ရောဂါဟာ လက်တစ်ကမ်းမှာရှိနေတယ်လို့ သတိပေးလိုက်တဲ့သရုပ်ဆောင် လမင်းကဗျာ

ရောဂါဟာ လက်တစ်ကမ်းမှာရှိနေတယ်လို့ သတိပေးလိုက်တဲ့သရုပ်ဆောင် လမင်းကဗျာ

အခုဆိုရင် COVID 19 ရောဂါပိုးဟာ ပြည်တွင်းမှာ ကူးစက်ဖြစ်ပွားနေသလို လက်ရှိကာလ မှာလည်း ရောဂါဟာ လက်တစ်ကမ်းမှာ ဖြစ်နေတဲ့ အခြေအနေမျိုး ဖြစ်တဲ့အတွက် အချိန်မရွေး ကူးစက်ဖြစ်ပွားလာ နိုင်တာကြောင့် ပရိသတ်တွေအနေနဲ့ အလွန်သတိထားကြရမယ့် ကာလမျိုး ဖြစ်နေတယ်လို့ သရုပ်ဆောင် လမင်းကဗျာက ပြောပါတယ်။

“အခု မြင်နေရတာက ဈေးတွေမှာ စည်ကားနေတာ Mask တွေလည်းမတပ်ကြဘူး၊ တစ်ချို့ ဘတ်စ်ကား ဂိတ်တွေ မှာလည်းတွေ့တယ်၊ အဲ့ဒီလိုပဲ၊ မကြောက်ကြတာလားတော့ မသိဘူး၊ ကိုယ်ကိုယ်တိုင် မဖြစ်သေးတော့ မစိုးရိမ်တာလား မသိဘူး၊ လမင်းကတော့ သူတို့ကိုယ်စား စိုးရိမ်မိတယ်၊ အခုဆိုရင် လမင်းက အပြင်လည်း မထွက်တော့ဘူး၊ အလုပ်မှန်သမျှလည်း ဖျက်ပစ်လိုက်တယ်၊ ကိုယ်တိုင်လည်း အပြင်သွားတော့မယ်ဆိုရင် Mask တပ်တယ်၊ Hand Gel ကို ကားပေါ်မှာ အမြဲဆောင်ထားတယ်၊ ဒီလိုအချိန်မျိုးမှာ ဘယ်လောက်ခင်တဲ့ သူငယ်ချင်း ဖြစ်ပါစေ သွားပြီးမလည်ဘူး၊ ကိုယ့်ဆီလာလည်လည်း လက်မခံဘူး၊ ပရိသတ်တွေအကုန်လုံး ကျန်းမာရေးအတွက် Mask လေးတွေ တပ်ကြပါ၊ မတပ်ချင်လည်း တပ်ကြပါ၊ ရောဂါက ကိုယ့်ရဲ့ လက်တစ်ကမ်း မှာရှိနေတယ်၊ ရေများများသောက်ပါ၊ အသီးအနှံများများစားပါ၊ ကျန်းမာရေးဂရုစိုက်ကြပါ၊ ဒီရောဂါကြီး ပြီးတဲ့ အချိန်မှာ အားလုံးပြန်ဆုံချင်ပါတယ်။ သတိ ဝီရိယလေး နဲ့ အပြင်သွားရင် ဂရုစိုက်ပါလို့ ပြောချင်ပါတယ်”လို့ သရုပ်ဆောင် လမင်းကဗျာက ဆိုပါတယ်။

