အစ်မတစ်ယောက် ဆုံးရှုံးရသလို ခံစားနေရတယ်ဆိုတဲ့ တေးသံရှင် ဖြိုးပြည့်စုံ

အစ်မတစ်ယောက် ဆုံးရှုံးရသလို ခံစားနေရတယ်ဆိုတဲ့ တေးသံရှင် ဖြိုးပြည့်စုံ

တေးသံရှင် မီးမီးခဲ ကွယ်လွန်ခဲ့တာဟာ သူ့အနေနဲ့ အစ်မအရင်းတစ်ယောက် ဆုံးရှုံးသလို ခံစားလိုက်ရတယ်လို့ တေးသံရှင် ဖြိုးပြည့်စုံ က ပြောပြပါတယ်။

 

“ကျွန်တော့်ရဲ့ အစ်မအရင်းတစ်ယောက် ဆုံးရှုံးသလို ခံစားရပါတယ်၊ အမှတ်တရတွေကတော့ အများကြီးပါပဲ၊ မမီးမီးခဲနဲ့က ကျွန်တော် အဆိုတော်မဖြစ်ခင် မင်္ဂလာဆောင်ပွဲတွေမှာဆိုတော့ ပွဲတော်တော်များများကို အစ်မနဲ့အတူတူ ဆိုခဲ့ဖူးပါတယ်၊ ကျွန်တော်က များသောအားဖြင့် မင်္ဂလာဆောင်သီချင်းတွေဆိုရင် အစ်မ ဟေမာနေဝင်း ‌ရဲ့ First Music Agency မှာ ဆိုတယ်။အဲဒီက ပင်တိုင်အဆိုတော်ကြီးတွေမှာဆိုရင် မမီးမီးခဲလည်း ပါတယ်။ပွဲတွေမှာ အစ်မနဲ့အတူ စုံတွဲဆိုခွင့်ရခဲ့တယ်။မမီးမီးခဲ က ဒီ Agency ရဲ့ လူကြီးတွေကြားထဲမှာ သူက အငယ်လိုဖြစ်နေတော့ ကျွန်တော်တို့နဲ့က မောင်နှမလို ရင်းနှီးကြတယ်၊ သူကနွေးထွေးတယ်။သူ့ဆီကနေ သီချင်းတစ်ပုဒ် ယူထားဖူးတယ်၊ အဲ့ဒီသီချင်းက အခုအချိန်ထိ ထွက်နိုင်တဲ့အခွင့်အရေးမရသေးတဲ့အချိန်မှာ မမီးမီးခဲ ဆုံးပါးသွားတာပေါ့။အင်မတန်လည်း စိတ်မကောင်းဖြစ်ရသလို အရမ်းလည်းခံစားရပါတယ်၊ တက်သစ်စ ဂျူနီယာတွေကို ခွဲခြားဆက်ဆံတာမျိုးလည်းမရှိဘူး၊ အမြဲတမ်းကို လက်တွဲခေါ်ယူခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်”လို့ သူကရှင်းပြပါတယ်။

 

တေးသံရှင် ဖြိုးပြည့်စုံဟာ Melody World တေးသီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲ ရောက်လာသူတစ်ဦးဖြစ်သလို တေးသံရှင်တစ်ယောက်အဖြစ်သာမကဘဲ ဆရာဝန်ဘွဲ့ရရှိထားတဲ့ လူငယ်တစ်ဦးလည်း ဖြစ်ပါတယ်။

 

