ရွှေကြိုအဖြစ် ရွေးမခံရပေမယ့် အနုပညာအလုပ်တွေ ကြိုးစားလုပ်မယ့် ရွှေစင်ဝင်းကို

ရွှေကြိုအဖြစ် ရွေးမခံရပေမယ့် အနုပညာအလုပ်တွေ ကြိုးစားလုပ်မယ့် ရွှေစင်ဝင်းကို

ရွှေကြိုအဖြစ် ရွေးချယ်မခံရသော်လည်း အနုပညာအလုပ်တွေကို ကြိုးစားပမ်းစားနဲ့ လုပ်ဆောင် သွားဖို့ ပြင်ဆင်နေတဲ့ သရုပ်ဆောင် ဟိန်းဝေယံရဲ့ ညီမဖြစ်သူ ရွှေစင်ဝင်းကို က ပြောပါတယ်။သူမဟာ မကြာခင်ကျင်းပမယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု (အကယ်ဒမီပွဲ)အတွက် ရွှေကြိုတွေကို ရွေးချယ်ရာမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး ယခုနှစ်မှာ အနုပညာအသိုက်အဝန်းကသာမကဘဲ ပြင်ပမှ သူများကိုလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ပြုကာ ရွေးချယ်လျက်ရှိသလို ဝင်ရောက်ယှဉ်ပြိုင်သူ ၉၅၁ ဦးအနက် ပဏာမဆန်ခါတင် ၈၀ ကို ရွေးချယ်ရာမှာ ရွေးချယ်ခံရတာမျိုးမရှိခဲ့ဘူးလို့ သိရပါတယ်။

 “သွားလျှောက်မယ်လို့ အစ်ကိုယ့်ကို ပြောတော့ အစ်ကိုက အစတုန်းက တကယ်ကြီးလားလို့ အံ့သြတယ်၊ နောက်တော့ သူကတော့ ပြောပါတယ်၊ ပါရင်လည်း သိပ်မပျော်နဲ့ မပါရင်လည်း စိတ်မညစ်နဲ့တဲ့၊ လူသစ်ပဲရွေးမယ်ဆိုတာ ကြိုမသိခဲ့ ဘူးလေ၊ အိမ်နဲ့လည်း မတိုင်ပင်ဖြစ်ခဲ့ဘူး၊ ကိုယ်မပါဘူးဆိုတော့ ဒီလိုပဲ ညီမလေးရယ် ဖြစ်တတ်ပါတယ်တဲ့၊ ကံဆိုတာကလည်း အမြဲတမ်း ကြီးပဲ မကောင်းနိုင်ဘူးပေါ့၊ မပါတော့လည်း ကံတရားပဲပေါ့နော်၊ လုပ်ချင်တာ တစ်ခုကို လုပ်ခဲ့ရ တာကြောင့်လည်း ပြန်တွေးပြီးတော့ နောင်တရတာမျိုး မရှိပါဘူး၊ စိတ်ဓာတ်ကျနေရင် ကြာလာ ရင် မလှပဲနေမယ်လေ၊ အဲ့ဒါကြောင့်လည်း စိတ်ဓာတ်ကျတာမျိုးမရှိဘူး၊ အခုကျတော့ အရင်က ထက် စာရင် ညီမကို နည်းနည်းလေး လူပိုသိသွားတာပေါ့နော်”လို့ ၎င်းက ရှင်းပြပါတယ်။
 
