လူယောင်ဆောင်လာသည့် အလိုအလျောက် ဘော့များကို ကယ်လီဖိုးနီးယား ပိတ်ပင်ပြီ

လူယောင်ဆောင်လာသည့် အလိုအလျောက် ဘော့များကို ကယ်လီဖိုးနီးယား ပိတ်ပင်ပြီ

သုံးစွဲသူတွေ ထုတ်ကုန်နဲ့ သဘောတရားတွေကို ကြော်ငြာဝါဒဖြန့်တဲ့ အလိုအလျောက်မက်ဆေ့တွေရဲ့ သားကောင်ဘဝကို မကျရောက်ရအောင် ကယ်လီဖိုးနီးယားပြည်နယ်က လူယောင်ဆောင်တဲ့ ဘော့ (Bots) တွေကို ပိတ်ပင်တားမြစ်လိုက်ပြီပဲ ဖြစ်ပါတယ်။

ဘော့ဆိုတာကတော့ ကွန်ရက်ပေါ်မှာ သုံးစွဲသူတွေနဲ့ တုံ့လှယ်ဆက်ဆံနိုင်တဲ့ အလိုအလျောက် ပရိုဂရမ်တွေကို ခေါ်တာပါ။

ပူပူနွေးနွေး လက်မှတ်ထိုးလိုက်တဲ့ ဥပေဒတစ်ရပ်အရ ဘော့တွေဟာ သူတို့ရဲ့ သဘာဝကို ပွင့်ပွင့်လင်းလင်း ပြောပြဖို့ လိုအပ်မှာဖြစ်ပြီး သုံးစွဲသူတွေကလည်း သူတို့ဟာ လူတစ်ယောက်နဲ့မဟုတ်ဘဲ စက်နဲ့ စကားပြောနေတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိစေရမှာဖြစ်တယ်လို့ ဆိုပါတယ်။ဥပမာ ငါဟာ ဘော့တစ်ခုပဲဖြစ်တယ် ဆိုတာမျိုး ရိုးရိုးရှင်းရှင်း ပြောပြထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီဥပဒေကို ဧပြီလက အဆိုပြုတင်သွင်းခဲ့တာဖြစ်ပြီး ရည်ရွယ်ချက်ကတော့ ကြိုးကိုင်ခြယ်လှယ်တာကို တားဆီးဖို့ရယ်နဲ့ ဆိုရှယ်မီဒီယာမှာ သတင်းအတုတွေ ပျံ့နှံ့နေတာကို တားဆီးဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်လောက်မှာ ဘော့တွေဟာ အွန်လိုင်းမှာ တွင်ကျယ်လာကြတာကြောင့် လူတွေအဖို့ တကယ့်သွေးနဲ့သားနဲ့ လူတွေနဲ့ စကားပြောနေစရာမလိုတော့ဘဲ သက်ရှိပုံစံ ဘော့တွေဆီက  သတင်းအချက်အလက်တွေ တိုက်ရိုက်ရယူလာနိုင်ကြပါတယ်။

ဒီဥပဒေကို ပြည်နယ် ဒီမိုကရတ် ဆီးနိတ်အမတ် ဘော့ ဟာ့ဇ်ဘာ့ က အဆိုပြုခဲ့တာဖြစ်ပြီး ဒီဥပဒေအရ ကုမ္ပဏီတွေဟာ သုံးစွဲသူတွေကို ဘော့တွေကို သတင်းပို့စေတာဟာ စည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်မှာပဲ ဖြစ်ပါတယ်။  

ဒီဥပဒေအရ ကယ်လီဖိုးနီးယားရဲ့ အွန်လိုင်းကမ္ဘာမှာ လူတစ်ယောက်ဟာ အခြားလူတစ်ယောက်ကို အရာင်းအဝယ်ကိစ္စမှာ ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေကို ရောင်းချချင်လို့ပဲဖြစ်ဖြစ်၊ ရွေးကောက်ပွဲမှာ ဆန္ဒမဲကို ခြယ်လှယ်ချင်လို့ပဲဖြစ်ဖြစ် တမင်္ဂလာ လှည့်ဖျားလိုတဲ့ ရည်ရွယ်ချက်နဲ့ ဥပဓိအတုကို အထင်အမြင်လွဲသွားအောင် တုံ့လှယ်ဆက်ဆံရာမှာ ဘော့ကို အသုံးပြုတာဟာ တရားမဝင်ဘူးလို့ ပြဌာန်းထားပါတယ်။

ကိုယ်တိုင် ဘာဆိုတာ ဖွင့်ပြရမယ်ဆိုတာနဲ့ ပတ်သက်လို့တော့ ဒီဥပဒေအရ ဘော့တွေဟာ သူတို့ဟာ ဘာဖြစ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်းပြောပြရမှာပဲ ဖြစ်ပါတယ်။

ဒီဥပဒေကို စက်တင်ဘာ ၂၈ ရက်နေ့မှာ အတည်ပြုမှာဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှာ စတင်အသက်ဝင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Bot Tech
Ref : Slash Gear
အောက်တိုဘာ - ၃

( Zawgyi )

