လက်ခံထားတဲ့ အလုပ်ကလေးတွေအတွက် အကောင်းဆုံးပြင်ဆင်နေတဲ့ သရုပ်ဆောင် ရွှေသမီး

လက်ခံထားတဲ့ အလုပ်ကလေးတွေအတွက် အကောင်းဆုံးပြင်ဆင်နေတဲ့ သရုပ်ဆောင် ရွှေသမီး

လတ်တလောမှာ သူမအနေနဲ့ လက်ခံထားတဲ့အလုပ်ကလေးတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ပြင်ဆင်မှုတွေ နဲ့လုပ်ဆောင်နေတယ်လို့ သရုပ်ဆောင် ရွှေသမီးက ပြောပါတယ်။“ကိုယ်လက်ခံထားတာလေးလည်းနည်းနည်းပါးပါးရှိနေတော့ ဘယ်လို မျိုးအကောင်း ဆုံးဖြစ်အောင်လုပ်မလဲ၊ ဘယ်လိုမျိုးကျော်ဖြတ်မလဲ ပြင်ဆင်ထားရပါတယ်၊ ဒီလက Holiday တွေလည်း များတော့ အလုပ်လေးတွေ ခဏနားထားတယ်၊ ရှေ့လထဲမှာ ပြန်လုပ်မယ်၊ အနုပညာလှုပ်ရှားမှုအနေနဲ့ လတ်တလောက “သခင်ကြီးနဲ့ ငါးပိတို့စရာ” ရုပ်ရှင်ဇာတ်ကားက ရုံတင်တော့မယ်၊ အဲ့ဒီအထဲမှာ သရုပ်ဆောင်ထားတယ်၊ ခရီးလည်း ထွက်ဖို့ပြင်ဆင်နေတာ ရှိပါတယ်၊ နောက်လလောက်တော့ ထွက်ဖြစ်မယ်လို့ မှန်းထားတယ်၊ ပြည်တွင်းရော ပြည်ပရော သွားချင်တယ်၊ ဒါပေမဲ့ ပြည်တွင်းမှာ အရမ်းလှတဲ့နေရာတွေ ရှိတော့ ပိုပြီးသွားချင်တယ်၊ အဲ့ဒီလို သဘာဝ အလှအပတွေကို ကိုယ်တိုင်လည်း ကြိုက်ပါတယ်”လို့ သရုပ်ဆောင် ရွှေသမီးက ရှင်းပြပါတယ်။

သူမဟာ ပျော်ပျော်နေတတ်သူတစ်ဦးလည်းဖြစ်သလို ဖက်ရှင်ပိုင်းနဲ့ပတ်သက်လို့ ရိုးရိုးလေးပြင်ဆင်ရတာကို ပိုသဘောကျတယ်လို့ ဆိုပါတယ်။ “သူများက စိတ်ညစ်ရင် အအိပ်ပျက်အစားပျက်ဖြစ်ပေမယ့် ကိုယ်က စိတ်ညစ်ရင် အစားများများစားဖြစ်တယ်၊ စိတ်ညစ်တာကို မတွေးချင်လို့ အစားစားဖြစ်တယ်၊ အဲဒါနဲ့ ပတ်သက်ပြီး ဖေ့ဘွတ်မှာတောင်မှ အစားအသောက်က နင့်ကိုမပစ်ဘူးဆိုတဲ့ စကားမျိုးနဲ့ ဆိုင်တဲ့ စာသားလေး တင်ခဲ့ဖူးသေးတယ်၊ ဘဝမှာ ကံကောင်းဖို့ အစားအသောက်လည်းရှိရမယ်၊ အချစ်လည်းရှိရမယ်ပေါ့၊ ဒါဆိုရင်တော့ ကံကောင်းတယ်၊ ဘဝမှာ ပြည့်စုံတယ်ပေါ့၊ အခုထိတော့ မရင့်ကျက်သေးပါဘူနော်၊ ရင့်ကျက်ချင် သယောင်ဆောင်ပြီးတော့ အင်တာဗျူးတွေပြောရတာပေါ့၊ ပျော်ပျော် ပဲနေတယ်၊ စိတ်ညစ်စရာတွေထားပြီး သိပ်မတွေးဘူး၊ စိတ်ညစ်စရာရှိရင်လည်း သိပ်အကြာကြီးမထားဘူး၊ ဘယ်အချိန်ပဲဖြစ်ဖြစ် ကိုယ်ရောက်နေ တဲ့ နေရာမှာ ကျေနပ်မှုရှိအောင် ကြိုးစားရတယ်၊ အခုအခြေအနေကိုလည်း ကျေနပ်တယ်၊ ဒီထက်ကြိုးစားစရာတွေ အများကြီးရှိပါသေးတယ်”လို့ ရှင်းပြပါတယ်။