“မျှော်နိုင်သမျှ” လို့ နာမည်ရတဲ့ တေးစီးရီးခွေကို သူ့ရဲ့ ပထမဆုံးသော တစ်ကိုယ်တော်ခွေအဖြစ် လွန်ခဲ့သော ၂၀၁၄ ခုနှစ်ထဲမှာ ထွက်ရှိခဲ့တယ်လို့ သိရပါတယ်။သူ့ရဲ့ Single Song တေးသီချင်းတွေထဲက“ကြည့်ချင်ပွဲ” လို့ နာမည်ရတဲ့ တေးသီချင်း၊ “အချစ်များစွာ နှင့်”လို့ နာမည်ရတဲ့ တေးသီချင်း၊ “မျှော်လင့်ချက်လေး” လို့ နာမည်ရတဲ့ တေးသီချင်း၊ “အလွမ်းမှတ်တိုင်” လို့ နာမည်ရတဲ့ တေးသီချင်း၊ “သင်္ကြန်လေညှင်း လုလင်” လို့ နာမည်ရတဲ့ တေးသီချင်း၊ “မျက်ရည်မိုး” လို့ နာမည်ရတဲ့ တေးသီချင်း၊ “ကြယ်” လို့ နာမည်ရတဲ့ တေးသီချင်း၊ “လတ်တလော လှုပ်ရှားမှု” လို့ နာမည်ရတဲ့ တေးသီချင်း၊ “နွေရာသီခရီး” လို့ နာမည်ရတဲ့ တေးသီချင်း၊ “နှစ်သစ်ရောက်ပြီ” လို့ နာမည်ရတဲ့ တေးသီချင်းတွေဟာ အားပေးသူများခဲ့တဲ့ တေးသီချင်းတွေလည်း ဖြစ်ခဲ့ပါတယ်။

 

သူဟာ လက်ရှိမှာလည်း သူဝါသနာပါတဲ့ ဂီတအလုပ်တွေနဲ့ ရပ်တည်လုပ်ကိုင်နေသူတစ်ဦးဖြစ်သလို ပရိသတ်အတွက် တေးသီချင်းကောင်းများစွာလည်း ထုတ်လုပ်ပေးနိုင်ရန် ကြိုးပမ်းနေသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။

 

မင်းခေတ်လင်း

ရန်ကုန်၊ အောက်တိုဘာ - ၂၀

 

( Zawgyi )

 

ေတးသံရွင္ မီးမီးခဲ ကြယ္လြန္ခဲ့တာဟာ သူ႔အေနနဲ႔ အစ္မအရင္းတစ္ေယာက္ ဆုံးရႈံးသလို ခံစားလိုက္ရတယ္လို႔ ေတးသံရွင္ ၿဖိဳးျပည့္စုံ က ေျပာျပပါတယ္။

 

“ကြၽန္ေတာ့္ရဲ႕ အစ္မအရင္းတစ္ေယာက္ ဆုံးရႈံးသလို ခံစားရပါတယ္၊ အမွတ္တရေတြကေတာ့ အမ်ားႀကီးပါပဲ၊ မမီးမီးခဲနဲ႔က ကြၽန္ေတာ္ အဆိုေတာ္မျဖစ္ခင္ မဂၤလာေဆာင္ပြဲေတြမွာဆိုေတာ့ ပြဲေတာ္ေတာ္မ်ားမ်ားကို အစ္မနဲ႔အတူတူ ဆိုခဲ့ဖူးပါတယ္၊ ကြၽန္ေတာ္က မ်ားေသာအားျဖင့္ မဂၤလာေဆာင္သီခ်င္းေတြဆိုရင္ အစ္မ ေဟမာေနဝင္း ‌ရဲ႕ First Music Agency မွာ ဆိုတယ္။အဲဒီက ပင္တိုင္အဆိုေတာ္ႀကီးေတြမွာဆိုရင္ မမီးမီးခဲလည္း ပါတယ္။ပြဲေတြမွာ အစ္မနဲ႔အတူ စုံတြဲဆိုခြင့္ရခဲ့တယ္။မမီးမီးခဲ က ဒီ Agency ရဲ႕ လူႀကီးေတြၾကားထဲမွာ သူက အငယ္လိုျဖစ္ေနေတာ့ ကြၽန္ေတာ္တို႔နဲ႔က ေမာင္ႏွမလို ရင္းႏွီးၾကတယ္၊ သူကေႏြးေထြးတယ္။သူ႔ဆီကေန သီခ်င္းတစ္ပုဒ္ ယူထားဖူးတယ္၊ အဲ့ဒီသီခ်င္းက အခုအခ်ိန္ထိ ထြက္ႏိုင္တဲ့အခြင့္အေရးမရေသးတဲ့အခ်ိန္မွာ မမီးမီးခဲ ဆုံးပါးသြားတာေပါ့။အင္မတန္လည္း စိတ္မေကာင္းျဖစ္ရသလို အရမ္းလည္းခံစားရပါတယ္၊ တက္သစ္စ ဂ်ဴနီယာေတြကို ခြဲျခားဆက္ဆံတာမ်ိဳးလည္းမရွိဘူး၊ အၿမဲတမ္းကို လက္တြဲေခၚယူခဲ့သူတစ္ေယာက္လည္း ျဖစ္ပါတယ္”လို႔ သူကရွင္းျပပါတယ္။

