အနုပညာကြေးကို ခြွေတာသုံးစွဲနေရတဲ့ မျိုးမျိုးခိုင်

အနုပညာကြေးကို ခြွေတာသုံးစွဲနေရတဲ့ မျိုးမျိုးခိုင်

ယခုနောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုလည်း အရင်လောက်သိပ်မများတော့ဘဲ တဖြေးဖြေးနည်းလာတာကြောင့် ရတဲ့အလုပ်အပေါ်မှာ အနုပညာကြေးလေးတွေကို ခြွေတာသုံးစွဲရင်း ရပ်တည်နေရတယ်လို့ ဇာတ်ပို့ ဇာတ်ရန် သရုပ်ဆောင် မျိုးမျိုးခိုင် က ပြောပါတယ်။

“မမကြီးတို့ ဟိုးအရင်ခေတ်တွေလောက်တော့ သိပ်မကောင်းတော့ဘူး၊ အဓိကသရုပ်ဆောင်တွေကလည်း ဟာသတွေ ဝင်ပြီးလုပ်လာတာတွေလည်းရှိပါတယ်၊ အဲ့ဒါကလည်းတစ်ပိုင်းပေါ့၊ ခေတ်ကာလအရကလည်း နည်းနည်းပြောင်းလာတာတွေကြောင့်လည်း ပါတယ်ပေါ့၊ အဲ့ဒါကြောင့်လည်း လာငှားရင် ငှားတဲ့စျေးနဲ့ အဆင်ပြေအောင် ရိုက်ပေးတာများပါတယ်၊ အလုပ်ကလေးပုံမှန်လေးရှိနေအောင် ရိုက်နေကြတာပေါ့၊ မင်းသမီးစျေးမျို းသွားပြီးတောင်းရင် ဘယ်ရမလဲ၊ မဟုတ်ဘူးလား၊ တစ်ချို့ ပရိုဂျူဆာတွေကျတော့ အနုပညာကြေးပေးတာ အရမ်းနည်းတယ်၊ မမကြီးတို့က ဟယ် နည်းနည်းလောက်တော့ တိုးပေးပါလို့ပြောတော့လည်း ပေးပါတယ်၊ တိုးမပေးလည်း မတတ်နိုင်ဘူး ရိုက်ရတာပဲလေ၊ အဲ့လိုတော့ သွားနေတာပေါ့နော်” လို့ ဇာတ်ပို့ ဇာတ်ရန် သရုပ်ဆောင်ဖြစ်တဲ့ မျိုးမျိုးခိုင် က ရှင်းပြပါတယ်။

အဲ့ဒီလို သရုပ်ဆောင်ရာမှရရှိလာတဲ့ အနုပညာကြေးနဲ့ စနစ်တကျခြွေတာအသုံးပြု ရပ်တည်ခဲ့သလို ရုပ်သံလိုင်းတစ်ချို့ရဲ့ ကမ်းလှမ်းလာမှုတွေအရ မေတ္တာဖြင့် ဝင်ကူညီပေးခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“မမကြီးတို့က ကိုယ့်ကိုအကူအညီတောင်းလည်း ကူပေးလိုက်တာပါပဲ၊ ဝါသနာကလည်း မတားနိုင်တာရယ် ကိုယ့်ရုပ်ပုံကို မြင်နေစေချင္တာလည်း ပါတာပေါ့နော်၊ ၂၀၀၆၊ ၂၀၀၇ လောက်တုန်းကတော့ အနုပညာကြေး စျေးလေးကောင်းခဲ့တယ်၊ အဲဒီရတဲ့ပိုက်ဆံနဲ့ပဲ အစ်မ သမီးလေးတွေကို ကျောင်းထားပေးတာပဲလေ၊ အခုပဲ တက္ကသိုလ်တက်နေတာ ကျောင်းပြီးတော့မယ်၊ ပရမ်းပတာချည်းပဲသုံးနေရင် အဆင်မပြေဘူးပေါ့၊ မမကြီးတို့ အနုပညာက ကျော့ကျော့လေးနေရပေမယ့် အရမ်းစိတ်ပင်ပန်းတယ်၊ ကိုယ့်စိတ်နဲ့ကိုယ်မဟုတ်ဘူး၊ ဇာတ်ကောင်ကာရိုက်တာသွင်းပြီး သူများစိတ်သွင်းပြီးတော့ လုပ်ရတယ်၊ အခုလို နွေရာသီကျရင် အိမ်ဖော်တို့ဘာတို့ အဲ့ဒီလိုကာရိုက်တာမျိုး ရိုက်ချင်တာပါ၊ ဘာလို့လည်းဆိုတော့ သိပ်ပြီးတော့ ပြင်ဆင်စရာမလိုဘူးလေ၊ ရာသီဥတုကလည်း ပူတယ်မဟုတ်လား၊ လောလောဆယ်တော့ ဇာတ်လမ်းတွဲရိုက်နေတာ တစ်ခုရှိတယ်၊ ရုပ်ရှင်ကားတစ်ကားကတော့ ပြောထားတာတော့ရှိတယ်၊ သိပ်မသေချာသေးတော့ မပြောရဲသေးတာပါ၊ ကိုယ်ကျရာဇာတ်ကောင်အနေနဲ့ ပီပီပြင်ပြင်လုပ်ချင်တယ်၊ အနုပညာအလုပ်တွေကိုလည်း လုပ်နေဦးမှာပါ၊ ခြွေတာစား ခြွေတာသုံးရင်းနဲ့ အနုပညာအလုပ်တွေ လုပ်နေဦးမှာ” လို့ သူမက ဆက်လက်ရှင်းပြပါတယ်။