သုံးစြဲသူေတြ ထုတ္ကုန္နဲ႔ သေဘာတရားေတြကို ေၾကာ္ျငာဝါဒျဖန႔္တဲ့ အလိုအေလ်ာက္မက္ေဆ့ေတြရဲ႕ သားေကာင္ဘဝကို မက်ေရာက္ရေအာင္ ကယ္လီဖိုးနီးယားျပည္နယ္က လူေယာင္ေဆာင္တဲ့ ေဘာ့ (Bots) ေတြကို ပိတ္ပင္တားျမစ္လိုက္ၿပီပဲ ျဖစ္ပါတယ္။

ေဘာ့ဆိုတာကေတာ့ ကြန္ရက္ေပၚမွာ သုံးစြဲသူေတြနဲ႔ တုံ႔လွယ္ဆက္ဆံႏိုင္တဲ့ အလိုအေလ်ာက္ ပ႐ိုဂရမ္ေတြကို ေခၚတာပါ။

ပူပူေႏြးေႏြး လက္မွတ္ထိုးလိုက္တဲ့ ဥေပဒတစ္ရပ္အရ ေဘာ့ေတြဟာ သူတို႔ရဲ႕ သဘာဝကို ပြင့္ပြင့္လင္းလင္း ေျပာျပဖို႔ လိုအပ္မွာျဖစ္ၿပီး သုံးစြဲသူေတြကလည္း သူတို႔ဟာ လူတစ္ေယာက္နဲ႔မဟုတ္ဘဲ စက္နဲ႔ စကားေျပာေနတယ္ဆိုတာကို ရွင္းရွင္းလင္းလင္း သိေစရမွာျဖစ္တယ္လို႔ ဆိုပါတယ္။ဥပမာ ငါဟာ ေဘာ့တစ္ခုပဲျဖစ္တယ္ ဆိုတာမ်ိဳး ႐ိုး႐ိုးရွင္းရွင္း ေျပာျပထားရမွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

ဒီဥပေဒကို ဧၿပီလက အဆိုျပဳတင္သြင္းခဲ့တာျဖစ္ၿပီး ရည္႐ြယ္ခ်က္ကေတာ့ ႀကိဳးကိုင္ျခယ္လွယ္တာကို တားဆီးဖို႔ရယ္နဲ႔ ဆိုရွယ္မီဒီယာမွာ သတင္းအတုေတြ ပ်ံ႕ႏွံ႔ေနတာကို တားဆီးဖို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ႏွစ္ေလာက္မွာ ေဘာ့ေတြဟာ အြန္လိုင္းမွာ တြင္က်ယ္လာၾကတာေၾကာင့္ လူေတြအဖို႔ တကယ့္ေသြးနဲ႔သားနဲ႔ လူေတြနဲ႔ စကားေျပာေနစရာမလိုေတာ့ဘဲ သက္ရွိပုံစံ ေဘာ့ေတြဆီက  သတင္းအခ်က္အလက္ေတြ တိုက္႐ိုက္ရယူလာႏိုင္ၾကပါတယ္။

ဒီဥပေဒကို ျပည္နယ္ ဒီမိုကရတ္ ဆီးနိတ္အမတ္ ေဘာ့ ဟာ့ဇ္ဘာ့ က အဆိုျပဳခဲ့တာျဖစ္ၿပီး ဒီဥပေဒအရ ကုမၸဏီေတြဟာ သုံးစြဲသူေတြကို ေဘာ့ေတြကို သတင္းပို႔ေစတာဟာ စည္းမ်ဥ္းေတြကို ခ်ိဳးေဖာက္ရာေရာက္မွာပဲ ျဖစ္ပါတယ္။  

ဒီဥပေဒအရ ကယ္လီဖိုးနီးယားရဲ႕ အြန္လိုင္းကမာၻမွာ လူတစ္ေယာက္ဟာ အျခားလူတစ္ေယာက္ကို အရာင္းအဝယ္ကိစၥမွာ ကုန္ပစၥည္းေတြ၊ ဝန္ေဆာင္မႈေတြကို ေရာင္းခ်ခ်င္လို႔ပဲျဖစ္ျဖစ္၊ ေ႐ြးေကာက္ပြဲမွာ ဆႏၵမဲကို ျခယ္လွယ္ခ်င္လို႔ပဲျဖစ္ျဖစ္ တမဂၤလာ လွည့္ဖ်ားလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ဥပဓိအတုကို အထင္အျမင္လြဲသြားေအာင္ တုံ႔လွယ္ဆက္ဆံရာမွာ ေဘာ့ကို အသုံးျပဳတာဟာ တရားမဝင္ဘူးလို႔ ျပဌာန္းထားပါတယ္။

ကိုယ္တိုင္ ဘာဆိုတာ ဖြင့္ျပရမယ္ဆိုတာနဲ႔ ပတ္သက္လို႔ေတာ့ ဒီဥပေဒအရ ေဘာ့ေတြဟာ သူတို႔ဟာ ဘာျဖစ္တယ္ဆိုတာကို ပြင့္ပြင့္လင္းလင္းေျပာျပရမွာပဲ ျဖစ္ပါတယ္။

ဒီဥပေဒကို စက္တင္ဘာ ၂၈ ရက္ေန႔မွာ အတည္ျပဳမွာျဖစ္ၿပီး ၂၀၁၉ ခုႏွစ္ ဇူလိုင္လ ၁ ရက္ေန႔မွာ စတင္အသက္ဝင္မွာ ျဖစ္တယ္လို႔ ဆိုပါတယ္။

Bot Tech
Ref : Slash Gear
ေအာက္တိုဘာ - ၃