လက်ခံထားတဲ့ အနုပညာအလုပ်တွေအတွက် ပြင်ဆင်နေတဲ့အပြင် သူမဟာ မိန်းကလေးတစ်ယောက် ဖြစ်တာကြောင့်လည်း အလှအပကို ခုံမင်ပြီး ဆန်းဆန်းပြားပြားဖက်ရှင်တွေကို နှစ်သက်မှုမရှိကြောင်း၊ ဖက်ရှင်ဒီဇိုင်းအပြင်အဆင်တွေကို ရိုးရိုးလေးအဖြစ်သာ ပရိသတ်ကမြင်စေ ချင်ကြောင်း၊ ကိုယ်တိုင်လည်း ရိုးရိုးလေးနေထိုင်ဝတ်ဆင် ရတာကို သဘောကျသူဖြစ်ပြီး ရိုးရိုးလေးပြင်ဆင်တာတွေကလည်း လှပကာ အမြင်တင့်စေတယ်လို့ ဆိုပါတယ်။

  မင်းခေတ်လင်း
ရန်ကုန်၊ အောက်တိုဘာ ၂၁ 

(  Zawgyi  )

 လတ္တေလာမွာ သူမအေနနဲ႔ လက္ခံထားတဲ့အလုပ္ကေလးေတြကို အေကာင္းဆုံးျဖစ္ေအာင္လုပ္ေဆာင္ႏိုင္ဖို႔ လိုအပ္တဲ့ျပင္ဆင္မႈေတြ နဲ႔လုပ္ေဆာင္ေနတယ္လို႔ သ႐ုပ္ေဆာင္ ေ႐ႊသမီးက ေျပာပါတယ္။“ကိုယ္လက္ခံထားတာေလးလည္းနည္းနည္းပါးပါးရွိေနေတာ့ ဘယ္လို မ်ိဳးအေကာင္း ဆုံးျဖစ္ေအာင္လုပ္မလဲ၊ ဘယ္လိုမ်ိဳးေက်ာ္ျဖတ္မလဲ ျပင္ဆင္ထားရပါတယ္၊ ဒီလက Holiday ေတြလည္း မ်ားေတာ့ အလုပ္ေလးေတြ ခဏနားထားတယ္၊ ေရွ႕လထဲမွာ ျပန္လုပ္မယ္၊ အႏုပညာလႈပ္ရွားမႈအေနနဲ႔ လတ္တေလာက “သခင္ႀကီးနဲ႔ ငါးပိတို႔စရာ” ႐ုပ္ရွင္ဇာတ္ကားက ႐ုံတင္ေတာ့မယ္၊ အဲ့ဒီအထဲမွာ သ႐ုပ္ေဆာင္ထားတယ္၊ ခရီးလည္း ထြက္ဖို႔ျပင္ဆင္ေနတာ ရွိပါတယ္၊ ေနာက္လေလာက္ေတာ့ ထြက္ျဖစ္မယ္လို႔ မွန္းထားတယ္၊ ျပည္တြင္းေရာ ျပည္ပေရာ သြားခ်င္တယ္၊ ဒါေပမဲ့ ျပည္တြင္းမွာ အရမ္းလွတဲ့ေနရာေတြ ရွိေတာ့ ပိုၿပီးသြားခ်င္တယ္၊ အဲ့ဒီလို သဘာဝ အလွအပေတြကို ကိုယ္တိုင္လည္း ႀကိဳက္ပါတယ္”လို႔ သ႐ုပ္ေဆာင္ ေ႐ႊသမီးက ရွင္းျပပါတယ္။