ကျန်းမာရေး ပညာပေးလုပ်ဆောင်တာကို ယခုထက် ပိုပြီး အရှိန်အဟုန်မြှင့်ကာ လုပ်ဆောင် သင့်ပြီး ရိုးအီနေပြီဖြစ်သော သမားရိုးကျပုံစံမျိုးမဟုတ်ဘဲနဲ့ ရပ်ကွက်တိုင်း ရပ်ကွက်တိုင်းမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ အသိပညာပေးတွေကို ထိထိရောက်ရောက်နဲ့ ခဏခဏ လုပ်ပေး စေချင်ကြောင်း၊ ပြည်သူတွေအနေနဲ့ ရောဂါကို ကြောက်လည်း ကြောက်စေကာ ဆင်ခြင်လည်း ဆင်ခြင်စေချင်အောင် လုပ်ဆောင်သင့်ကြောင်း၊ အခုအချိန်မှာ တစ်နေ့လုပ်မှ တစ်နေ့စားကြ ရတဲ့သူတွေ များပြီး ရန်ကုန်မြို့ကြီးကို Lock Down ချဖို့ လူတော်တော်များများ တောင်းဆိုတာ တွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ တွေ့နေရကြောင်း၊ အဲ့ဒီလိုလုပ်ဆောင်တဲ့အခါ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေအတွက် အခက်အခဲဖြစ်နိုင်ပြီး နိုင်ငံတော်က ကျွေးမယ်ဆိုပါကလည်း ဘယ်လိုအတိုင်းအတာ လောက်အထိ ကျွေးနိုင်မယ်ဆိုတာ အရေးကြီးကြောင်း၊ မိမိကိုယ်တိုင် ပင်လျှင် ဆိုင်ဝန်ထမ်းအလုပ်သမားတွေအတွက် စားသောက်ရေးကိစ္စကို လိုအပ်ချက်မဖြစ်အောင် စီမံရတာကြောင့် Lock Down ချပါက လူအများအပြားကို စားနပ်ရိက္ခာအတွက် စီမံနိုင်မှုမှာ လစ်ဟာချက်တွေ ဖြစ်လာပါက နစ်နာမယ့်သူမှာ ပြည်သူတွေဖြစ်တယ်လို့ ၎င်းက အကြံပြု ပြောကြား ပါတယ်။

“ဆိုင်တွေပိတ်လို့ အခက်အခဲကတော့ ရှိတာပေါ့၊ ကိုယ်တစ်ယောက်တည်းမှမဟုတ်ဘူး၊ ဆိုင်တိုင်း ဆိုင်တိုင်း အခက်အခဲရှိတယ်၊ လမင်းရဲ့ဆိုင်မှာ တစ်ချို့ ဝန်ထမ်းလေးတွေကတော့ ပြန်မယ့်သူ တွေ ရှိတယ်၊ မပြန်တဲ့သူတွေလည်းရှိတယ်၊ မပြန်တော့ဘူးဆိုတာ ပြန်လို့မရတော့တာပေါ့၊ ရွာက လက်မခံဘူး၊ ဆိုင်မှာ အဲ့ဒီ ကလေးတွေအကုန်လုံးကို ထမင်းကျွေးထားရမှာပါပဲ၊ ဆိုင်ပိတ်ထား ချိန်မှာ ထမင်းကျွေးထားနိုင်ဖို့ စီစဉ်ထားပါတယ်၊ အခုတော့ ၁၀ ယောက်ကျော်လောက်ပဲ ရှိတော့ တယ်၊ အစကတော့ ၁၅ ယောက်လောက်ရှိတယ်၊ အခု လေးလပိုင်းကျော်ရင် ပြီးသွားပြီလို့ ထင်တာပဲ၊ နောက်ဆုံးကတော့ လစာကတော့ ပေးထားရမှာပဲလေ၊ မပြန်တဲ့ကလေးတွေကို ထမင်းလည်းကျွေးထားရမှာပဲလေ၊ ကိုယ့်ဆိုင်ပိတ်သွားတော့ ဆိုင်လခကလည်း ပေးထားရတယ်၊ ကုန်ဈေးနှုန်းတွေ တက်တာမျိုးကို မဖြစ်စေချင်ဘူး၊  ကုန်ဈေးနှုန်းတက်တယ် ဆိုတာကလည်း ဒုက္ခရောက်တဲ့ အချိန်မှာ အဆမတန် တင်ပြီးတော့ရောင်းတာပါ၊ ဒါကလည်း အဲ့ဒီလိုလူတွေရဲ့ စိတ်ဓာတ်ပါပဲ၊ နိုင်ငံတစ်နိုင်ငံမှာ ကောင်းတဲ့သူတွေရှိသလို မကောင်းတဲ့သူတွေလည်းရှိနေတာ သဘာဝပါပဲ။

အစိုးရက ထိထိရောက်ရောက်နဲ့ ထိန်းပေးစေချင်တယ်၊ အရေးယူတာကို ပြတ်ပြတ်သားသား လုပ်ရင် ကုန်ဈေးနှုန်းကိုတော့ ထိန်းနိုင်မှာပါ”လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းခေတ်လင်း
ရန်ကုန်၊ ဧပြီ ၄

(  Zawgyi  )

