သရုပ်ဆောင်/တေးသံရှင် မင်းသွေးဈာပနအခမ်းအနားကျင်းပကာ အရိုးပြာကိုဂူသွင်းခဲ့

သရုပ်ဆောင်/တေးသံရှင် မင်းသွေးဈာပနအခမ်းအနားကျင်းပကာ အရိုးပြာကိုဂူသွင်းခဲ့

သရုပ်ဆောင်/တေးသံရှင် မင်းသွေး ရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့(အောက်တိုဘာ ၇ရက်) မနက်အစောပိုင်းက မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုဿန်မှာ ပြုလုပ်ခဲ့ပြီး အရိုးပြာကို ဂူသွင်းခဲ့ကြပါတယ်။
အခုလို မနက်အစောပိုင်း ပြုလုပ်တာဟာ လူအရမ်းများပြားပြီး ပြည့်ကြပ်နေမှာစိုးတာကြောင့်လို့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် အနုပညာရှင်တွေဆီက သိရပါတယ်။

အဲ့ဒီလို မနက်ပိုင်းမှာ လုပ်ဆောင်ခဲ့ပေမယ့် လာရောက်သူတွေဟာ များပြားခဲ့ပြီး သူ့ရဲ့ အရိုးပြာမြှုပ်နှံထားရာ အုတ်ဂူနေရာမှာဆိုရင် နေ့လယ်ပိုင်း အချိန်လောက်အထိ လာရောက်ကြတဲ့ ပရိသတ်တွေနဲ့ တိုးလို့မပေါက်အောင် ဖြစ်နေတယ်လို့ သိရပါတယ်။


"ဒီနေ့မနက်ပိုင်း သဂြိုဟ်မယ်ကြားလို့ လာခဲ့တာ၊ မမီတော့ဘူး၊ မနက် ၆ နာရီလောက်ကတည်းက သဂြိုဟ်တာပါ၊ ကျွန်မတို့လိုပဲ ဈာပနမမီလိုက်တဲ့ သူတွေက အရိုးပြာ မြှုပ်ထားတဲ့ နေရာကိုပဲ သွားကြတယ်၊ အဲ့ဒီမှာလည်း လူအရမ်းများတာပါ၊ တိုးလို့တောင်မရဘူး"လို့ သရုပ်ဆောင် မင်းသွေးရဲ့ We love အဖွဲ့ဝင် တဝ်ဦးဖြစ်သူ ဒေါ်သဉ္ဇာက ပြောပါတယ်။


သရုပ်ဆောင်/တေးသံရှင် မင်းသွေးဟာ အကယ်ဒမီနေတိုး ရဲ့ ညီအရင်းဖြစ်ပြီး မောင်နှမ လေးဦးရှိတဲ့အနက် တတိယ မြောက်သား ဖြစ်သလို ဘောလုံးအားကစား ဝါသနာပါသူဖြစ်ကြောင်း၊ အောက်တိုဘာ ၃ ရက် ညပိုင်းက ဘောလုံးကစားရင်း အမောဖောက်ကာ ရုတ်တရက် သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ စင်ကာပူနိုင်ငံ သို့ သွားရောက်ခဲ့ရာမှ သေဆုံးမယ့်ညမှာပဲ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့ ဈာပနမှာတော့ လုပ်ဖော်ကိုင်ဖက် အနုပညာရှင်များစွာနဲ့ ပရိသတ်များစွာ ကလည်း လိုက်ပါပို့ဆောင်ခဲ့ကြပါတယ်။

မင်းခေတ်လင်း

ရန်ကုန်၊ အောက်တိုဘာ ၇

( Zawgyi )

သ႐ုပ္ေဆာင္/ေတးသံရွင္ မင္းေသြး ရဲ႕ စ်ာပနအခမ္းအနားကို ဒီကေန႔(ေအာက္တိုဘာ ၇ရက္) မနက္အေစာပိုင္းက ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေရေဝးသုႆန္မွာ ျပဳလုပ္ခဲ့ၿပီး အ႐ိုးျပာကို ဂူသြင္းခဲ့ၾကပါတယ္။

အခုလို မနက္အေစာပိုင္း ျပဳလုပ္တာဟာ လူအရမ္းမ်ားျပားၿပီး ျပည့္ၾကပ္ေနမွာစိုးတာေၾကာင့္လို႔ သူ႕ရဲ႕လုပ္ေဖာ္ကိုင္ဖက္ အႏုပညာရွင္ေတြဆီက သိရပါတယ္။ အဲ့ဒီလို မနက္ပိုင္းမွာ လုပ္ေဆာင္ခဲ့ေပမယ့္ လာေရာက္သူေတြဟာ မ်ားျပားခဲ့ၿပီး သူ႕ရဲ႕ အ႐ိုးျပာျမႇဳပ္ႏွံထားရာ အုတ္ဂူေနရာမွာဆိုရင္ ေန႔လယ္ပိုင္း အခ်ိန္ေလာက္အထိ လာေရာက္ၾကတဲ့ ပရိသတ္ေတြနဲ႔ တိုးလို႔မေပါက္ေအာင္ ျဖစ္ေနတယ္လို႔ သိရပါတယ္။

"ဒီေန႔မနက္ပိုင္း သၿဂိဳဟ္မယ္ၾကားလို႔ လာခဲ့တာ၊ မမီေတာ့ဘူး၊ မနက္ ၆ နာရီေလာက္ကတည္းက သၿဂိဳဟ္တာပါ၊ ကြၽန္မတို႔လိုပဲ စ်ာပနမမီလိုက္တဲ့ သူေတြက အ႐ိုးျပာ ျမႇဳပ္ထားတဲ့ ေနရာကိုပဲ သြားၾကတယ္၊ အဲ့ဒီမွာလည္း လူအရမ္းမ်ားတာပါ၊ တိုးလို႔ေတာင္မရဘူး"လို႔ သ႐ုပ္ေဆာင္ မင္းေသြးရဲ႕ We love အဖြဲ႕ဝင္ တ၀္ဦးျဖစ္သူ ေဒၚသၪၨာက ေျပာပါတယ္။

သ႐ုပ္ေဆာင္/ေတးသံရွင္ မင္းေသြးဟာ အကယ္ဒမီေနတိုး ရဲ႕ ညီအရင္းျဖစ္ၿပီး ေမာင္ႏွမ ေလးဦးရိွတဲ့အနက္ တတိယ ေျမာက္သား ျဖစ္သလို ေဘာလံုးအားကစား ဝါသနာပါသူျဖစ္ေၾကာင္း၊ ေအာက္တိုဘာ ၃ ရက္ ညပိုင္းက ေဘာလံုးကစားရင္း အေမာေဖာက္ကာ ႐ုတ္တရက္ ေသဆံုးသြားခဲ့တာ ျဖစ္ပါတယ္။ သူဟာ စင္ကာပူနိုင္ငံ သို႔ သြားေရာက္ခဲ့ရာမွ ေသဆံုးမယ့္ညမွာပဲ ျမန္မာႏိုင္ငံကို ျပန္ေရာက္လာခဲ့တာ ျဖစ္ပါတယ္။ သူ႕ရဲ႕ ဈာပနမွာေတာ့ လုပ္ေဖာ္ကိုင္ဖက္ အႏုပညာရွင္မ်ားစြာနဲ႔ ပရိသတ္မ်ားစြာ ကလည္း လိုက္ပါပို႔ေဆာင္ခဲ့ၾကပါတယ္။

မင္းေခတ္လင္း

ရန္ကုန္၊ ေအာက္တိုဘာ ၇