ဟယ်လီဘေရီပါဝင်လို့ Little Mermaid ရုပ်ရှင်မှာ ပါဝင်ဖို့ ငြင်းပယ်လိုက်တဲ့ ဟယ်ရီစတိုင်လ်

  ဟယ်လီဘေရီပါဝင်လို့ Little Mermaid ရုပ်ရှင်မှာ ပါဝင်ဖို့ ငြင်းပယ်လိုက်တဲ့ ဟယ်ရီစတိုင်လ်

Little Mermaidလိုက်ဖ်အက်ရှင်မှာ မင်းသားလေး အဲရစ်နေရာကပါဝင်သရုပ်ဆောင်ဖို့ ဟယ်ရီစတိုင်လ် ကို ကမ်းလှမ်းခဲ့ပေမဲ့ သူက လက်မခံ ခဲ့ဘူးဆိုပြီး သတင်းထွက်လာခဲ့ပြီး၊ ဘုရင့်သားတော် အဲရစ်ဖြစ်လာမယ့်မင်းသားကို ရှာပုံတော် ဆက်ဖွင့်နေကြပါတယ်။

ဒစ္စနေးလ်ထုတ်လုပ်ရေးဟာ ၁၉၈၉ခုနှစ် Little Mermaid ကာတွန်းကို လိုက်ဖ်အက်ရှင်အဖြစ် အသက်သွင်းဖို့ လုပ်နေတာ ဖြစ်ပါတယ်။ ရိုက်ကူးရေးအစီအစဉ်ကို သဘောကျပေမဲ့ ရေသူမလေး အေရီရယ် နေရာကပါဝင် မယ့် ဟယ်လီဘေလီနဲ့ ချစ်ကျွမ်းဝင်သူနေရာ သရုပ်ဆောင်ရမှာကို ဟယ်ရီက ငြင်းပယ်ခဲ့တာလို့ The Wrap အနုပညာသတင်းမှာလည်း ပါရှိပါတယ်။

Variety မဂ္ဂဇင်းကတော့ ဒစ္စနေးလ် က မင်းသားသစ်ရှာပုံတော်ဖွင့်နေပြီး၊ မကြာခင် ကြေညာမယ်လို့လည်း ဆိုပါတယ်။ အဲဗရက်ပရစ္စလေ အတ္ထုပ္ပတ္တိရုပ်ရှင်မှာ ပရက်စလေနေရာအတွက် ဆန်ခါတင်စာရင်းထဲ ဟယ်ရီစတိုင်လ် ပါခဲ့ပေမဲ့ နောက်ဆုံးမှာ အော်စတင်ဘတ်တလာ ကိုပဲ ရွေးချယ်လိုက်ပါတယ်။ မကြာခင်ရိုက်ကူးမယ့် Little Mermaidလိုက်ဖ်အက်ရှင်မှာ Rob Marshall က ဒါရိုက်တာအဖြစ် ရိုက်ကူးမှာဖြစ်ပါတယ်။

ဇာတ်ဝင်တေးအနေနဲ့ကတော့ မူရင်းသီချင်းတွေအပြင် သီချင်းသစ်တွေလည်း သုံးမယ်လို့ ဆိုပါတယ်။ အေရီရယ်လ်အဖြစ်ပါဝင်သရုပ်ဆောင်မယ့် ဘေလီကတော့ ‘ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကိုယ့်ကိုမလိုလားတဲ့သူတွေပြောတဲ့ မကောင်းတာတွေ ကို ကျွန်မ ဂရုမစိုက်ဘူး။ ကျွန်မကိုပေးထားတဲ့နေရာက ကျွန်မထက် ပိုပြီးကြီးကျယ်ပါတယ်။ ဒီဇာတ်ကားမှာပါဝင်ခွင့်ရတဲ့အတွက် ရင်ခုန် စိတ်လှုပ်ရှားမိတယ်’လို့ ဆိုသွားပါတယ်။