 အခုဆိုရင္ COVID 19 ေရာဂါပိုးဟာ ျပည္တြင္းမွာ ကူးစက္ျဖစ္ပြားေနသလို လက္ရွိကာလ မွာလည္း ေရာဂါဟာ လက္တစ္ကမ္းမွာ ျဖစ္ေနတဲ့ အေျခအေနမ်ိဳး ျဖစ္တဲ့အတြက္ အခ်ိန္မေ႐ြး ကူးစက္ျဖစ္ပြားလာ ႏိုင္တာေၾကာင့္ ပရိသတ္ေတြအေနနဲ႔ အလြန္သတိထားၾကရမယ့္ ကာလမ်ိဳး ျဖစ္ေနတယ္လို႔ သ႐ုပ္ေဆာင္ လမင္းကဗ်ာက ေျပာပါတယ္။

“အခု ျမင္ေနရတာက ေဈးေတြမွာ စည္ကားေနတာ Mask ေတြလည္းမတပ္ၾကဘူး၊ တစ္ခ်ိဳ႕ ဘတ္စ္ကား ဂိတ္ေတြ မွာလည္းေတြ႕တယ္၊ အဲ့ဒီလိုပဲ၊ မေၾကာက္ၾကတာလားေတာ့ မသိဘူး၊ ကိုယ္ကိုယ္တိုင္ မျဖစ္ေသးေတာ့ မစိုးရိမ္တာလား မသိဘူး၊ လမင္းကေတာ့ သူတို႔ကိုယ္စား စိုးရိမ္မိတယ္၊ အခုဆိုရင္ လမင္းက အျပင္လည္း မထြက္ေတာ့ဘူး၊ အလုပ္မွန္သမွ်လည္း ဖ်က္ပစ္လိုက္တယ္၊ ကိုယ္တိုင္လည္း အျပင္သြားေတာ့မယ္ဆိုရင္ Mask တပ္တယ္၊ Hand Gel ကို ကားေပၚမွာ အၿမဲေဆာင္ထားတယ္၊ ဒီလိုအခ်ိန္မ်ိဳးမွာ ဘယ္ေလာက္ခင္တဲ့ သူငယ္ခ်င္း ျဖစ္ပါေစ သြားၿပီးမလည္ဘူး၊ ကိုယ့္ဆီလာလည္လည္း လက္မခံဘူး၊ ပရိသတ္ေတြအကုန္လုံး က်န္းမာေရးအတြက္ Mask ေလးေတြ တပ္ၾကပါ၊ မတပ္ခ်င္လည္း တပ္ၾကပါ၊ ေရာဂါက ကိုယ့္ရဲ႕ လက္တစ္ကမ္း မွာရွိေနတယ္၊ ေရမ်ားမ်ားေသာက္ပါ၊ အသီးအႏွံမ်ားမ်ားစားပါ၊ က်န္းမာေရးဂ႐ုစိုက္ၾကပါ၊ ဒီေရာဂါႀကီး ၿပီးတဲ့ အခ်ိန္မွာ အားလုံးျပန္ဆုံခ်င္ပါတယ္။ သတိ ဝီရိယေလး နဲ႔ အျပင္သြားရင္ ဂ႐ုစိုက္ပါလို႔ ေျပာခ်င္ပါတယ္”လို႔ သ႐ုပ္ေဆာင္ လမင္းကဗ်ာက ဆိုပါတယ္။

က်န္းမာေရး ပညာေပးလုပ္ေဆာင္တာကို ယခုထက္ ပိုၿပီး အရွိန္အဟုန္ျမႇင့္ကာ လုပ္ေဆာင္ သင့္ၿပီး ႐ိုးအီေနၿပီျဖစ္ေသာ သမား႐ိုးက်ပုံစံမ်ိဳးမဟုတ္ဘဲနဲ႔ ရပ္ကြက္တိုင္း ရပ္ကြက္တိုင္းမွာ က်န္းမာေရးနဲ႔ပတ္သက္တဲ့ အသိပညာေပးေတြကို ထိထိေရာက္ေရာက္နဲ႔ ခဏခဏ လုပ္ေပး ေစခ်င္ေၾကာင္း၊ ျပည္သူေတြအေနနဲ႔ ေရာဂါကို ေၾကာက္လည္း ေၾကာက္ေစကာ ဆင္ျခင္လည္း ဆင္ျခင္ေစခ်င္ေအာင္ လုပ္ေဆာင္သင့္ေၾကာင္း၊ အခုအခ်ိန္မွာ တစ္ေန႔လုပ္မွ တစ္ေန႔စားၾက ရတဲ့သူေတြ မ်ားၿပီး ရန္ကုန္ၿမိဳ႕ႀကီးကို Lock Down ခ်ဖို႔ လူေတာ္ေတာ္မ်ားမ်ား ေတာင္းဆိုတာ ေတြကိုလည္း လူမႈကြန္ရက္ေပၚမွာ ေတြ႕ေနရေၾကာင္း၊ အဲ့ဒီလိုလုပ္ေဆာင္တဲ့အခါ တစ္ေန႔လုပ္မွ တစ္ေန႔စားရတဲ့ သူေတြအတြက္ အခက္အခဲျဖစ္ႏိုင္ၿပီး ႏိုင္ငံေတာ္က ေကြၽးမယ္ဆိုပါကလည္း ဘယ္လိုအတိုင္းအတာ ေလာက္အထိ ေကြၽးႏိုင္မယ္ဆိုတာ အေရးႀကီးေၾကာင္း၊ မိမိကိုယ္တိုင္ ပင္လွ်င္ ဆိုင္ဝန္ထမ္းအလုပ္သမားေတြအတြက္ စားေသာက္ေရးကိစၥကို လိုအပ္ခ်က္မျဖစ္ေအာင္ စီမံရတာေၾကာင့္ Lock Down ခ်ပါက လူအမ်ားအျပားကို စားနပ္ရိကၡာအတြက္ စီမံႏိုင္မႈမွာ လစ္ဟာခ်က္ေတြ ျဖစ္လာပါက နစ္နာမယ့္သူမွာ ျပည္သူေတြျဖစ္တယ္လို႔ ၎က အႀကံျပဳ ေျပာၾကား ပါတယ္။