သူမဟာ အစ်ကိုဖြစ်သူ သရုပ်ဆောင် ဟိန်းဝေယံနဲ့အတူ အနုပညာပွဲတွေကို တက်တာမျိုး တွေရှိ ပြီး အနုပညာ အလုပ်တွေကို အရင်ကလုပ်ခဲ့ပေမယ့် လတ်တလောမှာ မလုပ်ဖြစ်တာ အနည်းငယ် ကြာမြင့်နေကြောင်း၊ ယခုလို ရွှေကြိုဝင်ပြိုင်ရင်း အနုပညာ အလုပ်ကို တစ်စိုက်မတ်မတ် လုပ် သွား ဖို့ စီစဉ်ထားတာတွေလည်းရှိကြောင်း၊ အနုပညာအလုပ်ကို ဝါသနာပါသူဖြစ်တာကြောင့် ကြိုးစားပြီးလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။ “အနုပညာကို ငယ်ငယ်ကတည်းက ဝါသနာပါ တယ်၊ ငယ်ငယ်ကဆိုရင် က တာမျိုး၊ သီချင်းဆိုတာမျိုး လုပ်ခဲ့တယ်၊ ကြီးလာတဲ့ အခါမှာ အစ်ကိုက မင်းသားဖြစ်သွားတော့ အနုပညာကို ပိုပြီးတော့ လုပ်ဖို့ အခွင့်အလမ်း လည်းသာ သွားပါတယ်၊ ဒီလမ်းကြောင်းပေါ်မှာ အစ်ကိုရှိတယ်၊ အဲ့ဒီအတွက် တစ်ထောင့်တစ်နေရာကနေ ရောက်အောင်လုပ်မယ်လို့ ဆုံးဖြတ်ဖြစ်ခဲ့ပါတယ်၊ အဖေနဲ့အမေက Production အပိုင်း လုပ်နေတာဆိုတော့ ဒီအလုပ်က ဘယ်လောက် အထိ ပင်ပန်းသလဲဆိုတာ သိကြပါတယ်၊ အဲ့ဒါကြောင့် သိပ်တော့မလုပ်စေချင်ဘူး၊ ညီမက အရမ်းဝါသနာ ပါတာကြောင့်လည်း စကား တော်တော်လေး ပြောယူပြီးမှ အနုပညာ လုပ်ခွင့်ရခဲ့ပါတယ်”လို့ ရွှေစင်ဝင်းကိုက ရှင်းပြပါတယ်။

သူမဟာ လတ်တလောမှာ သရုပ်ဆောင်ပိုင်းကို ပီပီပြင်ပြင်ဖြစ်အောင် ပြင်ဆင်လေ့ကျင့်နေသလို သူမရဲ့ အနုပညာလှုပ်ရှားမှုတွေအတွက် ပရိသတ်တွေက စောင့်ကြည့်ပြီး အားပေးကြဖို့ လိုလား ကြောင်း၊ သူမရဲ့ အစ်ကိုဖြစ်သူကိုလည်း အားပေးဝန်းရံကာ သူမကိုလည်း အားပေးဖို့ ပြောကြား ခဲ့ ပါတယ်။ ဒါ့အပြင် သူမဟာ ဘာသာတရား ကိုင်းရှိုင်းသူတစ်ဦးလည်း ဖြစ်သလို အပတ်စဉ် အင်္ဂါနေ့တိုင်း ရွှေတိဂုံစေတီတော်သို့ သွားရောက် ဖူးမြော်လေ့ရှိတယ်လို့လည်း သိရပါတယ်။

“ဘုရားသွားဖြစ်တာက ညီမက အင်္ဂါသမီးဆိုတော့ အင်္ဂါနေ့တိုင်းလိုလို ဘုရားကို ရောက်ဖြစ် တယ်၊ ညပိုင်းရောက်ဖြစ်တာများတယ်၊ တစ်ခါတလေတော့ မနက်ပိုင်းလာဖြစ်တယ်၊ အစ်ကိုယ့် ကို လည်း အားပေးပါ၊ ညီမကိုလည်း အားပေးပါနော်၊ နောက်ထပ် ဘယ်လိုမျိုး အနုပညာ လှုပ်ရှား မှုတွေ ချပြမလဲဆိုတာ ပရိသတ်တွေအနေနဲ့ စောင့်ကြည့်ပေးကြပါဦးလို့ ပြောချင်ပါ တယ်”လို့လည်း သူမက ပြောကြားသွားခဲ့ပါတယ်။

မင်းခေတ်လင်း

(  Zawgyi  )

