သရုပ်ဆောင်အလုပ်သာ လုပ်သွားတော့မယ်ဆိုတဲ့ ကျော်ထက်အောင်

သရုပ်ဆောင်အလုပ်သာ လုပ်သွားတော့မယ်ဆိုတဲ့ ကျော်ထက်အောင်

Myanmar Idol တေးသီချင်းဆိုပြိုင်ပွဲမှာ Host အဖြစ် တာဝန်ယူလုပ်ဆောင်ရင်း လူသိများလာခဲ့တဲ့ ကျော်ထက်အောင်ဟာ ဆက်လက်ပြီး သရုပ်ဆောင်အလုပ်ကိုလုပ်ရင်း ရပ်တည်ရှင်သန်သွားဖို့ရှိတယ်လို့ သိရပါတယ်။

“ကျွန်တော်က Management လည်း စိတ်ဝင်စားတယ်၊ သရုပ်ဆောင်လည်း စိတ်ဝင်စားတယ်ပေါ့၊ အခုလို အနုပညာလောကထဲ မရောက်ဖြစ်ရင်တောင် ကုမ္ပဏီတစ်ခုခုရဲ့ HR တို့ ဘာတို့လိုမျိုး Management Level မျိုးမှာ ရှိနေမယ်ထင်တယ်၊ အခုက ကိုယ်လုပ်ချင်တဲ့ အနုပညာအလုပ်ကိုလည်း ပီပီပြင်ပြင်လုပ်ခွင့်ရတယ်လေ” လို့ သူကပြောကြားပါတယ်။

အခုဆိုရင် သူဟာ ဇာတ်လမ်းတွဲတွေသာမကဘဲ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်ရိုက်ကူးလာရသူလည်း ဖြစ်ပါတယ်။သူဟာ အခုလို COVID 19 ကာလထဲမှာ ဝတ္ထုစာအုပ်လေးတွေကို အွန်လိုင်းပေါ်ကနေ ဖတ်ပြတာတွေ၊ သူ့ရဲ့ အနုပညာဖြတ်သန်းမှုတွေအကြောင်းကို Live လွှင့်ပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ရှင်းပြတာတွေ၊ တေးသီချင်းလေးတွေကို ဖန်တီးထုတ်လွှင့်ပေးတာတွေနဲ့ လုပ်ဆောင်နေလျက်ရှိသလို COVID ကာလ ကျော်လွန်ပါက ပြန်လည်လုပ်ဆောင်ကြမယ့် အနုပညာအလုပ်တွေအတွက်လည်း ပြင်ဆင်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

“အခုအချိန်မှာ Social Network ကို ပိုပြီးအသုံးများလာတယ်၊ ကျွန်တော်တို့ကိုယ်တိုင်လည်းပဲ ဒီလိုပဲ ပိုပြီးသုံးဖြစ်တယ်၊ Social Network က အသုံးဝင်သလို ထိန်းထိန်းသိမ်းသိမ်းနဲ့သုံးစွဲတတ်ဖို့ အရေးကြီးပါတယ်၊ ကိုယ့်ကိုချစ်တဲ့သူတွေရှိသလို လူကအမျိုးမျိုးရှိတော့ သိပ်အရေးကြီးပါတယ်၊ ကိုယ်ကလည်း အနုပညာအလုပ်ကို လုပ်နေတာဆိုတော့လည်း ဂရုစိုက်ရတာပေါ့” လို့ သူကဆက်ပြောပါတယ်။

COVID မတိုင်ခင်က ရိုက်ကူးဖို့ပြင်ဆင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားအတွက်လည်း ပြန်လည်ရိုက်ကူးခွင့်ရပါက အဆင်သင့်ဖြစ်စေဖို့ လိုအပ်တဲ့ကြိုတင်ပြင်ဆင်တာတွေလုပ်နေသလို ဆက်လက်ပြီးလည်း သရုပ်ဆောင်အလုပ်ကိုလုပ်ကိုင်ရင်း အနုပညာလမ်းကြောင်းမှာ နေရာတစ်ခုအဖြစ် ရပ်တည်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဇူလိုင် - ၈

( Zawgyi )

