သီချင်းခွေထုတ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ Myanmar Idol တေးသံရှင် ဇော်ကြီး

သီချင်းခွေထုတ်နိုင်ဖို့ ကြိုးပမ်းနေတဲ့ Myanmar Idol တေးသံရှင် ဇော်ကြီး

လွန်ခဲ့တဲ့ သြဂုတ်လထဲမှာ ကျင်းပပြီးစီးခဲ့တဲ့ Myanmar Idol Season 3 မှာ Top 11 ပြိုင်ပွဲဝင်ထဲ ပါဝင်ခဲ့ပြီး လူသိများကာ ဆုရရှိခဲ့သူတစ်ဦးဖြစ်သော တေးသံရှင် ဇော်ကြီး ဟာ သူ့ရဲ့ တေးသီချင်းခွေထုတ်နိုင်ဖို့ ကြိုးပမ်းနေဆဲကာလ ဖြစ်တယ်လို့ ပြောပါတယ်။

“အခွေထုတ်ဖို့က အစီအစဉ်ရှိတယ်၊ လုပ်လည်းလုပ်နေပြီ၊ ဘယ်တော့လောက်ဖြစ်နိုင်မလဲဆိုတာတော့ အခွေကို အခုမှစတင်တာပါ၊ စပြီးတော့ သီချင်းလေးတွေကို စုဆောင်းနေတယ်၊ ကျွန်တော်လည်း ကျွန်တော်ကိုယ်တိုင်ရေး ကျွန်တော်ကိုယ်တိုင် ဆိုတဲ့ဟာကို ဒီသီချင်းထဲမှာ ထည့်ချင်တဲ့အခါကျတော့ ကြိုးစားနေပါတယ်၊ ကျွန်တော်တို့ ရေးတဲ့သီချင်းလေးတွေကို ပေါက်အောင်လို့တော့ ကြိုးစားနေပါတယ်၊ ကျွန်တော်က ရော့ခ်ကြိုက်တာပါ၊ အခွေထွက်တဲ့အခါကျရင်တော့ ရော့ခ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ချပြပေးဖို့တော့ ရှိပါတယ်” လို့ တေးသံရှင် ဇော်ကြီး က ပြောပါတယ်။

လတ်တလောကာလမှာ သူအခွေထုတ်နိုင်ဖို့ ကြိုးပမ်းနေဆဲကာလ ဖြစ်တာကြောင့် သီချင်းတွေနဲ့ ပတ်သက်ပြီး သူ့ကို ချစ်ခင်အားပေးသူတွေရဲ့ အရှေ့မှာ သူအမြဲရှိစေဖို့အတွက် ရေးစပ်ထားတဲ့သီချင်းတွေကိုလည်း လူမှုကွန်ရက်ပေါ်ကနေ တင်ပေးသွားဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
 

“ကျွန်တော်တို့ ပြိုင်ပွဲကလည်း ပြီးတာမကြာသေးဘူးဆိုတော့ သီချင်းပိုင်းနဲ့ ပတ်သက်လို့ အခွေအတွက်တော့ စဖို့တည်နေပါပြီ၊ ဒီကြားထဲ ကာလမှာ အခွေထုတ်ဖို့လုပ်နေစဉ် ကျွန်တော်ချစ်တဲ့ ပရိသတ်တွေ၊ ချစ်ခင်ရသူတွေ၊ မိသားစုတွေနဲ့ အဆက်အသွယ်မပြတ်အောင် အခွေတွေ၊ တေးသီချင်းလေးတွေကို တစ်ပုဒ်တစ်ပုဒ်စီ နေ့စဉ် အွန်လိုင်းကနေ တင်ပေးဖို့ စီစဉ်ထားပါတယ်” လို့လည်း သူက ပြောပါတယ်။

မြစ်ဝကျွန်းပေါ်သား တစ်ယောက်ဖြစ်တဲ့ တေးသံရှင် ဇော်ကြီး ဟာ အခုဆိုရင် သူငယ်ချင်းတွေနဲ့အတူ ရန်ကုန်မြို့မှာ တိုက်ခန်းငှားနေပြီး သီချင်းခွေအတွက်ကိုသာ အာရုံစိုက်စီစဉ်နေတာကြောင့် အချစ်ရေးအတွက် အချိန်မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

ဆက်လက်ပြီး သူက “အချစ်ရေးကိုပြောရင် လောလောဆယ်တော့ တစ်ယောက်တည်းပါပဲ၊ လိမ်တာမဟုတ်ပါဘူး၊ ဒါအမှန်တရားပါ” လို့လည်း ပြောပါတယ်။

သူက Myanmar Idol Season 3 မှာ Top 11 ပြိုင်ပွဲဝင်ထဲ ပါဝင်ခဲ့ပြီး ယင်းကနေ နှုတ်ထွက်ခဲ့ရပေမယ့် ပရိတ်ရဲ့ Vote ပေးသော မဲတွေနဲ့အတူ တစ်ကျော့ပြန်လည်ဝင်ရောက်ခွင့်ရခဲ့ကာ ဆုရခဲ့တဲ့အထိ အောင်မြင်မှုရခဲ့သူ တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ - ၂

( Zawgyi )