သူမဟာ ေပ်ာ္ေပ်ာ္ေနတတ္သူတစ္ဦးလည္းျဖစ္သလို ဖက္ရွင္ပိုင္းနဲ႔ပတ္သက္လို႔ ႐ိုး႐ိုးေလးျပင္ဆင္ရတာကို ပိုသေဘာက်တယ္လို႔ ဆိုပါတယ္။ “သူမ်ားက စိတ္ညစ္ရင္ အအိပ္ပ်က္အစားပ်က္ျဖစ္ေပမယ့္ ကိုယ္က စိတ္ညစ္ရင္ အစားမ်ားမ်ားစားျဖစ္တယ္၊ စိတ္ညစ္တာကို မေတြးခ်င္လို႔ အစားစားျဖစ္တယ္၊ အဲဒါနဲ႔ ပတ္သက္ၿပီး ေဖ့ဘြတ္မွာေတာင္မွ အစားအေသာက္က နင့္ကိုမပစ္ဘူးဆိုတဲ့ စကားမ်ိဳးနဲ႔ ဆိုင္တဲ့ စာသားေလး တင္ခဲ့ဖူးေသးတယ္၊ ဘဝမွာ ကံေကာင္းဖို႔ အစားအေသာက္လည္းရွိရမယ္၊ အခ်စ္လည္းရွိရမယ္ေပါ့၊ ဒါဆိုရင္ေတာ့ ကံေကာင္းတယ္၊ ဘဝမွာ ျပည့္စုံတယ္ေပါ့၊ အခုထိေတာ့ မရင့္က်က္ေသးပါဘူေနာ္၊ ရင့္က်က္ခ်င္ သေယာင္ေဆာင္ၿပီးေတာ့ အင္တာဗ်ဴးေတြေျပာရတာေပါ့၊ ေပ်ာ္ေပ်ာ္ ပဲေနတယ္၊ စိတ္ညစ္စရာေတြထားၿပီး သိပ္မေတြးဘူး၊ စိတ္ညစ္စရာရွိရင္လည္း သိပ္အၾကာႀကီးမထားဘူး၊ ဘယ္အခ်ိန္ပဲျဖစ္ျဖစ္ ကိုယ္ေရာက္ေန တဲ့ ေနရာမွာ ေက်နပ္မႈရွိေအာင္ ႀကိဳးစားရတယ္၊ အခုအေျခအေနကိုလည္း ေက်နပ္တယ္၊ ဒီထက္ႀကိဳးစားစရာေတြ အမ်ားႀကီးရွိပါေသးတယ္”လို႔ ရွင္းျပပါတယ္။

လက္ခံထားတဲ့ အႏုပညာအလုပ္ေတြအတြက္ ျပင္ဆင္ေနတဲ့အျပင္ သူမဟာ မိန္းကေလးတစ္ေယာက္ ျဖစ္တာေၾကာင့္လည္း အလွအပကို ခုံမင္ၿပီး ဆန္းဆန္းျပားျပားဖက္ရွင္ေတြကို ႏွစ္သက္မႈမရွိေၾကာင္း၊ ဖက္ရွင္ဒီဇိုင္းအျပင္အဆင္ေတြကို ႐ိုး႐ိုးေလးအျဖစ္သာ ပရိသတ္ကျမင္ေစ ခ်င္ေၾကာင္း၊ ကိုယ္တိုင္လည္း ႐ိုး႐ိုးေလးေနထိုင္ဝတ္ဆင္ ရတာကို သေဘာက်သူျဖစ္ၿပီး ႐ိုး႐ိုးေလးျပင္ဆင္တာေတြကလည္း လွပကာ အျမင္တင့္ေစတယ္လို႔ ဆိုပါတယ္။

  မင္းေခတ္လင္း
ရန္ကုန္၊ ေအာက္တိုဘာ ၂၁