Myanmar Idol ေတးသီခ်င္းဆိုၿပိဳင္ပြဲမွာ Host အျဖစ္ တာဝန္ယူလုပ္ေဆာင္ရင္း လူသိမ်ားလာခဲ့တဲ့ ေက်ာ္ထက္ေအာင္ဟာ ဆက္လက္ၿပီး သ႐ုပ္ေဆာင္အလုပ္ကိုလုပ္ရင္း ရပ္တည္ရွင္သန္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။

“ကြၽန္ေတာ္က Management လည္း စိတ္ဝင္စားတယ္၊ သ႐ုပ္ေဆာင္လည္း စိတ္ဝင္စားတယ္ေပါ့၊ အခုလို အႏုပညာေလာကထဲ မေရာက္ျဖစ္ရင္ေတာင္ ကုမၸဏီတစ္ခုခုရဲ႕ HR တို႔ ဘာတို႔လိုမ်ိဳး Management Level မ်ိဳးမွာ ရွိေနမယ္ထင္တယ္၊ အခုက ကိုယ္လုပ္ခ်င္တဲ့ အႏုပညာအလုပ္ကိုလည္း ပီပီျပင္ျပင္လုပ္ခြင့္ရတယ္ေလ” လို႔ သူကေျပာၾကားပါတယ္။

အခုဆိုရင္ သူဟာ ဇာတ္လမ္းတြဲေတြသာမကဘဲ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြထဲမွာ ပါဝင္႐ိုက္ကူးလာရသူလည္း ျဖစ္ပါတယ္။သူဟာ အခုလို COVID 19 ကာလထဲမွာ ဝတၳဳစာအုပ္ေလးေတြကို အြန္လိုင္းေပၚကေန ဖတ္ျပတာေတြ၊ သူ႔ရဲ႕ အႏုပညာျဖတ္သန္းမႈေတြအေၾကာင္းကို Live လႊင့္ၿပီး ပရိသတ္ေတြနဲ႔ မိတ္ဆက္ရွင္းျပတာေတြ၊ ေတးသီခ်င္းေလးေတြကို ဖန္တီးထုတ္လႊင့္ေပးတာေတြနဲ႔ လုပ္ေဆာင္ေနလ်က္ရွိသလို COVID ကာလ ေက်ာ္လြန္ပါက ျပန္လည္လုပ္ေဆာင္ၾကမယ့္ အႏုပညာအလုပ္ေတြအတြက္လည္း ျပင္ဆင္တာေတြလုပ္ေနတယ္လို႔ သိရပါတယ္။

“အခုအခ်ိန္မွာ Social Network ကို ပိုၿပီးအသုံးမ်ားလာတယ္၊ ကြၽန္ေတာ္တို႔ကိုယ္တိုင္လည္းပဲ ဒီလိုပဲ ပိုၿပီးသုံးျဖစ္တယ္၊ Social Network က အသုံးဝင္သလို ထိန္းထိန္းသိမ္းသိမ္းနဲ႔သုံးစြဲတတ္ဖို႔ အေရးႀကီးပါတယ္၊ ကိုယ့္ကိုခ်စ္တဲ့သူေတြရွိသလို လူကအမ်ိဳးမ်ိဳးရွိေတာ့ သိပ္အေရးႀကီးပါတယ္၊ ကိုယ္ကလည္း အႏုပညာအလုပ္ကို လုပ္ေနတာဆိုေတာ့လည္း ဂ႐ုစိုက္ရတာေပါ့” လို႔ သူကဆက္ေျပာပါတယ္။

COVID မတိုင္ခင္က ႐ိုက္ကူးဖို႔ျပင္ဆင္ထားတဲ့ ႐ုပ္ရွင္ဇာတ္ကားအတြက္လည္း ျပန္လည္႐ိုက္ကူးခြင့္ရပါက အဆင္သင့္ျဖစ္ေစဖို႔ လိုအပ္တဲ့ႀကိဳတင္ျပင္ဆင္တာေတြလုပ္ေနသလို ဆက္လက္ၿပီးလည္း သ႐ုပ္ေဆာင္အလုပ္ကိုလုပ္ကိုင္ရင္း အႏုပညာလမ္းေၾကာင္းမွာ ေနရာတစ္ခုအျဖစ္ ရပ္တည္ႏိုင္ဖို႔ ႀကိဳးပမ္းေနတယ္လို႔ သိရပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဇူလိုင္ - ၈