အခက်အခဲတွေကြုံပေမယ့် မိဘကျေးဇူးကြောင့် ထမင်းငတ်တဲ့အထိမဖြစ်ခဲ့ဘူးလို့ လူကြမ်းသရုပ်ဆောင် မျိုးကြည် က ဆိုလာ

အခက်အခဲတွေကြုံပေမယ့် မိဘကျေးဇူးကြောင့် ထမင်းငတ်တဲ့အထိမဖြစ်ခဲ့ဘူးလို့ လူကြမ်းသရုပ်ဆောင် မျိုးကြည် က ဆိုလာ

အခုလိုကာလမှာ အနုပညာရှင်တွေအနေနဲ့ အခက်အခဲတွေကြုံရသလို လူကြမ်းသရုပ်ဆောင်တွေဟာ အခြားသောသရုပ်ဆောင်တွေထက် အခက်အခဲတွေပိုမိုကြုံရပေမယ့် လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည်ဟာတော့ မိဘကိုလုပ်ကျွေးနေတဲ့အတွက် ထမင်းငတ်လောက်တဲ့အထိ မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

 

ဒီကာလမှာအခက်အခဲကြုံတာ လူတိုင်းနီးပါးပဲလေ၊ အစ်ကိုတို့က ပိုဆိုးတာပေါ့၊ ဒါပေမဲ့ ထမင်းငတ်လောက်တဲ့အထိ ဖြစ်မသွားဘူး၊ အစ်ကို့အထင်တော့ မိဘကိုလုပ်ကျွေးတဲ့ ကုသိုလ်ထင်ပါတယ်၊ ဆက်ပြီးတော့လည်း လုပ်ကျွေးဦးမှာပါ၊ ဒီလိုကုသိုလ်တွေက သူ့ဟာနဲ့သူတော့ အဆင်ပြေသွားမယ်ထင်တယ်လေ” လို့ သူကရှင်းပြပါတယ်။ 

 

သူဟာ မိဘကိုလုပ်ကိုင်ကျွေးမွေးနေတဲ့အပြင် ယခုအချိန်အထိ လူပျိုကြီးဘဝနဲ့ ရပ်တည်နေကြောင်း၊ အခုရက်ပိုင်းမှာပဲ သူ့ကိုချစ်ခင်တဲ့ ပရိသတ်တစ်ဦးက ပေါင်မှာ သူ့ရဲ့ရုပ်ပုံကို တက်တူးထိုးတဲ့ဗီဒီယိုကို မြင်တွေ့ခဲ့တာကြောင့်လည်း ဝမ်းသာပီတိဖြစ်ရသလို သူ့အတွက် အမှတ်တရမှတ်တိုင်လေးတစ်ခုဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 

ကိုယ့်ကိုချစ်တဲ့ ပရိသတ်ရှိပါလားဆိုပြီးတော့ ခံစားမိတယ်၊ အဲ့ကလေးနဲ့လည်း ဖုန်းပြောဖြစ်ပြီးသွားပြီလေ၊ သူကပေါင်မှာထိုးမိတဲ့အတွက် တောင်းပန်စကားဆိုတယ်၊ ဘယ်လိုပဲဖြစ်ပါစေလေ၊ အစ်ကို့အတွက် အမှတ်တရလေးအဖြစ်နဲ့ အသားအနာခံပြီးထိုးတာ အစ်ကိုက ပြန်ပြီးလေးစားမိပါတယ်၊ သူက တက်တူးထိုးတဲ့ပညာကို အောင်ပန်းမှာသွားသင်ပြီးတော့ သူ့ဆရာနဲ့အတူထိုးတယ်၊ နေတာက မုံရွာဘက်မှာ အခုထိ အောင်ပန်းမှာပဲရှိသေးတယ်၊ အဲ့တစ်ပုံတည်းကို လေးနာရီကြာတယ်၊ သူ့ရဲ့အနုပညာသမားတွေအပေါ် လေးစားတဲ့စိတ် ထိုးမယ်ဗျာဆိုပြီး ဘာမှမစဉ်းစားတဲ့ဟာကို လေးစားမိတယ်” လို့ သူကရှင်းပြပါတယ်။

 

အခုလိုအချိန်မှာ အနုပညာအလုပ်ကို မလုပ်ရပေမယ့် မိဘရဲ့အနားမှာ အနီးကပ်ပြုစုစောင့်ရှောက်ခွင့် ရနေကြောင်း၊ပရိသတ်တွေအနေနဲ့လည်း ကျန်းမာရေးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာပေးဖို့ သူကတိုက်တွန်းပြောကြားခဲ့ပြီး နေအိမ်တစ်အိမ်မှာ ကိုယ်တစ်ယောက်ဖြစ်လာပါက ကျန်တဲ့သူတွေပါ အကုန်ဖြစ်မှာစိုးရိမ်တဲ့အတွက်လိုက်နာဖို့ပြောကြားလိုကြောင်း၊ ကျန်းမာရေးကိစ္စတွေ လွန်မြောက်သွားတဲ့အခါ အလျဉ်းသင့်ရင် သင့်သလိုအနုပညာအလုပ်တွေကို ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။

 

 မင်းခေတ်လင်း 

(Photo - Metro Brothers)

ရန်ကုန်၊ သြဂုတ် - ၂၈

 

( Zawgyi )

 