 

ေတးသံရွင္ ၿဖိဳးျပည့္စုံဟာ Melody World ေတးသီခ်င္းဆိုၿပိဳင္ပြဲကေန ဂီတေလာကထဲ ေရာက္လာသူတစ္ဦးျဖစ္သလို ေတးသံရွင္တစ္ေယာက္အျဖစ္သာမကဘဲ ဆရာဝန္ဘြဲ႕ရရွိထားတဲ့ လူငယ္တစ္ဦးလည္း ျဖစ္ပါတယ္။

 

“ေမွ်ာ္ႏိုင္သမွ်” လို႔ နာမည္ရတဲ့ ေတးစီးရီးေခြကို သူ႔ရဲ႕ ပထမဆုံးေသာ တစ္ကိုယ္ေတာ္ေခြအျဖစ္ လြန္ခဲ့ေသာ ၂၀၁၄ ခုႏွစ္ထဲမွာ ထြက္ရွိခဲ့တယ္လို႔ သိရပါတယ္။သူ႔ရဲ႕ Single Song ေတးသီခ်င္းေတြထဲက“ၾကည့္ခ်င္ပြဲ” လို႔ နာမည္ရတဲ့ ေတးသီခ်င္း၊ “အခ်စ္မ်ားစြာ ႏွင့္”လို႔ နာမည္ရတဲ့ ေတးသီခ်င္း၊ “ေမွ်ာ္လင့္ခ်က္ေလး” လို႔ နာမည္ရတဲ့ ေတးသီခ်င္း၊ “အလြမ္းမွတ္တိုင္” လို႔ နာမည္ရတဲ့ ေတးသီခ်င္း၊ “သၾကၤန္ေလညႇင္း လုလင္” လို႔ နာမည္ရတဲ့ ေတးသီခ်င္း၊ “မ်က္ရည္မိုး” လို႔ နာမည္ရတဲ့ ေတးသီခ်င္း၊ “ၾကယ္” လို႔ နာမည္ရတဲ့ ေတးသီခ်င္း၊ “လတ္တေလာ လႈပ္ရွားမႈ” လို႔ နာမည္ရတဲ့ ေတးသီခ်င္း၊ “ေႏြရာသီခရီး” လို႔ နာမည္ရတဲ့ ေတးသီခ်င္း၊ “ႏွစ္သစ္ေရာက္ၿပီ” လို႔ နာမည္ရတဲ့ ေတးသီခ်င္းေတြဟာ အားေပးသူမ်ားခဲ့တဲ့ ေတးသီခ်င္းေတြလည္း ျဖစ္ခဲ့ပါတယ္။

 

သူဟာ လက္ရွိမွာလည္း သူဝါသနာပါတဲ့ ဂီတအလုပ္ေတြနဲ႔ ရပ္တည္လုပ္ကိုင္ေနသူတစ္ဦးျဖစ္သလို ပရိသတ္အတြက္ ေတးသီခ်င္းေကာင္းမ်ားစြာလည္း ထုတ္လုပ္ေပးႏိုင္ရန္ ႀကိဳးပမ္းေနသူတစ္ဦးျဖစ္တယ္လို႔ သိရပါတယ္။

 

မင္းေခတ္လင္း

ရန္ကုန္၊ ေအာက္တိုဘာ - ၂၀