အဆိုအပိုင်းမှ သရုပ်ဆောင်အလုပ် လုပ်ရတော့ ပိုကြိုးစားနေရတယ်ဆိုတဲ့ ဟန်ထူးဈာန်

အဆိုအပိုင်းမှ သရုပ်ဆောင်အလုပ် လုပ်ရတော့ ပိုကြိုးစားနေရတယ်ဆိုတဲ့ ဟန်ထူးဈာန်

တေးသံရှင်တစ်ယောက်အဖြစ် လူသိများတဲ့ ဟန်ထူးဈာန်ဟာ အခုဆိုရင် ရုပ်သံဇာတ်လမ်းတွဲထဲ ပါဝင်သရုပ်ဆောင်ထားပြီး တေးဆိုတဲ့အလုပ်ကနေ သရုပ်ဆောင်အလုပ်ကို လုပ်ရတာကြောင့် ပိုပြီးကြိုးစားလုပ်ကိုင်နေရတယ်လို့ ပြောပါတယ်။

 
သူဟာ လက်ရှိမှာလည်း MRTV 4 ရုပ်သံလိုင်းကနေ အပတ်စဉ် တနင်္လာနေ့ကနေ သောကြာနေ့ ညစဉ်ညတိုင်းပြသနေတဲ့ “မှော်ပလ္လင်” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတာဖြစ်သလို မကြာခင်မှာလည်း တေးသီချင်းတစ်ပုဒ်ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 
 
“ကျွန်တော့်ကို အဆိုတော်အနေနဲ့ စပြီးသိထားတာ၊ သရုပ်ဆောင်အနေနဲ့ မြင်လာနိုင်ဖို့က သူများထက် နှစ်ဆလောက်ကြိုးစားရပါတယ်၊ သရုပ်ဆောင်တဲ့နေရာမှာ တစ်ခုခုကြောင့် လိုအပ်ချက်ရှိလာရင် ဟာ ဒီကောင်က အဆိုပဲကောင်းတာဆိုတာမျိုး ကျွန်တော်က အပြောခံရနိုင်တာကြောင့်လည်း အများကြီးကြိုးစားရပါတယ်၊ ဒီရက်ပိုင်းလေးထဲမှာ သီချင်းလေးထွက်ပါမယ်၊ “ဖြတ်လမ်းလေး” လို့ နာမည်ပေးထားတယ်၊ တေးရေး ဆလိုင်း ရေးသားတဲ့ သီချင်းလေးဖြစ်ပါတယ်၊ တစ်ဖက်ကလည်း ဇာတ်လမ်းတွဲရိုက်ပေမယ့် ဒီဘက် သီချင်းပိုင်းကိုလည်း လုပ်နေဦးမှာပါ” လို့ ၎င်းက ရှင်းပြပါတယ်။
 
သူဟာ တေးဆိုတစ်ယောက်အဖြစ် ပရိသတ်ရဲ့ အခိုင်အမာအားပေးမှုကိုရနေပြီး နယ်ရိုက်ကွင်းတွေမှာလည်း လာရောက်အားပေးတဲ့ ပရိသတ်တွေအများအပြားရှိတယ်လို့ သိရပါတယ်။ 
 
“ကျွန်တော့ကို လာအားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်၊ သီချင်းတွေကြိုက်လို့ အဆိုတော် ဟန်ထူးဈာန် ကို အပြင်မှာမြင်ချင်လို့ လာကြည့်ကြ လာအားပေးကြတာတွေလည်းများတယ်၊ အခုတော့ သရုပ်ဆောင် ဟန်ထူးဈာန်အနေနဲ့ ထပ်ချစ်ပေးကြတော့ ပိုပျော်နေမိတယ်၊ ကျွန်တော့်ဇာတ်ကားတွေလည်း အားပေးပါဦးနော်” လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
မင်းခေတ်လင်း 
(ဓာတ်ပုံ - ဟန်ထူးဈာန်)
ရန်ကုန်၊ ဖေဖော်ဝါရီ - ၅
 
( Zawgyi )
 