 ေ႐ႊႀကိဳအျဖစ္ ေ႐ြးခ်ယ္မခံရေသာ္လည္း အႏုပညာအလုပ္ေတြကို ႀကိဳးစားပမ္းစားနဲ႔ လုပ္ေဆာင္ သြားဖို႔ ျပင္ဆင္ေနတဲ့ သ႐ုပ္ေဆာင္ ဟိန္းေဝယံရဲ႕ ညီမျဖစ္သူ ေ႐ႊစင္ဝင္းကို က ေျပာပါတယ္။သူမဟာ မၾကာခင္က်င္းပမယ့္ ျမန္မာ့႐ုပ္ရွင္ထူးခြၽန္ဆု (အကယ္ဒမီပြဲ)အတြက္ ေ႐ႊႀကိဳေတြကို ေ႐ြးခ်ယ္ရာမွာ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သူျဖစ္ၿပီး ယခုႏွစ္မွာ အႏုပညာအသိုက္အဝန္းကသာမကဘဲ ျပင္ပမွ သူမ်ားကိုလည္း ပါဝင္ယွဥ္ၿပိဳင္ခြင့္ျပဳကာ ေ႐ြးခ်ယ္လ်က္ရွိသလို ဝင္ေရာက္ယွဥ္ၿပိဳင္သူ ၉၅၁ ဦးအနက္ ပဏာမဆန္ခါတင္ ၈၀ ကို ေ႐ြးခ်ယ္ရာမွာ ေ႐ြးခ်ယ္ခံရတာမ်ိဳးမရွိခဲ့ဘူးလို႔ သိရပါတယ္။

 “သြားေလွ်ာက္မယ္လို႔ အစ္ကိုယ့္ကို ေျပာေတာ့ အစ္ကိုက အစတုန္းက တကယ္ႀကီးလားလို႔ အံ့ၾသတယ္၊ ေနာက္ေတာ့ သူကေတာ့ ေျပာပါတယ္၊ ပါရင္လည္း သိပ္မေပ်ာ္နဲ႔ မပါရင္လည္း စိတ္မညစ္နဲ႔တဲ့၊ လူသစ္ပဲေ႐ြးမယ္ဆိုတာ ႀကိဳမသိခဲ့ ဘူးေလ၊ အိမ္နဲ႔လည္း မတိုင္ပင္ျဖစ္ခဲ့ဘူး၊ ကိုယ္မပါဘူးဆိုေတာ့ ဒီလိုပဲ ညီမေလးရယ္ ျဖစ္တတ္ပါတယ္တဲ့၊ ကံဆိုတာကလည္း အၿမဲတမ္း ႀကီးပဲ မေကာင္းႏိုင္ဘူးေပါ့၊ မပါေတာ့လည္း ကံတရားပဲေပါ့ေနာ္၊ လုပ္ခ်င္တာ တစ္ခုကို လုပ္ခဲ့ရ တာေၾကာင့္လည္း ျပန္ေတြးၿပီးေတာ့ ေနာင္တရတာမ်ိဳး မရွိပါဘူး၊ စိတ္ဓာတ္က်ေနရင္ ၾကာလာ ရင္ မလွပဲေနမယ္ေလ၊ အဲ့ဒါေၾကာင့္လည္း စိတ္ဓာတ္က်တာမ်ိဳးမရွိဘူး၊ အခုက်ေတာ့ အရင္က ထက္ စာရင္ ညီမကို နည္းနည္းေလး လူပိုသိသြားတာေပါ့ေနာ္”လို႔ ၎က ရွင္းျပပါတယ္။
 