အနုပညာအတူလုပ်ရင်း ခင်မင်ရင်းနှီးတဲ့သူတွေနဲ့ ပွဲမှာတွေ့လေ့ရှိတာကြောင့် သူမကိုဖိတ်ကြားတဲ့ ပွဲတွေကိုလည်း မဖြစ်ဖြစ်အောင် ကြိုးစားပြီးတက်ရောက်နေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၉

( Zawgyi )


“မမကြီးတို့ ဟိုးအရင်ခေတ်တွေလောက်တော့ သိပ်မကောင်းတော့ဘူး၊ အဓိကသရုပ်ဆောင်တွေကလည်း ဟာသတွေ ဝင်ပြီးလုပ်လာတာတွေလည်းရှိပါတယ်၊ အဲ့ဒါကလည်းတစ်ပိုင်းပေါ့၊ ခေတ်ကာလအရကလည်း နည်းနည်းပြောင်းလာတာတွေကြောင့်လည်း ပါတယ်ပေါ့၊ အဲ့ဒါကြောင့်လည်း လာငှားရင် ငှားတဲ့ဈေးနဲ့ အဆင်ပြေအောင် ရိုက်ပေးတာများပါတယ်၊ အလုပ်ကလေးပုံမှန်လေးရှိနေအောင် ရိုက်နေကြတာပေါ့၊ မင်းသမီးဈေးမျိုးသွားပြီးတောင်းရင် ဘယ်ရမလဲ၊ မဟုတ်ဘူးလား၊ တစ်ချို့ ပရိုဂျူဆာတွေကျတော့ အနုပညာကြေးပေးတာ အရမ်းနည်းတယ်၊ မမကြီးတို့က ဟယ် နည်းနည်းလောက်တော့ တိုးပေးပါလို့ပြောတော့လည်း ပေးပါတယ်၊ တိုးမပေးလည်း မတတ်နိုင်ဘူး ရိုက်ရတာပဲလေ၊ အဲ့လိုတော့ သွားနေတာပေါ့နော်” လို့ ဇာတ်ပို့ ဇာတ်ရန် သရုပ်ဆောင်ဖြစ်တဲ့ မျိုးမျိုးခိုင် က ရှင်းပြပါတယ်။


“မမကြီးတို့က ကိုယ့်ကိုအကူအညီတောင်းလည်း ကူပေးလိုက်တာပါပဲ၊ ဝါသနာကလည်း မတားနိုင်တာရယ် ကိုယ့်ရုပ်ပုံကို မြင်နေစေချင္တာလည်း ပါတာပေါ့နော်၊ ၂၀၀၆၊ ၂၀၀၇ လောက်တုန်းကတော့ အနုပညာကြေး ဈေးလေးကောင်းခဲ့တယ်၊ အဲဒီရတဲ့ပိုက်ဆံနဲ့ပဲ အစ်မ သမီးလေးတွေကို ကျောင်းထားပေးတာပဲလေ၊ အခုပဲ တက္ကသိုလ်တက်နေတာ ကျောင်းပြီးတော့မယ်၊ ပရမ်းပတာချည်းပဲသုံးနေရင် အဆင်မပြေဘူးပေါ့၊ မမကြီးတို့ အနုပညာက ကျော့ကျော့လေးနေရပေမယ့် အရမ်းစိတ်ပင်ပန်းတယ်၊ ကိုယ့်စိတ်နဲ့ကိုယ်မဟုတ်ဘူး၊ ဇာတ်ကောင်ကာရိုက်တာသွင်းပြီး သူများစိတ်သွင်းပြီးတော့ လုပ်ရတယ်၊ အခုလို နွေရာသီကျရင် အိမ်ဖော်တို့ဘာတို့ အဲ့ဒီလိုကာရိုက်တာမျိုး ရိုက်ချင်တာပါ၊ ဘာလို့လည်းဆိုတော့ သိပ်ပြီးတော့ ပြင်ဆင်စရာမလိုဘူးလေ၊ ရာသီဥတုကလည်း ပူတယ်မဟုတ်လား၊ လောလောဆယ်တော့ ဇာတ်လမ်းတွဲရိုက်နေတာ တစ်ခုရှိတယ်၊ ရုပ်ရှင်ကားတစ်ကားကတော့ ပြောထားတာတော့ရှိတယ်၊ သိပ်မသေချာသေးတော့ မပြောရဲသေးတာပါ၊ ကိုယ်ကျရာဇာတ်ကောင်အနေနဲ့ ပီပီပြင်ပြင်လုပ်ချင်တယ်၊ အနုပညာအလုပ်တွေကိုလည်း လုပ်နေဦးမှာပါ၊ ခြွေတာစား ခြွေတာသုံးရင်းနဲ့ အနုပညာအလုပ်တွေ လုပ်နေဦးမှာ” လို့ သူမက ဆက်လက်ရှင်းပြပါတယ်။


မင်းခေတ်လင်း
ရန်ကုန်၊ ဖေဖော်ဝါရီ - ၁၉