“ဆိုင္ေတြပိတ္လို႔ အခက္အခဲကေတာ့ ရွိတာေပါ့၊ ကိုယ္တစ္ေယာက္တည္းမွမဟုတ္ဘူး၊ ဆိုင္တိုင္း ဆိုင္တိုင္း အခက္အခဲရွိတယ္၊ လမင္းရဲ႕ဆိုင္မွာ တစ္ခ်ိဳ႕ ဝန္ထမ္းေလးေတြကေတာ့ ျပန္မယ့္သူ ေတြ ရွိတယ္၊ မျပန္တဲ့သူေတြလည္းရွိတယ္၊ မျပန္ေတာ့ဘူးဆိုတာ ျပန္လို႔မရေတာ့တာေပါ့၊ ႐ြာက လက္မခံဘူး၊ ဆိုင္မွာ အဲ့ဒီ ကေလးေတြအကုန္လုံးကို ထမင္းေကြၽးထားရမွာပါပဲ၊ ဆိုင္ပိတ္ထား ခ်ိန္မွာ ထမင္းေကြၽးထားႏိုင္ဖို႔ စီစဥ္ထားပါတယ္၊ အခုေတာ့ ၁၀ ေယာက္ေက်ာ္ေလာက္ပဲ ရွိေတာ့ တယ္၊ အစကေတာ့ ၁၅ ေယာက္ေလာက္ရွိတယ္၊ အခု ေလးလပိုင္းေက်ာ္ရင္ ၿပီးသြားၿပီလို႔ ထင္တာပဲ၊ ေနာက္ဆုံးကေတာ့ လစာကေတာ့ ေပးထားရမွာပဲေလ၊ မျပန္တဲ့ကေလးေတြကို ထမင္းလည္းေကြၽးထားရမွာပဲေလ၊ ကိုယ့္ဆိုင္ပိတ္သြားေတာ့ ဆိုင္လခကလည္း ေပးထားရတယ္၊ ကုန္ေဈးႏႈန္းေတြ တက္တာမ်ိဳးကို မျဖစ္ေစခ်င္ဘူး၊  ကုန္ေဈးႏႈန္းတက္တယ္ ဆိုတာကလည္း ဒုကၡေရာက္တဲ့ အခ်ိန္မွာ အဆမတန္ တင္ၿပီးေတာ့ေရာင္းတာပါ၊ ဒါကလည္း အဲ့ဒီလိုလူေတြရဲ႕ စိတ္ဓာတ္ပါပဲ၊ ႏိုင္ငံတစ္ႏိုင္ငံမွာ ေကာင္းတဲ့သူေတြရွိသလို မေကာင္းတဲ့သူေတြလည္းရွိေနတာ သဘာဝပါပဲ။

အစိုးရက ထိထိေရာက္ေရာက္နဲ႔ ထိန္းေပးေစခ်င္တယ္၊ အေရးယူတာကို ျပတ္ျပတ္သားသား လုပ္ရင္ ကုန္ေဈးႏႈန္းကိုေတာ့ ထိန္းႏိုင္မွာပါ”လို႔ ၎က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းေခတ္လင္း
ရန္ကုန္၊ ဧၿပီ ၄