သူမဟာ အစ္ကိုျဖစ္သူ သ႐ုပ္ေဆာင္ ဟိန္းေဝယံနဲ႔အတူ အႏုပညာပြဲေတြကို တက္တာမ်ိဳး ေတြရွိ ၿပီး အႏုပညာ အလုပ္ေတြကို အရင္ကလုပ္ခဲ့ေပမယ့္ လတ္တေလာမွာ မလုပ္ျဖစ္တာ အနည္းငယ္ ၾကာျမင့္ေနေၾကာင္း၊ ယခုလို ေ႐ႊႀကိဳဝင္ၿပိဳင္ရင္း အႏုပညာ အလုပ္ကို တစ္စိုက္မတ္မတ္ လုပ္ သြား ဖို႔ စီစဥ္ထားတာေတြလည္းရွိေၾကာင္း၊ အႏုပညာအလုပ္ကို ဝါသနာပါသူျဖစ္တာေၾကာင့္ ႀကိဳးစားၿပီးလုပ္သြားဖို႔ရွိတယ္လို႔ သိရပါတယ္။ “အႏုပညာကို ငယ္ငယ္ကတည္းက ဝါသနာပါ တယ္၊ ငယ္ငယ္ကဆိုရင္ က တာမ်ိဳး၊ သီခ်င္းဆိုတာမ်ိဳး လုပ္ခဲ့တယ္၊ ႀကီးလာတဲ့ အခါမွာ အစ္ကိုက မင္းသားျဖစ္သြားေတာ့ အႏုပညာကို ပိုၿပီးေတာ့ လုပ္ဖို႔ အခြင့္အလမ္း လည္းသာ သြားပါတယ္၊ ဒီလမ္းေၾကာင္းေပၚမွာ အစ္ကိုရွိတယ္၊ အဲ့ဒီအတြက္ တစ္ေထာင့္တစ္ေနရာကေန ေရာက္ေအာင္လုပ္မယ္လို႔ ဆုံးျဖတ္ျဖစ္ခဲ့ပါတယ္၊ အေဖနဲ႔အေမက Production အပိုင္း လုပ္ေနတာဆိုေတာ့ ဒီအလုပ္က ဘယ္ေလာက္ အထိ ပင္ပန္းသလဲဆိုတာ သိၾကပါတယ္၊ အဲ့ဒါေၾကာင့္ သိပ္ေတာ့မလုပ္ေစခ်င္ဘူး၊ ညီမက အရမ္းဝါသနာ ပါတာေၾကာင့္လည္း စကား ေတာ္ေတာ္ေလး ေျပာယူၿပီးမွ အႏုပညာ လုပ္ခြင့္ရခဲ့ပါတယ္”လို႔ ေ႐ႊစင္ဝင္းကိုက ရွင္းျပပါတယ္။

သူမဟာ လတ္တေလာမွာ သ႐ုပ္ေဆာင္ပိုင္းကို ပီပီျပင္ျပင္ျဖစ္ေအာင္ ျပင္ဆင္ေလ့က်င့္ေနသလို သူမရဲ႕ အႏုပညာလႈပ္ရွားမႈေတြအတြက္ ပရိသတ္ေတြက ေစာင့္ၾကည့္ၿပီး အားေပးၾကဖို႔ လိုလား ေၾကာင္း၊ သူမရဲ႕ အစ္ကိုျဖစ္သူကိုလည္း အားေပးဝန္းရံကာ သူမကိုလည္း အားေပးဖို႔ ေျပာၾကား ခဲ့ ပါတယ္။ ဒါ့အျပင္ သူမဟာ ဘာသာတရား ကိုင္းရႈိင္းသူတစ္ဦးလည္း ျဖစ္သလို အပတ္စဥ္ အဂၤါေန႔တိုင္း ေ႐ႊတိဂုံေစတီေတာ္သို႔ သြားေရာက္ ဖူးေျမာ္ေလ့ရွိတယ္လို႔လည္း သိရပါတယ္။

“ဘုရားသြားျဖစ္တာက ညီမက အဂၤါသမီးဆိုေတာ့ အဂၤါေန႔တိုင္းလိုလို ဘုရားကို ေရာက္ျဖစ္ တယ္၊ ညပိုင္းေရာက္ျဖစ္တာမ်ားတယ္၊ တစ္ခါတေလေတာ့ မနက္ပိုင္းလာျဖစ္တယ္၊ အစ္ကိုယ့္ ကို လည္း အားေပးပါ၊ ညီမကိုလည္း အားေပးပါေနာ္၊ ေနာက္ထပ္ ဘယ္လိုမ်ိဳး အႏုပညာ လႈပ္ရွား မႈေတြ ခ်ျပမလဲဆိုတာ ပရိသတ္ေတြအေနနဲ႔ ေစာင့္ၾကည့္ေပးၾကပါဦးလို႔ ေျပာခ်င္ပါ တယ္”လို႔လည္း သူမက ေျပာၾကားသြားခဲ့ပါတယ္။

မင္းေခတ္လင္း