အနုပညာအရည်အသွေးဆိုတာ တန်ဖိုးထားလုပ်တတ်မှုလို့ ဆိုလာတဲ့ ဒါရိုက်တာ ကိုပေါက်

အနုပညာအရည်အသွေးဆိုတာ တန်ဖိုးထားလုပ်တတ်မှုလို့ ဆိုလာတဲ့ ဒါရိုက်တာ ကိုပေါက်

အနုပညာအရည်အသွေးတွေဆိုတာ မိမိတန်ဖိုးထားပြီး လုပ်တတ်တဲ့ အခြေအနေအပေါ်သာ မူတည်ပြီး အရည်အသွေး ကွာခြားသွားတာဖြစ်တယ်လို့ ဒါရိုက်တာ ကိုပေါက်က ပြောပါတယ်။

"ကျွန်တော်ကတော့ ဟာသကားမှ ဘာမှမဟုတ်ဘူး၊ ဟာသကားရော ဒရမ်မာကားရော အကုန်ရိုက်တယ်လေ၊ ကိုယ်အကောင်းဆုံးလုပ်ပြဖို့ပဲ လိုတာပါ၊ အရည်အသွေး ကောင်းတယ် မကောင်းဘူး ဆိုတာက ကိုယ်ဘယ်လောက် တန်ဖိုးထားပြီး လုပ်ထားသလဲ ဆိုတဲ့အပေါ် မူတည်တာပေါ့"လို့ သူက ဆိုပါတယ်။ သူ့အနေနဲ့ လတ်တလောမှာတော့ ပြည်သူနဲ့ နီးနီးစပ်စပ်ဖြစ်တဲ့ ပညာပေးဇာတ်ကားတွေကို ရိုက်ကူးနေတယ်လို့ သိရပါတယ်။

 "ကျွန်တော့် ဇာတ်ကား ကြည့်ပြီး ပရိသတ်အတွက် အသိပညာလေးတွေ ကျန်ခဲ့ရင် တန်သွားပြီလေ၊ ဒါဒီလိုဖြစ်တတ်ပါလား၊ ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်သင့်တယ် ဆိုတာမျိုးပေါ့"လို့လည်း သူက ရှင်းပြပါတယ်။

လူထုကြားမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ အတွက် ပညာပေးဇာတ်ကားတွေကို ဆက်လက်ပြီး ရိုက်ကူးသွားဖို့ စီစဉ်ထားလျက်ရှိပါတယ်။ အခုနောက်ပိုင်းမှာ အရည်အသွေးကောင်းတဲ့ ဇာတ်ကားတွေ ပေါ်ထွက်လာသလို အပျင်းပြေဖျော်ဖြေမှုတွေထက် အသိပညာ ပေးနိုင်မယ့် အချိန်ကာလတစ်ရပ်အဖြစ် ကူးပြောင်းလုပ်ဆောင် သင့်ကြောင်း၊ ဇာတ်ကားကောင်းတစ်ကား ဖြစ်လာဖို့ဟာ သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေသာမကဘဲ ဘက်ပေါင်းစုံက လုပ်ဆောင်ဖို့ အရေးကြီးကြောင်း၊ အဓိကအားဖြင့် အနုပညာ အရည်အသွေးရှိအောင် ဖန်တီးသွားဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။

မြန်မာဇာတ်ကားတွေထဲမှာ အနုပညာတန်ဖိုး အလေးထား လုပ်ဆောင်မှု နည်းပါးခဲ့တာကြောင့်လည်း ခုနောက်ပိုင်းမှာ ပရိသတ်ဝေရဲ့ ဝေဖန်မှုကိုခံရတာမျိုး များပြားလာရတာ ဖြစ်တယ်လို့ သိရပါတယ်။

မင်းခေတ်လင်း

ရန်ကုန်၊ အောက်တိုဘာ ၅ 

( Zawgyi )

 အႏုပညာအရည္အေသြးေတြဆိုတာ မိမိတန္ဖိုးထားၿပီး လုပ္တတ္တဲ့ အေျခအေနအေပၚသာ မူတည္ၿပီး အရည္အေသြး ကြာျခားသြားတာျဖစ္တယ္လို႔ ဒါ႐ိုက္တာ ကိုေပါက္က ေျပာပါတယ္။

"ကြၽန္ေတာ္ကေတာ့ ဟာသကားမွ ဘာမွမဟုတ္ဘူး၊ ဟာသကားေရာ ဒရမ္မာကားေရာ အကုန္႐ိုက္တယ္ေလ၊ ကိုယ္အေကာင္းဆုံးလုပ္ျပဖို႔ပဲ လိုတာပါ၊ အရည္အေသြး ေကာင္းတယ္ မေကာင္းဘူး ဆိုတာက ကိုယ္ဘယ္ေလာက္ တန္ဖိုးထားၿပီး လုပ္ထားသလဲ ဆိုတဲ့အေပၚ မူတည္တာေပါ့"လို႔ သူက ဆိုပါတယ္။ သူ႔အေနနဲ႔ လတ္တေလာမွာေတာ့ ျပည္သူနဲ႔ နီးနီးစပ္စပ္ျဖစ္တဲ့ ပညာေပးဇာတ္ကားေတြကို ႐ိုက္ကူးေနတယ္လို႔ သိရပါတယ္။

 "ကြၽန္ေတာ့္ ဇာတ္ကား ၾကည့္ၿပီး ပရိသတ္အတြက္ အသိပညာေလးေတြ က်န္ခဲ့ရင္ တန္သြားၿပီေလ၊ ဒါဒီလိုျဖစ္တတ္ပါလား၊ ဒီလိုမျဖစ္ေအာင္ ဘယ္လိုလုပ္သင့္တယ္ ဆိုတာမ်ိဳးေပါ့"လို႔လည္း သူက ရွင္းျပပါတယ္။

လူထုၾကားမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ အတြက္ ပညာေပးဇာတ္ကားေတြကို ဆက္လက္ၿပီး ႐ိုက္ကူးသြားဖို႔ စီစဥ္ထားလ်က္ရွိပါတယ္။ အခုေနာက္ပိုင္းမွာ အရည္အေသြးေကာင္းတဲ့ ဇာတ္ကားေတြ ေပၚထြက္လာသလို အပ်င္းေျပေဖ်ာ္ေျဖမႈေတြထက္ အသိပညာ ေပးႏိုင္မယ့္ အခ်ိန္ကာလတစ္ရပ္အျဖစ္ ကူးေျပာင္းလုပ္ေဆာင္ သင့္ေၾကာင္း၊ ဇာတ္ကားေကာင္းတစ္ကား ျဖစ္လာဖို႔ဟာ သ႐ုပ္ေဆာင္ေတြ၊ ဒါ႐ိုက္တာေတြသာမကဘဲ ဘက္ေပါင္းစုံက လုပ္ေဆာင္ဖို႔ အေရးႀကီးေၾကာင္း၊ အဓိကအားျဖင့္ အႏုပညာ အရည္အေသြးရွိေအာင္ ဖန္တီးသြားဖို႔ လိုအပ္တယ္လို႔လည္း သိရပါတယ္။

ျမန္မာဇာတ္ကားေတြထဲမွာ အႏုပညာတန္ဖိုး အေလးထား လုပ္ေဆာင္မႈ နည္းပါးခဲ့တာေၾကာင့္လည္း ခုေနာက္ပိုင္းမွာ ပရိသတ္ေဝရဲ႕ ေဝဖန္မႈကိုခံရတာမ်ိဳး မ်ားျပားလာရတာ ျဖစ္တယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း

ရန္ကုန္၊ ေအာက္တိုဘာ ၅