သီခ်င္းေခြထုတ္ႏိုင္ဖို႔ ႀကိဳးပမ္းေနတဲ့ Myanmar Idol ေတးသံရွင္ ေဇာ္ႀကီး

လြန္ခဲ့တဲ့ ၾသဂုတ္လထဲမွာ က်င္းပၿပီးစီးခဲ့တဲ့ Myanmar Idol Season 3 မွာ Top 11 ၿပိဳင္ပြဲ၀င္ထဲ ပါ၀င္ခဲ့ၿပီး လူသိမ်ားကာ ဆုရရွိခဲ့သူတစ္ဦးျဖစ္ေသာ ေတးသံရွင္ ေဇာ္ႀကီး ဟာ သူ႕ရဲ႕ ေတးသီခ်င္းေခြထုတ္ႏိုင္ဖို႔ ႀကိဳးပမ္းေနဆဲကာလ ျဖစ္တယ္လို႔ ေျပာပါတယ္။

“အေခြထုတ္ဖို႔က အစီအစဥ္ရွိတယ္၊ လုပ္္လည္းလုပ္္ေနၿပီ၊ ဘယ္ေတာ့ေလာက္ျဖစ္ႏိုင္မလဲဆိုတာေတာ့ အေခြကို အခုမွစတင္တာပါ၊ စၿပီးေတာ့ သီခ်င္းေလးေတြကို စုေဆာင္းေနတယ္၊ ကၽြန္ေတာ္လည္း ကၽြန္ေတာ္ကိုယ္တိုင္ေရး ကၽြန္ေတာ္ကိုယ္တိုင္ ဆိုတဲ့ဟာကို ဒီသီခ်င္းထဲမွာ ထည့္ခ်င္တဲ့အခါက်ေတာ့ ႀကိဳးစားေနပါတယ္၊ ကၽြန္ေတာ္တို႔ ေရးတဲ့သီခ်င္းေလးေတြကို ေပါက္ေအာင္လို႔ေတာ့ ႀကိဳးစားေနပါတယ္၊ ကၽြန္ေတာ္က ေရာ့ခ္ႀကိဳက္တာပါ၊ အေခြထြက္တဲ့အခါက်ရင္ေတာ့ ေရာ့ခ္ဆိုတဲ့ ေခါင္းစဥ္ေအာက္ကေန ခ်ျပေပးဖို႔ေတာ့ ရွိပါတယ္” လို႔ ေတးသံရွင္ ေဇာ္ႀကီး က ေျပာပါတယ္။

လတ္တေလာကာလမွာ သူအေခြထုတ္ႏိုင္ဖို႔ ႀကိဳးပမ္းေနဆဲကာလ ျဖစ္တာေၾကာင့္ သီခ်င္းေတြနဲ႔ ပတ္သက္ၿပီး သူ႕ကို ခ်စ္ခင္အားေပးသူေတြရဲ႕ အေရွ႕မွာ သူအၿမဲရွိေစဖို႔အတြက္ ေရးစပ္ထားတဲ့သီခ်င္းေတြကိုလည္း လူမႈကြန္ရက္ေပၚကေန တင္ေပးသြားဖို႔လည္း စီစဥ္ထားတယ္လို႔ သိရပါတယ္။
 

“ကၽြန္ေတာ္တို႔ ၿပိဳင္ပြဲကလည္း ၿပီးတာမၾကာေသးဘူးဆိုေတာ့ သီခ်င္းပိုင္းနဲ႔ ပတ္သက္လို႔ အေခြအတြက္္ေတာ့ စဖို႔တည္ေနပါၿပီ၊ ဒီၾကားထဲ ကာလမွာ အေခြထုတ္ဖို႔လုပ္ေနစဥ္ ကၽြန္ေတာ္ခ်စ္တဲ့ ပရိသတ္ေတြ၊ ခ်စ္ခင္ရသူေတြ၊ မိသားစုေတြနဲ႔ အဆက္အသြယ္မျပတ္ေအာင္ အေခြေတြ၊ ေတးသီခ်င္္းေလးေတြကို တစ္ပုဒ္တစ္ပုဒ္စီ ေန႔စဥ္ အြန္လိုင္းကေန တင္ေပးဖုိ႔ စီစဥ္ထားပါတယ္” လို႔လည္း သူက ေျပာပါတယ္။

ျမစ္၀ကၽြန္းေပၚသား တစ္ေယာက္ျဖစ္္တဲ့ ေတးသံရွင္ ေဇာ္ႀကီး ဟာ အခုဆိုရင္ သူငယ္ခ်င္္းေတြနဲ႔အတူ ရန္ကုန္ၿမိဳ႕မွာ တိုက္ခန္းငွားေနၿပီး သီခ်င္းေခြအတြက္ကိုသာ အာရံုစိုက္စီစဥ္ေနတာေၾကာင့္ အခ်စ္ေရးအတြက္ အခ်ိန္မေပးႏိုင္ေသးဘူးလို႔ ဆိုပါတယ္။

ဆက္လက္ၿပီး သူက “အခ်စ္ေရးကိုေျပာရင္ ေလာေလာဆယ္ေတာ့ တစ္ေယာက္တည္းပါပဲ၊ လိမ္တာမဟုတ္ပါဘူး၊ ဒါအမွန္တရားပါ” လို႔လည္း ေျပာပါတယ္။

သူက Myanmar Idol Season 3 မွာ Top 11 ၿပိဳင္ပြဲ၀င္ထဲ ပါ၀င္ခဲ့ၿပီး ယင္းကေန ႏႈတ္ထြက္ခဲ့ရေပမယ့္ ပရိတ္ရဲ႕ Vote ေပးေသာ မဲေတြနဲ႔အတူ တစ္ေက်ာ့ျပန္လည္၀င္ေရာက္ခြင့္ရခဲ့ကာ ဆုရခဲ့တဲ့အထိ ေအာင္ျမင္မႈရခဲ့သူ တစ္ဦးလည္း ျဖစ္ခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ - ၂