အခုလိုကာလမွာ အႏုပညာရွင္ေတြအေနနဲ႔ အခက္အခဲေတြႀကဳံရသလို လူၾကမ္းသ႐ုပ္ေဆာင္ေတြဟာအျခားေသာသ႐ုပ္ေဆာင္ေတြထက္ အခက္အခဲေတြပိုမိုႀကဳံရေပမယ့္ လူၾကမ္းသ႐ုပ္ေဆာင္ ကိုမ်ိဳးၾကည္ဟာေတာ့ မိဘကိုလုပ္ေကြၽးေနတဲ့အတြက္ ထမင္းငတ္ေလာက္တဲ့အထိ မျဖစ္ခဲ့ဘူးလို႔ ေျပာပါတယ္။

 

ဒီကာလမွာအခက္အခဲႀကဳံတာ လူတိုင္းနီးပါးပဲေလ၊ အစ္ကိုတို႔က ပိုဆိုးတာေပါ့၊ ဒါေပမဲ့ ထမင္းငတ္ေလာက္တဲ့အထိ ျဖစ္မသြားဘူး၊ အစ္ကို႔အထင္ေတာ့ မိဘကိုလုပ္ေကြၽးတဲ့ ကုသိုလ္ထင္ပါတယ္၊ ဆက္ၿပီးေတာ့လည္းလုပ္ေကြၽးဦးမွာပါ၊ ဒီလိုကုသိုလ္ေတြက သူ႔ဟာနဲ႔သူေတာ့ အဆင္ေျပသြားမယ္ထင္တယ္ေလ” လို႔ သူကရွင္းျပပါတယ္။ 

 

သူဟာ မိဘကိုလုပ္ကိုင္ေကြၽးေမြးေနတဲ့အျပင္ ယခုအခ်ိန္အထိ လူပ်ိဳႀကီးဘဝနဲ႔ ရပ္တည္ေနေၾကာင္း၊ အခုရက္ပိုင္းမွာပဲ သူ႔ကိုခ်စ္ခင္တဲ့ ပရိသတ္တစ္ဦးက ေပါင္မွာ သူ႔ရဲ႕႐ုပ္ပုံကို တက္တူးထိုးတဲ့ဗီဒီယိုကို ျမင္ေတြ႕ခဲ့တာေၾကာင့္လည္း ဝမ္းသာပီတိျဖစ္ရသလို သူ႔အတြက္ အမွတ္တရမွတ္တိုင္ေလးတစ္ခုျဖစ္ခဲ့တယ္လို႔ သိရပါတယ္။

 

ကိုယ့္ကိုခ်စ္တဲ့ ပရိသတ္ရွိပါလားဆိုၿပီးေတာ့ ခံစားမိတယ္၊ အဲ့ကေလးနဲ႔လည္း ဖုန္းေျပာျဖစ္ၿပီးသြားၿပီေလ၊ သူက ေပါင္မွာထိုးမိတဲ့အတြက္ ေတာင္းပန္စကားဆိုတယ္၊ ဘယ္လိုပဲျဖစ္ပါေစေလ၊ အစ္ကို႔အတြက္ အမွတ္တရေလးအျဖစ္နဲ႔ အသားအနာခံၿပီးထိုးတာ အစ္ကိုက ျပန္ၿပီးေလးစားမိပါတယ္၊ သူက တက္တူးထိုးတဲ့ပညာကိုေအာင္ပန္းမွာသြားသင္ၿပီးေတာ့ သူ႔ဆရာနဲ႔အတူထိုးတယ္၊ ေနတာက မုံ႐ြာဘက္မွာ အခုထိ ေအာင္ပန္းမွာပဲရွိေသးတယ္၊ အဲ့တစ္ပုံတည္းကို ေလးနာရီၾကာတယ္၊ သူ႔ရဲ႕အႏုပညာသမားေတြအေပၚ ေလးစားတဲ့စိတ္ ထိုးမယ္ဗ်ာဆိုၿပီး ဘာမွမစဥ္းစားတဲ့ဟာကို ေလးစားမိတယ္” လို႔ သူကရွင္းျပပါတယ္။

 

အခုလိုအခ်ိန္မွာ အႏုပညာအလုပ္ကို မလုပ္ရေပမယ့္ မိဘရဲ႕အနားမွာ အနီးကပ္ျပဳစုေစာင့္ေရွာက္ခြင့္ ရေနေၾကာင္း၊ ပရိသတ္ေတြအေနနဲ႔လည္း က်န္းမာေရးဌာနရဲ႕ ၫႊန္ၾကားခ်က္ေတြအတိုင္း လိုက္နာေပးဖို႔သူကတိုက္တြန္းေျပာၾကားခဲ့ၿပီး ေနအိမ္တစ္အိမ္မွာ ကိုယ္တစ္ေယာက္ျဖစ္လာပါက က်န္တဲ့သူေတြပါ အကုန္ျဖစ္မွာစိုးရိမ္တဲ့အတြက္ လိုက္နာဖို႔ေျပာၾကားလိုေၾကာင္း၊ က်န္းမာေရးကိစၥေတြ လြန္ေျမာက္သြားတဲ့အခါ အလ်ဥ္းသင့္ရင္ သင့္သလို အႏုပညာအလုပ္ေတြကို ဆက္လုပ္သြားမယ္လို႔ ဆိုပါတယ္။

 

 မင္းေခတ္လင္း 

(Photo - Metro Brothers)

ရန္ကုန္၊ ၾသဂုတ္ - ၂၈