အနုပညာအလုပ်တွေအများကြီး လုပ်လာပေမယ့် ပရိသတ်ရဲ့ မျက်စိရှေ့ မှာ ပျောက်ကွယ် သလိုဖြစ်နေ တဲ့ သရုပ်ဆောင် ထွန်းကိုကို

အနုပညာအလုပ်တွေအများကြီး လုပ်လာပေမယ့် ပရိသတ်ရဲ့ မျက်စိရှေ့ မှာ ပျောက်ကွယ် သလိုဖြစ်နေ တဲ့ သရုပ်ဆောင် ထွန်းကိုကို

ယခုနောက်ပိုင်း တက်လာတဲ့ သရုပ်ဆောင်သစ်တွေရဲ့ကြားမှာ လူသိများကာ ပရိသတ် အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင် ထွန်းကိုကိုဟာ အနုပညာအလုပ်တွေကို သူ့အနေနဲ့အများကြီး လုပ်ကိုင်နေပေမယ့် ပရိသတ်ရဲ့ အရှေ့မှာ မြင်တွေ့တာမျိုးမရှိပဲ ပျောက်ကွယ်နေရတဲ့ အခြေအနေမျိုးဖြစ် ခဲ့ပါတယ်။

“ကျွန်တော့်အနေနဲ့ အနုပညာအလုပ်တွေကို ပိုပြီးတော့တောင် လုပ်ဖြစ်လာပါတယ်၊ ပရိသတ်အရှေ့ မှာ မတွေ့ရဘဲ ပျောက်နေသလိုဖြစ်တာကလည်း ရိုက်ထားတာတွေက ရုံတင်ဖို့ မထွက်လာသေးတာ ကြောင့်လည်း ဖြစ်ပါတယ်၊ ရိုက်ကွင်းတွေမှာကျတော့ ရိုက်ကွင်းပုံတွေကို ပရိသတ်သိအောင် မတင်ဖြစ်ဘူး ဆိုတာကလည်း ဇာတ်ကားနဲ့ပတ်သက်တဲ့ Ethic အရ မတင်ခဲ့တာတွေလည်းရှိတော့ ပရိသတ်ရဲ့အမြင်ကနေ ပျောက်နေသလို ဖြစ်နေတာပါ၊ အရင်ကထက်ပိုပြီးတော့ အနုပညာ အလုပ်
တွေကို ပိုလုပ်နေတယ်လို့ ပရိသတ်သိအောင် ပြောချင်ပါတယ်၊ ဇာတ်ကားတွေလည်း ဆက်တိုက် ရိုက်ကူးနေပါတယ်၊ ရုပ်ရှင်ကားတွေ အများဆုံး ရိုက်ကူး ထားတာဖြစ်ပါတယ်”လို့ သရုပ်ဆောင် ထွန်းကိုကိုက ပြောပါတယ်။

သရုပ်ဆောင်သစ်တွေရဲ့ကြားမှာ ထင်ရှားတဲ့အရပ်အမောင်းမျိုးပိုင်ဆိုင်ထားသလို ဇာတ်ရုပ်နေရာ တစ်ခု ကို ပိုင်ပိုင်နိုင်နိုင်နဲ့ သရုပ်ဆောင်နိုင်ခဲ့တာကြောင့် သူ့ကိုသိရှိလာကာ အားပေးသူတွေလည်း များလာပါတယ်။  သူ့အနေနဲ့ လတ်တလောမှာတော့ ရိုက်ကူးထားပြီးဖြစ်တဲ့အပြင် ရုံတင်ဖို့စောင့်ဆိုင်း ထားတဲ့ ရုပ်ရှင်ဇာတ်ကားပေါင်း ကား ၂၀ ကျော်လောက်ရှိနေကြောင်း၊ ရုပ်ရှင်ဇာတ်ကား အသစ်တွေ လည်း ထပ်ရိုက်ဖို့ ရက်ချိန်းပေးထားတာတွေရှိသလို လတ်တလောမှာလည်း ရိုက်လက်စ ဇာတ်ကား
တွေလည်း ရှိနေတယ်လို့ သိရပါတယ်။ “ကျွန်တော်ရိုက်ထားတဲ့ ကားတွေထဲမှာ ကာရိုက်တာ အနေနဲ့ကတော့ အစုံပါပဲ၊ ကာရိုက်တာ ထပ်တာမျိုးက ရှားတယ်၊ ကာရိုက်တာ ထပ်တာမျိုး လည်းမဖြစ် ရအောင် ကျွန်တော်ကိုယ်တိုင်ကလည်း သေချာစိစစ်ပြီး လုပ်ဆောင်တာတွေရှိပါတယ်၊ ကျွန်တော်ကြိုးပမ်းထားတဲ့ အနုပညာကို လောလောဆယ်မှာ ပရိသတ်တွေမတွေ့ရသေးပေမယ့် မကြာခင်မှာ အများအပြားမြင်တွေ့ရဖို့ မျှော်မှန်းထားပါတယ်”လို့ သူက ဆက်လက်ပြောကြား ခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ သြဂုတ် ၁၂

