ရွားမႈကို ပရိသတ္အသိအမွတ္ျပဳ အားေပးမႈရေနသူလည္း ျဖစ္ခဲ့ပါတယ္။လက္ရွိမွာ ေၾကာ္ျငာေလးေတြအမ်ားအျပားကိုလည္း ႐ိုက္ကူးေနရသလို ဆက္လက္ၿပီး ႐ိုက္ကူးဖို႔ေျပာဆိုထားတာေတြ ရွိေပမယ့္ ေလာေလာဆယ္မွာ COVID ေၾကာင့္ ခဏနားကာ Home Stay အေနနဲ႔ ေနထိုင္ရင္း အရင္သ႐ုပ္ေဆာင္ခဲ့တဲ့ဟာေတြကို ျပန္လည္သုံးသပ္လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

“အခုကာလမွာကေလ အရင္တုန္းက႐ိုက္ခဲ့တဲ့ ဇာတ္လမ္းတြဲေလးေတြကို ျပန္ၾကည့္ရင္းနဲ႔ ဒီေနရာမွာေတာ့ ဘယ္လိုေလးလုပ္လိုက္ရင္ ပိုေကာင္းမယ္ဆိုတာမ်ိဳး ေလ့က်င့္တာေတြနဲ႔ လုပ္ေဆာင္ေနပါတယ္၊ ပရိသတ္ေတြအေနနဲ႔လည္း အကုန္လုံး က်န္းမာေအာင္ေနထိုင္ၾကပါလို႔ ေျပာခ်င္ပါတယ္၊ ဒီကာလႀကီးၿပီးရင္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္နဲ႔ ျပန္ၿပီးဆုံေတြ႕ၾကမယ္” လို႔လည္း သူမက ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
(ဓာတ္ပုံ - Poe)
ရန္ကုန္၊ စက္တင္ဘာ - ၁၂