ရည်မွန်
Ref: NME
နယူးယောက်၊ သြဂုတ် ၁၄

(  Zawgyi  )

 Little Mermaidလိုက္ဖ္အက္ရွင္မွာ မင္းသားေလး အဲရစ္ေနရာကပါဝင္သ႐ုပ္ေဆာင္ဖို႔ ဟယ္ရီစတိုင္လ္ ကို ကမ္းလွမ္းခဲ့ေပမဲ့ သူက လက္မခံ ခဲ့ဘူးဆိုၿပီး သတင္းထြက္လာခဲ့ၿပီး၊ ဘုရင့္သားေတာ္ အဲရစ္ျဖစ္လာမယ့္မင္းသားကို ရွာပုံေတာ္ ဆက္ဖြင့္ေနၾကပါတယ္။

ဒစၥေနးလ္ထုတ္လုပ္ေရးဟာ ၁၉၈၉ခုႏွစ္ Little Mermaid ကာတြန္းကို လိုက္ဖ္အက္ရွင္အျဖစ္ အသက္သြင္းဖို႔ လုပ္ေနတာ ျဖစ္ပါတယ္။ ႐ိုက္ကူးေရးအစီအစဥ္ကို သေဘာက်ေပမဲ့ ေရသူမေလး ေအရီရယ္ ေနရာကပါဝင္ မယ့္ ဟယ္လီေဘလီနဲ႔ ခ်စ္ကြၽမ္းဝင္သူေနရာ သ႐ုပ္ေဆာင္ရမွာကို ဟယ္ရီက ျငင္းပယ္ခဲ့တာလို႔ The Wrap အႏုပညာသတင္းမွာလည္း ပါရွိပါတယ္။

Variety မဂၢဇင္းကေတာ့ ဒစၥေနးလ္ က မင္းသားသစ္ရွာပုံေတာ္ဖြင့္ေနၿပီး၊ မၾကာခင္ ေၾကညာမယ္လို႔လည္း ဆိုပါတယ္။ အဲဗရက္ပရစၥေလ အတၳဳပၸတၱိ႐ုပ္ရွင္မွာ ပရက္စေလေနရာအတြက္ ဆန္ခါတင္စာရင္းထဲ ဟယ္ရီစတိုင္လ္ ပါခဲ့ေပမဲ့ ေနာက္ဆုံးမွာ ေအာ္စတင္ဘတ္တလာ ကိုပဲ ေ႐ြးခ်ယ္လိုက္ပါတယ္။ မၾကာခင္႐ိုက္ကူးမယ့္ Little Mermaidလိုက္ဖ္အက္ရွင္မွာ Rob Marshall က ဒါ႐ိုက္တာအျဖစ္ ႐ိုက္ကူးမွာျဖစ္ပါတယ္။

ဇာတ္ဝင္ေတးအေနနဲ႔ကေတာ့ မူရင္းသီခ်င္းေတြအျပင္ သီခ်င္းသစ္ေတြလည္း သုံးမယ္လို႔ ဆိုပါတယ္။ ေအရီရယ္လ္အျဖစ္ပါဝင္သ႐ုပ္ေဆာင္မယ့္ ေဘလီကေတာ့ ‘ဒီဇာတ္ကားမွာ ပါဝင္သ႐ုပ္ေဆာင္ခြင့္ရတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ကိုယ့္ကိုမလိုလားတဲ့သူေတြေျပာတဲ့ မေကာင္းတာေတြ ကို ကြၽန္မ ဂ႐ုမစိုက္ဘူး။ ကြၽန္မကိုေပးထားတဲ့ေနရာက ကြၽန္မထက္ ပိုၿပီးႀကီးက်ယ္ပါတယ္။ ဒီဇာတ္ကားမွာပါဝင္ခြင့္ရတဲ့အတြက္ ရင္ခုန္ စိတ္လႈပ္ရွားမိတယ္’လို႔ ဆိုသြားပါတယ္။

ရည္မြန္
Ref: NME
နယူးေယာက္၊ ၾသဂုတ္ ၁၄