ေတးသံရွင္တစ္ေယာက္အျဖစ္ လူသိမ်ားတဲ့ ဟန္ထူးဈာန္ဟာ အခုဆိုရင္ ႐ုပ္သံဇာတ္လမ္းတြဲထဲ ပါဝင္သ႐ုပ္ေဆာင္ထားၿပီး ေတးဆိုတဲ့အလုပ္ကေန သ႐ုပ္ေဆာင္အလုပ္ကို လုပ္ရတာေၾကာင့္ ပိုၿပီးႀကိဳးစားလုပ္ကိုင္ေနရတယ္လို႔ ေျပာပါတယ္။
 
သူဟာ လက္ရွိမွာလည္း MRTV 4 ႐ုပ္သံလိုင္းကေန အပတ္စဥ္ တနလၤာေန႕ကေန ေသာၾကာေန႕ ညစဥ္ညတိုင္းျပသေနတဲ့ “ေမွာ္ပလႅင္” ဇာတ္လမ္းတြဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတာျဖစ္သလို မၾကာခင္မွာလည္း ေတးသီခ်င္းတစ္ပုဒ္ထြက္ဖို႔ ျပင္ဆင္ေနတယ္လို႔ သိရပါတယ္။ 
 
“ကြၽန္ေတာ့္ကို အဆိုေတာ္အေနနဲ႕ စၿပီးသိထားတာ၊ သ႐ုပ္ေဆာင္အေနနဲ႕ ျမင္လာနိုင္ဖို႔က သူမ်ားထက္ ႏွစ္ဆေလာက္ႀကိဳးစားရပါတယ္၊ သ႐ုပ္ေဆာင္တဲ့ေနရာမွာ တစ္ခုခုေၾကာင့္ လိုအပ္ခ်က္ရွိလာရင္ ဟာ ဒီေကာင္က အဆိုပဲေကာင္းတာဆိုတာမ်ိဳး ကြၽန္ေတာ္က အေျပာခံရနိုင္တာေၾကာင့္လည္း အမ်ားႀကီးႀကိဳးစားရပါတယ္၊ ဒီရက္ပိုင္းေလးထဲမွာ သီခ်င္းေလးထြက္ပါမယ္၊ “ျဖတ္လမ္းေလး” လို႔ နာမည္ေပးထားတယ္၊ ေတးေရး ဆလိုင္း ေရးသားတဲ့ သီခ်င္းေလးျဖစ္ပါတယ္၊ တစ္ဖက္ကလည္း ဇာတ္လမ္းတြဲရိုက္ေပမယ့္ ဒီဘက္ သီခ်င္းပိုင္းကိုလည္း လုပ္ေနဦးမွာပါ” လို႔ ၎က ရွင္းျပပါတယ္။
 
သူဟာ ေတးဆိုတစ္ေယာက္အျဖစ္ ပရိသတ္ရဲ႕ အခိုင္အမာအားေပးမႈကိုရေနၿပီး နယ္ရိုက္ကြင္းေတြမွာလည္း လာေရာက္အားေပးတဲ့ ပရိသတ္ေတြအမ်ားအျပားရွိတယ္လို႔ သိရပါတယ္။ 
 
“ကြၽန္ေတာ့ကို လာအားေပးၾကတဲ့ ပရိသတ္ေတြကိုလည္း ေက်းဇူးအရမ္းတင္ပါတယ္၊ သီခ်င္းေတြႀကိဳက္လို႔ အဆိုေတာ္ ဟန္ထူးဈာန္ ကို အျပင္မွာျမင္ခ်င္လို႔ လာၾကည့္ၾက လာအားေပးၾကတာေတြလည္းမ်ားတယ္၊ အခုေတာ့ သ႐ုပ္ေဆာင္ ဟန္ထူးဈာန္အေနနဲ႕ ထပ္ခ်စ္ေပးၾကေတာ့ ပိုေပ်ာ္ေနမိတယ္၊ ကြၽန္ေတာ့္ဇာတ္ကားေတြလည္း အားေပးပါဦးေနာ္” လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။
 
မင္းေခတ္လင္း 
(ဓာတ္ပုံ - ဟန္ထူးဈာန္)
ရန္ကုန္၊ ေဖေဖာ္ဝါရီ - ၅