အခြေအနေအရ လာငှားတဲ့ ကာရိုက်တာတိုင်းအတွက် ၈၀ ရာခိုင်နှုန်းလောက် လက်ခံဖြစ်နေတယ်ဆိုတဲ့ သရုပ်ဆောင် စိုင်းဝဏ္ဏအောင်

အခြေအနေအရ လာငှားတဲ့ ကာရိုက်တာတိုင်းအတွက် ၈၀ ရာခိုင်နှုန်းလောက် လက်ခံဖြစ်နေတယ်ဆိုတဲ့ သရုပ်ဆောင် စိုင်းဝဏ္ဏအောင်

သရုပ်ဆောင် စိုင်းဝဏ္ဏအောင်ဟာ အခုနောက်ပိုင်း လာငှားတဲ့ ကာရိုက်တာတိုင်းအတွက် ၈၀ ရာခိုင်နှုန်းလောက်အထိ လက်ခံရိုက်ကူးဖြစ်နေတယ်လို့ ပြောပြပါတယ်။
 
“ဒါကလည်း အခြေအနေအရပ်ရပ်ကြောင့်ပါနော်၊ ဘယ်လိုပြောရမလဲ အဓိက ကတော့ ဇာတ်ပေ့ါ၊ ဒီထဲမှာ ကိုယ်က ဘယ်လိုတာဝန်ယူရမလဲ အဲ့ဒီအပေါ် လုပ်နိုင် မလုပ်နိုင် စဉ်းစားပြီးတော့ လုပ်နိုင်ရင် လက်ခံတယ်၊ ကျွန်တော်တို့က များသောအားဖြင့်ကတော့ သရုပ်ဆောင်အလုပ်ကို ရူးသွပ်သူတွေဖြစ်တော့ သရုပ်ဆောင်အလုပ် လာကမ်းလှမ်းရင် ဘာပဲဖြစ်ဖြစ် ၈၀ ရာခိုင်နှုန်းလောက်က လက်ခံဖြစ်နေတယ်၊ လိင်တူဇာတ်ကား ဘာညာဆိုတာတွေ အသာထား၊ ကိုယ်ကလုပ်ရမယ့် ကာရိုက်တာမှာ ပီပြင်အောင်ဘယ်လောက်လုပ်နိုင်မလဲဆိုတာကိုပဲ စဉ်းစားပါတယ်၊ ဒီလိုရွေးချယ်တာကလည်း အခြေအနေအရလည်း ရှိတာပေါ့နော်၊ ကျွန်တော်တို့ ရုပ်ရှင်လောကက ဝေဖန်တိုက်ခိုက်တဲ့သူတွေက အရမ်းများတယ်၊ ဒီလူကတော့ ဒီလိုရိုက်ပြန်ပြီဆိုတာမျိုးပေါ့၊ ဒါက ကျွန်တော် ဘယ်သူ့ကိုမှဝေဖန်တာမဟုတ်ဘူး၊ ဖြစ်နေတဲ့အခြေအနေကို ပြောတာပါ” လို့ သူက ရှင်းပြပါတယ်။
 
ပြည်ပနိုင်ငံတွေမှာ ဇာတ်ကောင်နဲ့ပတ်သက်လို့ ကြိုတင်ပြင်ဆင်တာတွေကို လုပ်ဆောင်တဲ့အခါ ဒီဇာတ်ကောင်ရဲ့ ကာရိုက်တာကို လချီနှစ်ချီပြီးတော့ ကြိုတင်လေ့ကျင့်မွေးမြူပြီးမှသာ ရိုက်ကူးလေ့ရှိပေမယ့် ပြည်တွင်းမှာတော့ အချိန်မပေးနိုင်တဲ့ အခြေအနေတွေအပါအဝင် ဈေးကွက်အနေအထားပေါ်မူတည်ကာ လုပ်ဆောင်ရတာတွေကြောင့်လည်း မြန်မာဇာတ်ကားတွေအနေနဲ့ အရည်အသွေးတွေကျဆင်းလာကာ ဝေဖန်စရာတွေလည်းဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
 
“ကျွန်တော်တို့ဆီမှာက အခြေအနေအကြောင်းကြောင်းကြောင့် ရိုက်လိုက်ရတယ်၊ အချိန်သိပ်မပေးနိုင်ဘူး၊ လိုင်းပေါ်မှာလည်း မြန်မာကားတွေကို မြန်မာပေါကားတွေလို့ပြောတယ်၊ ဒါဘာကြောင့်လည်း ဒီလိုသက်ရောက်မှုတွေကြောင့်လည်းဖြစ်ပါတယ်၊ ရှေ့ဆက်ပြီးတော့ ကျွန်တော်တို့ ပြင်ဆင်တာတွေ ကြိုးစားတာတွေလည်း လုပ်ရမှာကအများကြီး၊ အလုပ်တွေဆက်လုပ်ဖို့လည်း အများကြီးရှိသေးတယ်လေ” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။
 
မင်းခေတ်လင်း
(ဓာတ်ပုံ - စိုင်းဝဏ္ဏ)
ရန်ကုန်၊ စက်တင်ဘာ - ၂၈
 
( Zawgyi )
 