(  Zawgyi  )

 ယခုေနာက္ပိုင္း တက္လာတဲ့ သ႐ုပ္ေဆာင္သစ္ေတြရဲ႕ၾကားမွာ လူသိမ်ားကာ ပရိသတ္ အခိုင္အမာ ရရွိထားတဲ့ သ႐ုပ္ေဆာင္ ထြန္းကိုကိုဟာ အႏုပညာအလုပ္ေတြကို သူ႔အေနနဲ႔အမ်ားႀကီး လုပ္ကိုင္ေနေပမယ့္ ပရိသတ္ရဲ႕ အေရွ႕မွာ ျမင္ေတြ႕တာမ်ိဳးမရွိပဲ ေပ်ာက္ကြယ္ေနရတဲ့ အေျခအေနမ်ိဳးျဖစ္ ခဲ့ပါတယ္။

“ကြၽန္ေတာ့္အေနနဲ႔ အႏုပညာအလုပ္ေတြကို ပိုၿပီးေတာ့ေတာင္ လုပ္ျဖစ္လာပါတယ္၊ ပရိသတ္အေရွ႕ မွာ မေတြ႕ရဘဲ ေပ်ာက္ေနသလိုျဖစ္တာကလည္း ႐ိုက္ထားတာေတြက ႐ုံတင္ဖို႔ မထြက္လာေသးတာ ေၾကာင့္လည္း ျဖစ္ပါတယ္၊ ႐ိုက္ကြင္းေတြမွာက်ေတာ့ ႐ိုက္ကြင္းပုံေတြကို ပရိသတ္သိေအာင္ မတင္ျဖစ္ဘူး ဆိုတာကလည္း ဇာတ္ကားနဲ႔ပတ္သက္တဲ့ Ethic အရ မတင္ခဲ့တာေတြလည္းရွိေတာ့ ပရိသတ္ရဲ႕အျမင္ကေန ေပ်ာက္ေနသလို ျဖစ္ေနတာပါ၊ အရင္ကထက္ပိုၿပီးေတာ့ အႏုပညာ အလုပ္
ေတြကို ပိုလုပ္ေနတယ္လို႔ ပရိသတ္သိေအာင္ ေျပာခ်င္ပါတယ္၊ ဇာတ္ကားေတြလည္း ဆက္တိုက္ ႐ိုက္ကူးေနပါတယ္၊ ႐ုပ္ရွင္ကားေတြ အမ်ားဆုံး ႐ိုက္ကူး ထားတာျဖစ္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ထြန္းကိုကိုက ေျပာပါတယ္။

သ႐ုပ္ေဆာင္သစ္ေတြရဲ႕ၾကားမွာ ထင္ရွားတဲ့အရပ္အေမာင္းမ်ိဳးပိုင္ဆိုင္ထားသလို ဇာတ္႐ုပ္ေနရာ တစ္ခု ကို ပိုင္ပိုင္ႏိုင္ႏိုင္နဲ႔ သ႐ုပ္ေဆာင္ႏိုင္ခဲ့တာေၾကာင့္ သူ႔ကိုသိရွိလာကာ အားေပးသူေတြလည္း မ်ားလာပါတယ္။  သူ႔အေနနဲ႔ လတ္တေလာမွာေတာ့ ႐ိုက္ကူးထားၿပီးျဖစ္တဲ့အျပင္ ႐ုံတင္ဖို႔ေစာင့္ဆိုင္း ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားေပါင္း ကား ၂၀ ေက်ာ္ေလာက္ရွိေနေၾကာင္း၊ ႐ုပ္ရွင္ဇာတ္ကား အသစ္ေတြ လည္း ထပ္႐ိုက္ဖို႔ ရက္ခ်ိန္းေပးထားတာေတြရွိသလို လတ္တေလာမွာလည္း ႐ိုက္လက္စ ဇာတ္ကား
ေတြလည္း ရွိေနတယ္လို႔ သိရပါတယ္။ “ကြၽန္ေတာ္႐ိုက္ထားတဲ့ ကားေတြထဲမွာ ကာ႐ိုက္တာ အေနနဲ႔ကေတာ့ အစုံပါပဲ၊ ကာ႐ိုက္တာ ထပ္တာမ်ိဳးက ရွားတယ္၊ ကာ႐ိုက္တာ ထပ္တာမ်ိဳး လည္းမျဖစ္ ရေအာင္ ကြၽန္ေတာ္ကိုယ္တိုင္ကလည္း ေသခ်ာစိစစ္ၿပီး လုပ္ေဆာင္တာေတြရွိပါတယ္၊ ကြၽန္ေတာ္ႀကိဳးပမ္းထားတဲ့ အႏုပညာကို ေလာေလာဆယ္မွာ ပရိသတ္ေတြမေတြ႕ရေသးေပမယ့္ မၾကာခင္မွာ အမ်ားအျပားျမင္ေတြ႕ရဖို႔ ေမွ်ာ္မွန္းထားပါတယ္”လို႔ သူက ဆက္လက္ေျပာၾကား ခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ၾသဂုတ္ ၁၂