သ႐ုပ္ေဆာင္ စိုင္းဝဏၰေအာင္ဟာ အခုေနာက္ပိုင္း လာငွားတဲ့ ကာ႐ိုက္တာတိုင္းအတြက္ ၈၀ ရာခိုင္ႏႈန္းေလာက္အထိ လက္ခံ႐ိုက္ကူးျဖစ္ေနတယ္လို႔ ေျပာျပပါတယ္။
 
“ဒါကလည္း အေျခအေနအရပ္ရပ္ေၾကာင့္ပါေနာ္၊ ဘယ္လိုေျပာရမလဲ အဓိက ကေတာ့ ဇာတ္ေပ့ါ၊ ဒီထဲမွာ ကိုယ္က ဘယ္လိုတာဝန္ယူရမလဲ အဲ့ဒီအေပၚ လုပ္ႏိုင္ မလုပ္ႏိုင္ စဥ္းစားၿပီးေတာ့ လုပ္ႏိုင္ရင္ လက္ခံတယ္၊ ကြၽန္ေတာ္တို႔က မ်ားေသာအားျဖင့္ကေတာ့ သ႐ုပ္ေဆာင္အလုပ္ကို ႐ူးသြပ္သူေတြျဖစ္ေတာ့ သ႐ုပ္ေဆာင္အလုပ္ လာကမ္းလွမ္းရင္ ဘာပဲျဖစ္ျဖစ္ ၈၀ ရာခိုင္ႏႈန္းေလာက္က လက္ခံျဖစ္ေနတယ္၊ လိင္တူဇာတ္ကား ဘာညာဆိုတာေတြ အသာထား၊ ကိုယ္ကလုပ္ရမယ့္ ကာ႐ိုက္တာမွာ ပီျပင္ေအာင္ဘယ္ေလာက္လုပ္ႏိုင္မလဲဆိုတာကိုပဲ စဥ္းစားပါတယ္၊ ဒီလိုေ႐ြးခ်ယ္တာကလည္း အေျခအေနအရလည္း ရွိတာေပါ့ေနာ္၊ ကြၽန္ေတာ္တို႔ ႐ုပ္ရွင္ေလာကက ေဝဖန္တိုက္ခိုက္တဲ့သူေတြက အရမ္းမ်ားတယ္၊ ဒီလူကေတာ့ ဒီလို႐ိုက္ျပန္ၿပီဆိုတာမ်ိဳးေပါ့၊ ဒါက ကြၽန္ေတာ္ ဘယ္သူ႔ကိုမွေဝဖန္တာမဟုတ္ဘူး၊ ျဖစ္ေနတဲ့အေျခအေနကို ေျပာတာပါ” လို႔ သူက ရွင္းျပပါတယ္။
 
ျပည္ပႏိုင္ငံေတြမွာ ဇာတ္ေကာင္နဲ႔ပတ္သက္လို႔ ႀကိဳတင္ျပင္ဆင္တာေတြကို လုပ္ေဆာင္တဲ့အခါ ဒီဇာတ္ေကာင္ရဲ႕ ကာ႐ိုက္တာကို လခ်ီႏွစ္ခ်ီၿပီးေတာ့ ႀကိဳတင္ေလ့က်င့္ေမြးျမဴၿပီးမွသာ ႐ိုက္ကူးေလ့ရွိေပမယ့္ ျပည္တြင္းမွာေတာ့ အခ်ိန္မေပးႏိုင္တဲ့ အေျခအေနေတြအပါအဝင္ ေဈးကြက္အေနအထားေပၚမူတည္ကာ လုပ္ေဆာင္ရတာေတြေၾကာင့္လည္း ျမန္မာဇာတ္ကားေတြအေနနဲ႔ အရည္အေသြးေတြက်ဆင္းလာကာ ေဝဖန္စရာေတြလည္းျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။
 
“ကြၽန္ေတာ္တို႔ဆီမွာက အေျခအေနအေၾကာင္းေၾကာင္းေၾကာင့္ ႐ိုက္လိုက္ရတယ္၊ အခ်ိန္သိပ္မေပးႏိုင္ဘူး၊ လိုင္းေပၚမွာလည္း ျမန္မာကားေတြကို ျမန္မာေပါကားေတြလို႔ေျပာတယ္၊ ဒါဘာေၾကာင့္လည္း ဒီလိုသက္ေရာက္မႈေတြေၾကာင့္လည္းျဖစ္ပါတယ္၊ ေရွ႕ဆက္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ျပင္ဆင္တာေတြ ႀကိဳးစားတာေတြလည္း လုပ္ရမွာကအမ်ားႀကီး၊ အလုပ္ေတြဆက္လုပ္ဖို႔လည္း အမ်ားႀကီးရွိေသးတယ္ေလ” လို႔ သူက ဆက္လက္ေျပာၾကားခဲ့ပါတယ္။
 
မင္းေခတ္လင္း
(ဓာတ္ပုံ - စိုင္းဝဏၰ)
ရန္ကုန္၊ စက္တင္ဘာ - ၂၈